https://sites.google.com/site/poetmyatwai/tlkb
ခေတ်ကျန်ကဗျာများ
ခေတ်ကျန်ကဗျာများ
မြတ်ဝေ
မြတ်ဝေ
ကဗျာတိုအချို့
ကဗျာရှည်
ဘာမှမလိုချင်တဲ့ အဓိပ္ပာယ်နဲ့
မဂ္ဂဇင်းကဗျာများ
မိနှင်းငယ်သို့
ဟိုယခင်က ကဗျာလေးတွေ
ရေးကြည့်မိတယ်
မြန်မာ-English
၂၀၀၆
၂၀၀၇-၂၀၀၈
၂၀၀၉
၂၀၁၀
၂၀၁၂
၂၀၁၃
၂၀၁၄
လင်းဆက်နောင်
ကဗျာရှည်
ကဗျာသစ်
ကမ္ဘာ့အကောင်းဆုံးဟာသ
ငါ့မြို့လေးကိုငါချစ်တယ်
မဂ္ဂဇင်းကဗျာများ
အကောင်းဆုံးဆန္ဒမွန်များနှင့်
မြန်မာ-English
၂၀၁၃
၂၀၁၃
သူတို့ကဗျာတွေ
A.D.C.
Aမွန်
KAT
Kမြနွယ်
WMT
ကာတွန်းဘီညီု (အေးထွေး)
ကိုခါး(ကွမ်းခြံကုန်း)
ကိုထက်(ရေဦး)
ကိုထူး
ကိုသျှား
ကိုဆွေ
ကိုဇော်(ကလေးမြို့)
ကိုငြိမ်း(မန္တလေး)
ကိုကြီးသိန်း(ချောက်)
ကိုရွေး
ကွန်စစ်ကောင်း
ခက်မာ
ခင်ဘုန်းဝေဇော်
ခင်ဇော်မြင့်
ခင်အောင်အေး
ခင်မြဇင်
ခင်ဝင်းသစ်
ခင်ဝမ်း
ခင်ဝမ်း
ခန့်မင်းထက်
ခရမ်းပြာထက်လူ
ခိုင်မြဲကျော်စွာ
ချစ်တိုးနွယ်
ချစ်လေးမြတ်(၀မ်းတွင်း)
ချမ်းငြိမ်းအေး
ငယ်ငယ်၊ကျောက်ဆည်၊
စစ်ငြိမ်
စည်သူငြိမ်း
စမ်းစမ်းတင်
စမ်းသီတာ
စိုင်းဝင်းမြင့်
စိုးခိုင်ညိန်း
စိုးထွဋ်
စိုးနံ့သာ
စိုးမင်းအောင်
စိုးရိမ်
စုမီအောင်
စံညိမ်းဦး
ဆူးခက်မင်း
ဆူးရင့်အိမ်
ဆူးရင့်၊တန့်ဆည်၊
ဇာဦးကို
ဇွဲရင့်နဒီ
ညိမ်းညို
ညိုပြာဝိုင်
ညီဗလ
ညီမင်းဝေ
ညီမွန်
ညီလင်းနိုင်
ညီဦးထက်
ညီဇော်ချစ်
တင်ညွန့်မြိုင်(သာစည်)
တင်မင်းထက်
တည်ရ
တာရာမင်းဝေ
တိုးနှောင်မိုး
တီဇက်အေ
တိုးဝေ
ထက်သင့်ငြိမ်
ထင်ကျော်
ထူးအိမ်သင်
ထွဏ်းသွေးအိမ်
ထွန်းလွင်သွယ်(ဆူးဖြူရိပ်)
ထွန်းဝေမြင့်
နက္ခတ်နီ
နတ်မှူး
နရရီ
ပန်ဒိုရာ
ပိုင်၏ကဗျာ-၁၀
ပိုင်စိုးဝေ
ဖုန်းမြင့်
ဘုန်းသက်ပိုင်
ဘုန်းနေသွန်း
မင်းကိုနိုင်
မင်းစိုးရာ
မင်းဆက်
မင်းထက်မောင်
မင်းနဒီခ
မင်းမန်၊ချောက်၊
မင်းသက်ဇဉ်
မင်းသျှားကို(ချောက်)
မင်းနိုင်သား
မရီဝေ
မအိ
မာန်ထက်သာ
မိုဃ်းဇက်သော်
မိုးဇက်တီကေ
မိုးဝေး
မိကောက်
မိနှောင်း
မိငြိဏ်းခက်
မှိုင်းမျိုးဆက်(ချောက်)
မိုဃ်းဇော်
မိုးလှိုင်ည
မနော်ဟရီ
မနွေ
မျိုးတေဇာမောင်
မန္တလာ ကိုဥက္ကာ
ယဉ်ယဉ်နှောင်း
ရာမျိုး
ရှိန်းသူအောင်
ရိုးသက်
ရှင်ဖုန်းမောင်
ရှင်ဒေ၀ီ
လက်ျာလင်းနိုင်
လင်းခါး
လင်းတည်ဦး
လင်းလက်တာရာ
လင်းလက်တာရာ
လင်းလက်တာရာ
လင်းလွင်
လင်းသဏ်ညီ
လမင်းအို
လှိုင်ဘွား
လှိုင်ရဲအောင်(ပြည်)
လူတူးမန်း
လူပအောင်
လူဘုန်း
လူဇော်သစ်
လုံမငြိမ်းချမ်း
လွန်းဆက်နိုးမြတ်
လှသန်း
သက်ငြိမ်သစ်
သက်ငြိမ်နှင်း
သစ္စာခ
သစ္စာနီ
သန်းဆွေမိုး(ကလော)
သန့်စင်အေး
သာရလင်း
သားလူ
သားဦး
သုခမိန်လှိုင်
သူရ (ကလေး)
သူရနီ
သွယ်ဘ
သျှီသူအောင်
ဟိန်း
ဟိန်းမြတ်ဇော်
အိပ်မက်မြူ
အိမ့်ဒီဝဏ်
အိန္ဒြာ
အံ့ညိမ်းမောင်
ဥက္ကာကိုကို(သံတွဲ)
ဥတ္တရာအောင်
ဧက
ဧဇံ
ဧဧသန်း
ကေမျိုးငြိမ်း
ကောက်နွယ်ကနောင်
ကျော်ထူး
ကျေးတော်မျိုး
ချောဘသစ်
စေတ
စောဝေ
ဆောင်းခူးလက်
ဆောင်းဝေ၊နက်မောက်၊
ဆောင်းဝင်းလှိုင်
ဆေးခါး
ဆွေနိုင်စစ်
ဇေယျာလင်း
ဇေယျာလင်းဝေ
ဇော်(ပျဉ်းမနား)
ဇော်ထိန်
ဇော်လူစိမ်း
ဇော်သူလွင်
ဌေးကြည်(စလင်း)
တောင်တွင်း မောင်မုန်းမာန်
နေစိမ့်
နေညိုအောင်
နေထွန်းနိုင်
နေပန်းဦး
နေမျိုး
နေယု
နေသစ်(ပုတီးကုန်း)
နောင်မင်းအေး
နောင်မင်းနိုင်
နေဇော်နိုင်
နေသွေးငယ်
နေနိုင်(ချောက်)
နေ့သစ်
ဖေတင်ညွန့်
ဖော်ဝေး
မေမွန်နော်
မောင်ကိုမောင်(ကလေး)
မောင်ကံချို(ကလေး)
မောင်ခင်မှိုင်း (ချောက်)
မောင်ခင်သာ(တောင်တွင်း)
မောင်စိမ်းနီ
မောင်စိမ်းသစ်
မောင်စိုးသစ်(မန္တလေး)
မောင်ဖီလာ
မောင်မင်းစိုး
မောင်မှိုင်းထက်(ချောက်)
မောင်မှိုင်းရင့်(လှိုင်)
မောင်ယုပိုင်
မောင်ရင်ဆု
မောင်လင်းရိပ်
မောင်သင်းခိုင်
မောင်သင်းပန်
မောင်သစ်တည်
မောင်သန်းစိုး (ချောက်)
မောင်သာနိုး
မောင်သိန်းဇော်
မောင်သဲခေါင်
မောင်ဟန်
မောင်ကောက်
မောင်ချောနွယ်
မောင်ဆေးရိုး(မုံရွာ)
မောင်ရေချမ်း
မောင်အောင်ပွင့်
မောင်ပြည့်မင်း
မောင်မြတ်သူ
မောင်ကြည်သာ(တောင်တွင်း)
မောင်နိုင်လင်း(ကောလင်း)
မေအောင်လင်း
မေအောင်လင်း
မေငြိမ်း
ရွှေဆက်
ဝေးခေါင်
သော်ဇင်အုန်း
သော်တာစံ(ကလေး)
သွေး(စစ်ကိုင်း)
သွေးဈာန်
သွေးဈာန်
အောင်ကိုး(ချောက်)
အောင်ခိုင်မြတ်
အောင်ချိမ့်
အောင်ဇင်မင်း
အောင်ပိုင်စိုး
အောင်ဘညို
အောင်မူး(ကလေး)
အောင်မှူးဝေ
အောင်ရင်ငြိမ်း
အောင်သာငယ်
အောင်ဝေး
အောင်နှင်းသစ်
အေးချမ်း (f e p b )
အေးမင်းစော
မြေချစ်သူ
မြေလတ်မောင်မြင့်သူ
နွေဦးပုံပြင်
ရွှေအိမ်ကို(တောင်တွင်း)
ဖြူမွန်
မြစ်တိုးအောင်
မြဆင့်ချယ်
မြတ်
ဝင်းမြင့်
ဝိုင်ချို
ဝီရထက်နောင်
ကြည်တင့်
ကြည်ဇော်အေး
ကြည်မောင်သန်း
ကြည်မွေ့အိမ်
ကြည်အောင်
ကြည်နိုင်
ငြိမ်း(ဒဿန)
ငြိမ်းစိုးဦး
ငြိမ်းထက်
ငြိမ်းနိုင်ဝေ(ချောက်)
မြင့်မိုးအောင်
နိုင်စွမ်း
နိုင်မွန်အောင်သွင်
နိုင်ဝင့်နိုင်(ချောက်)
နိုင်ငြိမ်းချမ်း
နွယ်စိမ်းဝေ
နှင်းယုဝေ
ရိုးဒီ
ရိုးသစ်
သူတို့ကဗျာတွေ(က၀ိ)
ကျည်းကန်ရှင်ကြီး
ငါးစီးရှင်ကျော်စွာ
စာတော်ဘတ် ဦးကြော့
စိန္တကျော်သူ
ဆရာတော်ဦးဗုဓ်
နတ်သျှင်နောင်
န၀ဒေး
ပဒေသရာဇာ
မင်းဇေယျရန္တမိတ်
မိညို
ရဝေရှင်ထွေး
ရှင်မဟာသီလ၀ံသ
ရှင်သူရဲ
ရှင်ငြိမ်းမယ်
လက်ဝဲသုန္ဒရ
သခင်ကိုယ်တော်မှိုင်း
သာယာဝတီ ဦးဝိုင်း
သျှင်မဟာရဌသာရ
သျှင်သံခို
သျှင်တေဇောသာရ
အချုပ်တန်းဆရာဖေ
အနန္တသူရိယ
အမည်မသိ ရှေးစာဆို
အနောက်နန်းမမြလေး
ဥကာပျံ
ဦးကြင်ဥ
ဦးကြီး
မောင်းထောင်း ဦးကျော်လှ
လေးမြို့ဝန် မောင်ရွှေဝင်း
မြ၀တီ ဦးစ
ဝံတောင်လယ်ဘုန်းတော်ကြီး
သူတို့ကဗျာတွေ(ဘာသာပြန်)
Frederick Seidel
Jang Jin-Sung
Shel Silverstein
Yan Jun
သူတို့ကဗျာတွေ(ခေတ်စမ်းကဗျာ)
ကိုလေး ( အင်းဝဂုဏ်ရည် )
တင်မိုး
ဒဂုန်တာရာ
မင်းသုဝဏ်
သခွပ်နီ
ဇော်ဂျီ
ဒေါင်းနွယ်ဆွေ
မြရွက်လှေ ကဗျာများ
ကြည်အေး
ခေတ်ကျန်ကဗျာများ
စိုးနောင်(မုံရွာ)
လင်းဆက်နောင်
သုမင်းညို
ဇော်ထွဏ်း
မြင့်ဦးအောင်
ပြန်ဖတ်မိသော မဂ္ဂဇင်းကဗျာများ
လောလောလတ်လတ်မဂ္ဂဇင်းကဗျာများ
မြတ်ဝေဧ။်စာကြည့်တိုက်
ကဗျာစာအုပ်မိတ်ဆက်
ကဗျာစာအုပ်များ
ကဗျာသတင်း
ကဗျာရေးရာ
ခေတ်ကျန်ကဗျာစာအုပ်တွေ
မြတ်ဝေဧ။်ဓာတ်ပုံများ
မြတ်ဝေကြိုက်တဲ့ကဗျာတွေ
ကဗျာ
ကဗျာရှည်များ-၂၀၀၉
Sitemap
ကဗျာ၊ ကဗျာဆရာ နှင့် ခေတ်
ခေတ်ကြီးရယ်ယဉ်ကျေးမှုရယ်
ရှိတယ်ဗျာ။ လူတစ်ယောက်
အိမ်တစ်အိမ် ရပ်ကွက်တစ်ခု
မြို့တစ်မြို့လူမျိုးတစ်စု နိုင်ငံ
တစ်နိုင်ငံ ကမ္ဘာကြီးတစ်ခုရဲ့
ဖြစ်တည်မှုကို ဖော်ထုတ်ဖို့
လိုတဲ့အခါ ကဗျာဆရာပေါ်လာတယ်။
ခေတ်ပြိုင်ခံစားမှုလို့
ကဗျာဆရာတွေခေါ်တဲ့ခေတ်ရဲ့
အထိအတွေ့ကြောင့်ဖြစ်ပေါ်လာတဲ့
အသိကို ဖော်ထုတ်ဖို့
ကဗျာဆရာတွေပဲတတ်နိုင်တယ်။
အနုပညာရှိတယ် ပါရမီရှိတယ်ပေါ့ဗျာ။
ဘာသာစကားနဲ့ကဗျာဆရာရဲ့
အနက်ရှိုင်းဆုံးအနုပညာထိတွေ့တဲ့အခါ
ကဗျာဖြစ်ပေါ်လာပါတယ်။
ကဗျာဆရာရေးတိုင်း ကဗျာအရာ
မမြောက်ပါဘူး။ကဗျာဆရာဟာ
သူရေးတဲ့အရာတိုင်းကို ကဗျာဖြစ်အောင်
မရေးဖွဲ့နိုင်ပါဘူး။ကဗျာဆိုတာကြီးက
ကဗျာဆရာကို အမြဲဖိနေပါတယ် ။
အဝေးမှာ ညင်ညင်သာသာလေးရွေ့ရင်း
ဖိနေပါတယ်။ ဖိတာကိုမခံနိုင်ပဲ
ရေးဖြစ်ရုံသက်သက် ကဗျာဟ
ဆိုပြီးဖမ်းလိုက်တဲ့အခါ ကဗျာဓာတ်လေး
အနုပညာဓာတ်လေး လွင့်စင်သွားပါတယ်။
ဝင်လာမှ ဖမ်းယူလိုက်နိုင်တဲ့ကဗျာသာလျှင်
အသက်ဓာတ်လေးပါ ပါတယ်။
ဘယ်တော့မှမသေတဲ့ ကဗျာဖြစ်ပေါ်လာပါတယ်။
မသေတဲ့ကဗျာဟာဘာကို ကိုယ်စားပြုသလဲ
ဆိုရင်တော့ “အမှန်တရား” ကို
ကိုယ်စားပြုပါတယ်။
”ရိုးသားမှု“ကို ကိုယ်စားပြုပါတယ်။
ကဗျာဆရာရဲ့ “ယုံကြည်မှု”ကိုကိုယ်စားပြုပါတယ်။
ကဗျာဆရာနဲ့ ကဗျာ ၊ ကဗျာနဲ့ ခေတ် ၊ ကဗျာနဲ့ ကဗျာဖတ်သူ ၊
လမ်းချင်းမတူပေမယ့် ယဉ်ကျေးမှုချင်းတူပါတယ်......။ ။
လေးစားချစ်ခင်လျှက်
မြတ်ဝေ
ကျွန်တော်အမြဲရောက်ပါတယ်
ခေတ်ကျန်ကဗျာပြခန်း
ခေတ်ကျန်ကဗျာရှည်အချို့
ကဗျာစာမျက်နှာ
မြန်မာကဗျာများ
Poets Of Poems
Burmese Poetry Foundation
ကဗျာဆရာအောင်ရင်ငြိမ်း
ကဗျာဆရာဇော်ထိန်
ကဗျာဆရာမအိန္ဒြာ
ကဗျာဆရာအောင်ပိုင်စိုး
ကဗျာဆရာဘုန်းနေသွန်း
ကဗျာဆရာမင်းစိုးရာ
ကဗျာဆရာသက်ငြိမ်သစ်
မောင်မင်းစိုး(ရွှေနံ့သာ)
ပင့်ကူအန်တိမ်တိုက်၊ ဆူးရင့်၊တန့်ဆည်၊
ကဗျာဆရာသုမင်းညို
ကဗျာဆရာအံ့ညိမ်းမောင်
ကဗျာဆရာညိမ်းညို
ကဗျာဆရာတည်ရ
လမ်းအိုလေး
ကိုတောကျောင်းဆရာ
အမေကဗျာများ
အဝေးရောက်ပင်လယ်
ကဗျာလှည်းလေး
ကဗျာစက်ရုံကလေး
ကဗျာသီတဲ့ကြိုး
ရသ၊ သုတစာမျက်နှာ
အရှင်ကုသလ
မပန်ဒိုရာ
မမြသွေးနီ
မနော်ဟရီ
အစိမ်းရောင်လွင်ပြင်
ပေဖူးလွှာ
ရွှေအမြုတေ
အိုင်ဒီယာ
www.time.com
သူတို့ဘာတွေလုပ်
Famous Poets and Poems
Poem Hunter
Poetry
အခက်တွေ့နေရင်
https://www.vtunnel.com/
https://www.polysolve.com/
https://www.btunnel.com/
1866days since
ခေတ်ကျန်ကဗျာများ စဖွင့်တာ
ကဗျာသတင်း
ကဗျာစာအုပ်များ
ကဗျာရေးရာ
Recent site activity
Recent site activity
ညီလင်းနိုင်
edited by myat wai
နေသွေးငယ်
edited by myat wai
သန်းဆွေမိုး(ကလော)
edited by myat wai
ဆောင်းဝင်းလှိုင်
edited by myat wai
လင်းလက်တာရာ
edited by myat wai
View All
မြန်မာကဗျာရဲ့ အသက်ဓာတ်
လွပ်လပ်ရေးဗိသုကာ အောင်ဆန်း
စာရေးဆရာ အောင်ဆန်း
သခင်ကိုယ်တော်မှိုင်း
ထီးသုဉ်း နန်းသုဉ်း
မြို့ သုဉ်းသုည
သုဉ်းသုံးဝဖြင့်
သုဉ်းရပြန်လစ်
သုဉ်းသည့်ခေတ်တွင်
ဖြစ်လာရလေ
တို့တစ်တွေမှာ
သေသော်မှတည့် သြော်ကောင်း၏။
ဆီးဘန်နီ ဆရာတော်
ဆရာဇော်ဂျီ (၁၉၀၇-၁၉၉၀)
ခေတ်စမ်းကဗျာဆရာဇော်ဂျီ (၁၉၀၇-၁၉၉၀)
ဗေဒါလမ်း
ညိုပြာပြာ လတာပြင်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။
ဆင်းရလဲ မသက်သာ။
အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ
နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ
တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ
ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ
ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။
ဆရာဇော်ဂျီ
ခေတ်စမ်း ကဗျာဆရာမင်းသုဝဏ်
နှင်းဆီပွင့်
လယ်တောက ပြန်
ပန်ချင်တယ် ခရေဖူးဆိုလို့
မောင်ခူးကာပေး။
မနက်တုန်းဆီက
ကြော့ဆုံးကို မောင်မြင်တော့
သူ့ဆံပင် နှင်းဆီပွင့်တွေနှင့်
ဂုဏ်တင့်တယ်လေး။ ။
မင်းသုဝဏ်
၃၁.၁၂.၁၉၃၂
ဒဂုန်တာရာ
မောင်ချောနွယ်
(၁၉၄၉-၂၀၀၂)
သူငယ်ချင်းရေ
ကိုဖော်ဝေးရေ
ကျွန်တော်တော့ တစ်လက်မမှ
ဆုတ်မပေးနိုင်တော့ပါဘူးဗျာ။
မောင်ချောနွယ်
အနုပညာကိုတည်ဆောက်တဲ့နေရာမှာ
ရိုးသားမှုအခြေခံမပါရင်
အနုပညာဟာ
ဘယ်လိုမှ ခိုင်မြဲတဲ့အနုပညာ
ဖြစ်လာမှာမဟုတ်ဘူး။
မောင်ချောနွယ်
“ခေတ်ကိုဖြတ်သန်းတဲ့အခါကျ
အတုစကားလည်း
ပြောရမှာပေမပေါ့ဗျာ”
မောင်ချောနွယ်
ချစ်ဖူးသူတွေ
အချစ်ခံရဖူးသူတွေ
ဒီမြေကြီးပေါ်က... ယူကျုံးမရ
ဖုတ်ဖက်ခါ ထသွားကြ
အားမကျလေခြင်းကွယ်။
ဖော်ဝေး
(နံနက်ခင်းချောက်ကမ်းပါး ကဗျာမှ)
အိပ်မက်လမ်းခွဲမှာ
ငါ့ကဗျာများကြဲဖြန့်
ပံ့သကူအကြွေစ
ကလေးများပျော်ကြပါစေ။
ယမ်းနံ့
မျက်ရည်
သွေး
ဇွန်လမွေးကလေးတယောက်
ငါ့ကျောပေါ်ကလျှောက်သွားပါ။
ဘယ်သူလဲ
ဘယ်သူတွေလဲဟင်
အသက်ရှင်နေသေးသူများ
သွားစို့။ ။
ဖော်ဝေး
(မီးလောင်ပြင် ကဗျာမှ)
ဗမာမလေး
ငါသည် မည်မျှပင် ဆင်းရဲ မွဲတေစေကာမူ
ပန်းချီ၏ ကျေးကျွန်မဟုတ်၊
ပန်းချီ၏ အရှင်သခင်ဖြစ်တယ်
ဗဂျီအောင်စိုး
ကဗျာဆရာပိုင်စိုးဝေ
ကဗျာအကြောင်းအရာကို ကျွန်တော်တို့ပြောဆိုခဲ့ကြတာ
များလှပြီ။ မပြည့်စုံသေးဘူး။ ဘယ်တော့မှလည်း
ပြည့်စုံမယ်မဟုတ်ပေဘူး။
စာပေဆိုတာရှိနေသရွေ့ ကဗျာဟာရှိနေမှာပဲ။
ကဗျာဆိုတာရှိနေသရွေ့ ကဗျာအကြောင်းအရာဟာရှိနေမှာပဲ။
ကဗျာနဲ့ပတ်သက်ပြီး ၀ိဝါဒကွဲပြားမှုတွေ၊ ငြင်းခုံပြောဆိုမှုတွေ၊
သဘောတရားအသစ် အသစ်တွေ ရှိနေရခြင်းကတော့
ကဗျာကိုယ်တိုင်က ရှင်သန်နေတဲ့ အကြောင်းအရာတစ်ခု
ဖြစ်နေလို့ပဲ။ ရှင်သန်ခြင်းမရှိတော့တဲ့ အကြောင်းအရာတစ်ခုအဖို့မှာ ပြောစရာစကားလည်းမရှိတော့ဘူးပေါ့။
ပိုင်စိုးဝေ
တစ်နေ့မှ မေ့မရသူလေးသို့
လူတစ်ယောက်မှာ
သူ့အကြောင်း ဒဏ္ဍာရီတစ်ခု
ရှိသင့်တယ်မဟုတ်လား။
အရာရာဟာ
မြေကြီးပေါ်တုတ်ချောင်းနဲ့ရေးခြစ်ထားသလို
ဖြစ်လွယ် ပျက်လွယ်တွေချည်းပါပဲကွယ်။
မင်းတစ်ဘဝလုံး ကြေကွဲကျန်ရစ်ရအောင်ဆိုပြီး
ငါ့ကိုယ်ငါလည်း အဆုံးမစီရင်ရဲ
ဒါဆို
သေနတ်ပြောင်းထဲ ချောင်းကြည့်ရင်း
ခလုပ်နှိပ်မိတဲ့လူတစ်ယောက်လို့
လူတွေ ပြက်ရယ်ပြု ကျန်ရစ်ကြမှာပေါ့
ငါ့ရဲ့ အကောင်းဆုံးကို ငါလုပ်မပြီးသေးသမျှ
ဘယ်အရာပေါ်မှာမှ
ငါ့ကိုယ်ငါ မပုံခဲ့နိုင်ဘူး။
ငှက်တစ်ကောင်ဟာ
ကောင်းကင်တစ်ခုတည်းမှာ နှစ်ခါပျံသန်းနိုင်ဖို့
နေမင်းကြီးကို တစ်ကြိမ်ပတ်ရတယ်။
တစ်နေ့မှ မေ့မရသူလေးရေ
သည်တစ်ညနေခင်းလေးပဲဖြစ်ဖြစ်
အကောင်းအတိုင်း ထင်ကျန်ရစ်ဖို့
တောင့်ခံထားရသူပါ။
ငါက ဂျူးလိယက်ဆီဆာလိုပဲ
ကိုယ့်ရန်သူတွေရဲ့ စာရင်းကို မှတ်မထားတတ်ဘူး။
ကိုယ်နာမည်ဘယ်သူတုန်းရယ်လို့
ကိုယ့်ဟာကိုယ် ပြန်မေးရတဲ့ အခါမျိုးတွေမှာတော့
သေနတ်ပြောင်းထဲ ချောင်းကြည့်မိပြန်ရဲ့။
မင်းဖို့ ဒဏ္ဍာရီတစ်ခုပေါ့ကွယ်။ ။
ပိုင်စိုးဝေ
ကလျာမဂ္ဂဇင်း
ဒီဇင်ဘာ၊ ၁၉၉၇
3133days since
မြတ်ဝေ(ဂန့်ဂေါ) ကလောင်နဲ့ ရယ်စရာရသစုံမဂ္ဂဇင်းမှာ ကဗျာစပါတာ
ပိတောက်ပွင့်သစ် ကဗျာခေတ်
`ပြည်သူချစ်လျှင် ကဗျည်းတင်မည်´
“စာဖတ်တတ်သူအားလုံး ဖတ်ဖို့၊
စာမဖတ်တတ်သူ အားလုံး ကြားဖို့၊
မြင်သလို သိသလို အရင်းအတိုင်း ရေးသည်”
ကဗျာဆရာ မောင်စိမ်းနီ
ဒီမှာ
ကမ်းနားသစ်ပင်ဆိုတာ
အမြစ်မကျွတ်ခင် အရာဝင်တာပါ
သစ္စာမဲ့သူအတွက် သစ္စာဖောက်သူတွေဟာ
သူ့ဝမ်း သူကျောင်းပြီး
သူ့လမ်း သူသွားတယ်ဆိုပေမယ့်
တစ်မိုးအောက်ထဲမှာဆိုတော့
မတွေ့ချင်ပေမယ့် မြင်နေရတတ်တယ်
မြင်တဲ့အခါ ကျောခိုင်းလိုက်ပါ
နောက်ပြီး "ငယ်စားရင်း" ဖျက်လိုက်ပါ
ဒါဟာ...တရားမျှတတဲ့ အလုပ်တစ်ခုပဲဖြစ်တယ်
ကဗျာဆရာ မောင်စိမ်းနီ
(သူငယ်ချင်းသို့ ချစ်ခြင်းများစွာ ကဗျာမှ)
2913days since
လရောင်ကိုပျိုးသော ချစ်သူ၏နှုတ်ခမ်းရာများ pamphlet ကဗျာစာအုပ်လေး စထုတ်တာ
2664days since
`သူ့ဆံနွယ်လေးအဝေးမှာ´ pamphlet ကဗျာစာအုပ်လုပ်ဖြစ်တာ
2149days since
`တဖြည်းဖြည်းနဲ့ဝေးသွား´ pamphlet ကဗျာစာအုပ် ထုတ်ဖြစ်တာ
1850days since
`နောက်ထပ်ရောက်ရှိမလာသေးမီ´ pamphlet ကဗျာစာအုပ်ထုတ်တာ
“ကဗျာဟာကျွန်တော့်အတွက် သေချာသောလမ်းကြောင်း
သေချာသောပစ်ကွင်း
သေချာသောဇီဝဖြစ်ပါတယ်။”
“ပို့ပါ ခင်ဗျားကဗျာတွေအများကြီးဖြစ်လာတော့
ကျွန်တော်စုဖတ်ပေးမှာပေါ့” ဆိုတဲ့
အယ်ဒီတာအကျော်အမော်တစ်ယောက်ရဲ့
မချိုမချဉ်စကားတစ်ခွန်းကို
ဒီနေ့အထိ ကျွန်တော်ကြားယောင်နေတုန်းပဲ။
ခရမ်းပြာထက်လူ
ပင်လယ်များကိုဖြတ်သန်းခြင်း
ဇန်န၀ါရီ၊ ၂၀၀၈
ပိတောက်ပွင့်သစ် စာပေအနုပညာမဂ္ဂဇင်း
“ဒီကမ္ဘာလောကမှာ မီဒီယမ်နဲ့ ကင်းလွတ်နေတဲ့
အနုပညာရယ်လို့ သီးခြားမရှိပါဘူး။ သက်မဲ့မီဒီယမ်တွေကို
စွန့်လွှတ်ဖို့ ကြိုစားတဲ့ ပါဖောင်းမန့်စ် အနုပည်ာရပ်မျိုးတောင်မှ
တင်ဆက်ပြသသူ အနုပညာရှင်က သက်ရှိမီဒီယမ်အဖြစ်
ပါဝင်ဆောင်ရွက်ကြရတာပါ။”
အောင်ရင်ငြိမ်း
အနုပညာနှင့် မီဒီယမ် ကဗျာနှင့် ဘာသာစကားမှ
ပိတောက်ပွင့်သစ် စာပေအနုပညာမဂ္ဂဇင်း၊ ဇန်န၀ါရီ၊ ၂၀၀၈
ခေတ်ပြိုင် မြန်မာလူငယ်ကဗျာဆရာများနှင့် ကဗျာဒိုင်ယာလော့ဂ် အောင်ရင်ငြိမ်း
ဖူးငုံ
ဆယ်ကျော်သက်
Teen မဂ္ဂဇင်း
ဇန်န၀ါရီ၊ ၂၀၁၀
“ပင်မရေစီးဆိုတဲ့ အနေအထားက အရောင်တူအသံတူတွေ
အုံနဲ့ကျင်းနဲ့ စီးစင်းနေတာ။ အသင်းကြီးတစ်သင်းလိုပါပဲ
အခု ၂၀၀၉ ပင်မရေစီး ခေတ်ပေါ်ကဗျာဆိုတာကတော့
ကွက်ပြီးကြည့်ရမလို ဖြစ်နေပြီ”
ဇော်လူစိမ်း
“ကဗျာဆိုတာ တင်းကြပ်တဲ့
လူ့အဖွဲ့အစည်း ထုံးတမ်းဓလေ့တွေထဲက
ခဏထွက်ပြေးတာပါ”
သူရနီ
“တချို့ကဗျာတွေကျတော့ အသစ်လုပ်ထားတာ တွေ့တယ်
ပြုလုပ်သူအတွက် အသစ်ဖြစ်တယ်။ ကဗျာဖတ်သူတွေအတွက်
အသစ်မဟုတ်ဘူး။ အရူးတစ်ယောက်လိုပဲ လုပ်ချင်တာ
လျှောက်လုပ်ထားသလိုပဲ”
မင်းသက်ဇဉ်
“ကျွန်တော် မသိနိုင်သေးတဲ့ ကဗျာနယ်ပယ်သစ်တွေဆီကို စူးစမ်းရင်း
ရှာဖွေရင်း၊ ပြုလုပ်ဖန်တီးရေးသားရင်း ကိုယ့်နှလုံးသားနဲ့ကိုယ်
အသက်ရှင်ချင်ပါတယ်။ ကိုယ့်အသွေးအသားနဲ့ကိုယ်
နေထိုင်ချင်ပါတယ်။ ကိုယ့်အရေပြားနဲ့ကိုယ် ဖြစ်တည်ချင်ပါတယ်”
စိုးမင်းအောင်
“တံဆိပ်တွေကို ကြောက်လန်ံနေရုံနဲ့တော့ မပြီးဘူးထင်တယ်
အလွယ်တကူ တံဆိ်ပ်ကပ်ခံရမှာကိုတော့ သူသူကိုယ်ကိုယ်
ကြောက်ကြတာပဲ။ ဒါဆိုရင် ကိုယ်ပိုင်တံဆိပ်တစ်ခုကို ရွေးချယ်ကြပေါ့။
ဖိနပ်မပါဘဲ လမ်းလျှောက်ကြတဲ့ခေတ် မဟုတ်တာတော့ သေချာတယ်။”
လင်းသဏ်ညီ
“ကဗျာတွေ ရွေ့နေတယ်။ လူငယ်တွေ ရွေ့နေတယ်
ကဗျာဆရာတွေ ရွေ့နေတယ်။ ခေတ်ကရွေ့နေတယ်
မိတ္တူကူးချတာမဟုတ်တဲ့
ကဗျာလမ်းကြောင်းတွေမှာတော့ လူငယ်တွေ ပိုရွေ့မှာပါ”
မြတ်ဝေ
ဖတ်ရန်နှိပ်ပါ
1762days since
ခေတ်ပြိုင် မြန်မာလူငယ်ကဗျာဆရာများနှင့် ကဗျာဒိုင်ယာလော့ဂ် Teen မဂ္ဂဇင်းမှာပါတာ
ကဗျာနဲ့ရေးတဲ့ PORTRAIT
လင်းသဏ်ညီ – ။
ဆံပင်ရှည်တယ်၊ စိတ်ရှည်တယ်၊
လက်ရေးနဲ့ကဗျာရေးတယ်။ ကင်းဘတ်စ်ကို ပိရမစ်ပုံလုပ်ပြီး
ပန်းချီဆွဲတယ်။ မကြာခဏ ခရီးသွားတယ်၊
အရာရာကို အမှတ်တရရှိတယ်၊
အောင်ပိုင်စိုး – ။
အရပ်ရှည်တယ်၊ ဆံပင်ရှည်တယ်၊
ဘောင်းဘီဝတ်တယ်၊ စကားပြောမြန်တယ်၊
အကြောင်းအရာများတယ်၊
အဝင်/အထွက်ကြမ်းတယ်
ကိုယ်ပိုင်အရည်အသွေးနဲ့ ရပ်တည်ချင်စိတ်ရှိတယ်၊
ဧဇံ – ။
အတည်လား၊ အနောက်လား
မကွဲပြားဘူး၊ လူအများကြီးကြားမှာ
တွေ့ရတတ်တယ်၊ စကားအများကြီးပြောတယ်၊
ပျော်ရွှင်သူဖြစ်တယ်၊
စိုင်းဝင်းမြင့် – ။
ချိန်ဆပြီးပြောတယ်၊
ထိရောက်အရှိန်ပြင်းတယ်၊
ကမ္ဘာကြီးတစ်ခုလုံး ဖရိုဖရဲဖြစ်အောင် ဝေဖန်တတ်တယ်၊
ကလေးမျက်နှာရှိတယ်။ လက်ကိုင်ဖုန်းရစက
လူမမြင်အောင် လျှို့ဝှက်ထားတယ်၊
မောင်ဖီလာ – ။
အကုန်လုံးတည်တည်တံ့တံ့လုပ်တယ်
ဣနြေ္ဒအပျက်မခံဘူး
လူသားဆန်တယ်၊ အဆင်မပြေရင်ပျက်ရယ်ပြုတယ်
ကမ္ဘာကိုသိတယ်၊
ဘိုဟီးမီးယန်းစတိုင်ရှိတယ်၊
ငုအိမ်ထက်မြက် – ။
အင်္ကျီလက်ရှည် လက်ဖျားထိ
ကြယ်သီးတပ်ဝတ်ပြီး
ရင်ဘတ်ဟပြဲနဲ့
အလျင်စလိုနိုင်တယ်
ကဗျာကို ဆန်းဆန်းပြားပြားရေးတတ်တယ်
လမ်းအလွန်လျှောက်တယ်၊
ထွန်းဝေမြင့် – ။
အရပ်ရှည်လွန်းတော့ ဝတ်ထားတဲ့ဂျင်းဘောင်းဘီက
ခြေဖျားမရောက်ဘူး၊
မျက်မှန်တပ်တယ်၊
ကောက်ကြောင်းနည်းနည်းပဲသုံးပြီး ပုံဆွဲတယ်၊
စားဝတ်နေရေးဂရုစိုက်တယ်၊
ကဗျာကို ‘စတိုင်ယာ’ရောပြီးရေးတယ်
အရှိန်ပြင်းပြင်းရွတ်တယ်၊
ဝိုင်ချို – ။
အချစ်ကဗျာအရေးကောင်းတယ်၊
အရက်သောက်ဖို့ ဇွဲရှိတယ်၊
ရုံးတက်ချိန်မှာ တခြားနေရာရောက်နေတာ
ပျော်တဲ့ အယ်ဒီတာ။
တစ်စုံတစ်ခုကို ကြောက်ရွံ့နေပုံမျိုးနဲ့
လုပ်ချင်ရာဇွတ်လုပ်တတ်တယ်၊
အောင်ရင်ငြိမ်း – ။
ကဗျာကိုလံဘတ်၊
ကဗျာ အသေခံဗုံးခွဲသမား၊
စစ်သားဆန်ဆန်ရင်ဆိုင်တတ်တယ်။
စိတ်ကြွဆေးမသုံးဘဲ အမြဲစိတ်ကြွနေတယ်။
မိုးဝေး – ။
ကျွန်တော်နားလည်တယ်၊
ကျွန်တော် နားမလည်ဘူး
လူဆန်း – ။
ပြင်သစ်စကားပြောတယ်
ဘာတွေအသစ်ရပြီလဲ မေးတတ်တယ်
ကိုယ်တိုင်မော်တော်ကားမောင်းတယ်
ကဗျာကလွဲပြီး/ ကျန်တာရှော့(ခ်)ရှိတဲ့ပုံ
ချဉ်းကပ်ဖို့မလွယ်/ လူထူးလူဆန်းတစ်ယောက်၊
မင်းထက်မောင် – ။
နိုင်ငံတကာဆန်အောင် နေတယ်
နိုင်ငံတကာဆန်အောင် ပြောတယ်
နိုင်ငံတကာဆန်အောင် ရေးတယ်
ကဗျာကို မသယ်နိုင်လောက်တဲ့အထိ
အလေးချိန်များအောင်ရေးတယ်
မောင်စိမ်းနီ – ။
စာပေစစ်စစ်အယ်ဒီတာ၊
စိမ်းတယ်/ နီတယ်
ဘာမဆိုအကုန်တော်လှန်တယ်
ချစ်စရာကောင်းအောင်ဆဲတယ်၊
မင်းသမီး အင်ဂျလီနာဂျိုလီလို
လူမှုရေးလုပ်တယ်၊
ဝင်းမောင် – ။
ဗိုလ်ချုပ်အောင်ဆန်းမျက်နှာနဲ့တူတယ်၊
စိတ်တိုတယ်၊ အစုအဆောင်းကောင်းတယ်။
ကဗျာအလုပ်ကဆယ်စုနှစ်သုံးခုစာလောက်လုပ်ခဲ့ပေမယ့် လူမသိ
ဗေဒင်အလုပ်က လေးငါးနှစ်နဲ့ လူသိ-ဟု မှတ်ချက်ပေးသူ
ဥတ္တရာအောင် – ။
တောင်ပေါ်/ တောင်အောက်ကိစ္စ
အလေးအနက်ထားတယ်၊
အိတ်ထဲမှာ ‘ဘုရားသခင်’ကို ထည့်ပြီးသွားတယ်၊
ပြုပြင်ရေးစိတ်ဓာတ်ကဲတယ်၊
ကိုယ်ပေါ်မှာ တံဆိပ်မျိုးစုံတွေ့ရတယ်။
ဆံပင်စည်း၊ နားကွင်း၊ ဆေးမှင်ကြောင်၊
အရိုးခေါင်း လည်ဆွဲ၊ အကုန်လုပ်တယ်
ကေမျိုးငြိမ်း – ။
မဟုတ်မခံ တုံ့ပြန်တတ်တယ်
ပိုင်းခြားနားလည်တတ်တယ်
အမှားမြင်တတ်တယ်
စကားကို ပြတ်တောင်းပြတ်တောင်းပြောတယ်
အုပ်စု/ ဂိုဏ်းဖွဲ့ကိစ္စ လက်မခံ
တစ်နေရာနဲ့တစ်နေရာ သွားလိုက်/ လာလိုက်
ခိုင်မြဲကျော်စွာ – ။
တကယ့် GENTLEMAN
ဘာရေးရေး တရားကိုလက်မလွှတ်
မိသားစုကို အလေးထားတယ်
သပ်သပ်ရပ်ရပ် နေထိုင်တယ်
စကားပြော ညင်သာနူးညံ့တယ်
တစ်ဖက်သားကို နားလည်ညှာတာအားပေးတယ်
အေမွန် – ။
သေးသေးကွေးကွေးပေမယ့် လက်ဆွဲနှုတ်ဆက်တဲ့အခါ
အားထည့်တာ တွေ့ရတယ်၊
အမေရိကန်အင်ဒီးယန်းလေးတစ်ယောက်ကို မြင်ရသလို
လွတ်လပ်တယ်
ဝင်းသူရ – ။
အယ်ဒီတာဆန်တယ်
မောင်လင်းယုန်(ရှမ်းပြည်) – ။
ယက်တူရှင်ကိုနဲ့ တွေ့ဆုံဖူးတယ်
ဆေးလိပ်အမျိုးအစားမရွေး မီးခိုးမတိတ်အောင်သောက်တယ်
စူးစမ်းလိုစိတ်ကြောင့် တစ်ယောက်ယောက်က အမြဲပြန်
ရှင်းပြနေရတယ်။
TRANSLATOR၊ TUTOR၊
‘နောက်ဆုံး လင်းယုန်ငှက်တစ်ကောင်’အနေနဲ့
အိုမင်းတဲ့အထိ ပျံသန်းဆဲ
ကောက်နွယ်ကနောင် – ။
ကဗျာနဲ့ဝိညာဉ်လောက
နှစ်လောက နေထိုင်တယ်၊
လူတစ်ယောက်ထက် စီးကရက်တစ်လိပ်၊ မုန့်တစ်ခု၊
လက်ဖက်ရည်တစ်ခွက်နဲ့ပဲ အဖော်ပြုထိုင်နေတတ်တယ်။
ရုံးခန်းကိုတက်တဲ့လှေကားဟာကောင်းကင်ဘုံကို
တက်တဲ့ လှေကားလို
အေးစက် တိတ်ဆိတ်ရှည်လျားမည်းမှောင်နေတယ်
ဝင်းမြင့် – ။
စကားနည်းတယ် စာများတယ်
အမှုန်အမွှားကင်းစင်တဲ့ လူတစ်ယောက်ပါပဲ
ငြိဏ်းဝေ – ။
PERFORMANCE ကောင်းတယ်
ဆွေးနွေးညှိနှိုင်းစိတ်များတယ်
NEW DIRECTION ရှိတယ်
စကားလုံးတွေကို လွတ်လွတ်လပ်လပ်ထားတယ်
စကားလုံးတွေကို လွတ်လပ်ခွင့်ပေးလွန်းလို့
တစ်ခါတစ်ရံမှာရေးထားတာ မသပ်မရပ်သလို ဖြစ်တတ်တယ်။
ကဗျာကို ကမ္ဘာနဲ့ဆက်စပ်ပေးနိုင်တယ်
ဆရာဝန်ပုံစံရှိတယ်
ကိုဘုန်း – ။
ကဗျာတစ်ဝက်- ဂစ်တာတစ်ဝက်-
အိပ်မက်နဲ့တူတဲ့ မျက်လုံးတွေရှိတယ်
ဦးထုပ်တစ်လုံး အမြဲဆောင်းထားတယ်
လွန်းဆက်နိုးမြတ် – ။
နွေဦးရာသီတစ်ခုမှာ ဂျုံရိုးနဲ့ရက်လုပ်ထားတဲ့
ခမောက်တစ်လုံးဆောင်းလာဖူးတယ်
ဂျင်းပင်ဝတ်ပြေပြစ်တဲ့ လူငယ်တစ်ယောက်
ကိုယ့်သဘောထားကို အထိပါးမခံဘဲ ညင်ညင်သာသာ
တင်ပြတတ်တယ်၊
ကောင်းကင်ရဲ့အပြာရောင်လိုငြိမ်းချမ်းသူ
နီမျိုးထက် – ။
ကမ်းထရီးဆံပင်နဲ့ စီးကရက်နဲ့
လေသံဝဲဝဲ
နှေးနှေးကွေးကွေး
ခရမ်းပြာထက်လူ – ။
စကားလုံးပြင်းပြင်းထန်ထန်တွေသုံးတယ်
စာသားများများရေးတယ်၊ ကူညီတတ်တယ်၊
နည်းနည်းပြောခြင်းနောက်မှာ များများပြောခြင်းတွေ့ရတယ်
တစ်ခါတလေ စတိုင်ကျကျ
တစ်ခါတလေ ဖရိုဖရဲ။
တိုးနှောင်မိုး – ။
ရေးထားတဲ့ စာရွက်အနားစတွေကို မီးရှို့ပြီး
မဂ္ဂဇင်းတိုက်ကိုပို့တယ်
မြစ်ထဲမှာ ကဗျာတွေရှိတယ်ဆိုပြီး ဓာတ်ပုံလိုက်ရိုက်တယ်
အလောင်းကောက်တယ်/ ဂျစ်ပစီလုပ်တယ်
မောင်လင်းရိပ် – ။
အနက်ရောင်လက်ဆွဲအိတ်တစ်လုံးပါတယ်
RADIO/ INTERNET/ WEBSITE တွေ စိတ်ဝင်စားတယ်
တိုးတိုးတိတ်တိတ်ရှိပြီး
အရှေ့တိုင်း အတွေးအခေါ်ကဲတယ်
ကဗျာကို လူထုဆီရောက်ဖို့ အမြဲနည်းလမ်းရှာနေတယ်
သျှီသူအောင် – ။
ကဗျာဆရာတွေကို
‘ကောင်းကင်ဘုံမှာနေထိုင်သူ’နဲ့
‘ငရဲဘုံမှာ နေထိုင်သူ’လို့၊ နှစ်မျိုးခွဲရင်
သူ့ကို ‘ကောင်းကင်ဘုံ’မှာ နေထိုင်သူလို့
ပြောရပါလိမ့်မယ်
စိုးမင်းအောင် – ။
ရန်ကုန်မြို့ရဲ့အလယ်ခေါင်တည့်တည့် နေထိုင်တဲ့သူ
တစ်ဖက်တည်း ကင်းမြီးကောက်နားကပ်နှစ်ခု
မျက်လုံးတစ်လုံး ပြန်လည်ပြုပြင်ထားရ
တစ်ခါက မော်တော်ကားတစ်စီး အရှိန်ပြင်းပြင်း ဝင်တိုက်တာခံရသူ
နားထဲမှာ အသံတွေကြားနေရတယ် လာပြောသူ
ဘုရားသခင်
တွေ့တိုင်းလည်း သူနဲ့ကျွန်တော့်ကြား ဘုရားသခင်
မောင်ဒေး – ။
ဘာသာပြန်တယ်၊ အားရင်အိပ်တယ်၊
အယ်ဒီတာလုပ်လိုက်/နားလိုက်၊
တစ်ခါတလေ ထီးကောက်နဲ့၊
COMPUTER – INTERNET သုံးစွဲမှုနဲ့။
တီရှပ်အနက်များ၊
ဂျာနယ်တစ်ခုလုပ်တုန်းကလည်း စာမျက်နှာတွေအနက်
တစ်ယောက်တည်း တွေ့-တွေ့တတ်တယ်
တီကျူး – ။
‘လူပိန်များရဲ့ကလပ်’ဖွဲ့ဖို့တိုက်တွန်းဖူးတယ်
နောက်ပိုင်း ပန်းချီဆရာဖြစ်သွားတယ်
လူဟာ ပန်းချီကားထဲကပုံစံအတိုင်း
ချမ်းမင်းအိမ် – ။
ဘောင်းဘီနဲ့ ဂိုက်ဆိုက်ကောင်းတယ်
ကုမ္ပဏီပုံပေါက်တယ်
အယ်ဒီတာလုပ်ရတာ ဝါသနာပါတယ်
သီချင်းတညည်းညည်းနဲ့။ အပေါ်ယံကြည့်ရင်
လူ့ဘဝကို အပျော်တမ်းနေထိုင်
နေတဲ့ပုံလို့ ထင်ရတယ်
သစ္စာပိုင်စိုး – ။
အမြဲတမ်းအထီးကျန်၊
လျှို့ဝှက်နာကျင်နေတဲ့ပုံမျိုး
ပြေမြင့် – ။
စစ်သားဆံပင်ပုံစံနဲ့၊ သောကမျက်နှာနဲ့၊
ရှေ့လကတွေ့တော့ ‘ကျွန်တော်
အလုပ်လုပ်တော့မယ်’လို့ ပြောတယ်။
အသက် ၄၆/၄၇ လောက်ရှိပြီ
ဘုန်းနေသွန်း – ။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့၊
ပိန်ပိန်ရှည်ရှည် ခေတ်လူငယ်တစ်ယောက်။
တာဝန်ထမ်းဆောင်ချိန်ထဲကနေ ထုတ်လုပ်နိုင်ခဲ့တယ်၊
အနည်းငယ်အေးစက်တာနဲ့ ပြတ်သားတာရှိတယ်
ကြည်ဇော်အေး – ။
ကဗျာကို ရွှေလို့သဘောထားတယ်
တစ်ခုချင်းတူးဖော်ရောင်းချတယ်
ကုန်သွားရင် မရေးပဲနေတယ်။
နည်းနည်းအန္တရာယ်ရှိတယ်
မောင်သင်းခိုင် – ။
နွေးထွေးကြိုဆိုတယ်
နိုင်ငံတကာစံကိုသိတယ်၊ အရက်ကိုချစ်တယ်၊
အဖွဲ့လိုက်နေတယ်။
တစ်ခါက အထပ် ၂၀ ကိုဆင်းဖို့ ဓာတ်လှေကားထဲ
ကဗျာဆရာတွေ ဆန့်သလောက် ခေါ်ထည့်နေလို့
အစောင့်က အတင်းပိတ်ပြီး လွှတ်ချလိုက်တယ်
စန်းဦး – ။
ဟောလီးဝု(ဒ်)ရုပ်ရှင်ထဲက ဇာတ်ကောင်
တစ်ကောင်လို အေးစက်စက်အကြည့်ရှိတယ်၊
တစ်နှစ်တစ်ကြိမ် ခမ်းခမ်းနားနား ညစာကျွေးပြီး
ဗန်ဂိုးရဲ့ ပန်းချီကားတွေ လက်ဆောင်ပေးသူဖြစ်တယ်
DIGITAL ART, SHORT VIDEO အပြင်
စာအုပ်ထုတ်ဝေသူ၊ ပိုင်ရှင်
လူအိမ် – ။
များလာရင် ကမ္ဘာပေါ်မှာ
သူစကားပြောရမယ့်သူ နှစ်ယောက်ပဲရှိတယ်လို့၊
ကြွေးကြော်တတ်တယ်လို့၊ ကြားဖူးတယ်။
တစ်ယောက်က ‘အမေရိကန်သမ္မတ’
တစ်ယောက်က ‘ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်’
နိုင်မွန်အောင်သွင် – ။
အနက်ရောင်လယ်သာဂျာကင်နဲ့
မော်တော်ဆိုင်ကယ်သမားအဖြစ် တစ်ခါပဲတွေ့လိုက်ရတယ်။
လူက ကျစ်ကျစ်လျစ်လျစ်ရှိပေမယ့်၊
သူ့စာကြောင်းတွေက သူ့ခရီးလိုပဲ လမ်းကြောင်းရှည်တယ်၊
ဝက်ဝံတစ်ကောင်ကို ကိုင်လှဲချနိုင်တဲ့ အေးခဲတဲ့ ဒေသကနေ
ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ဖို့ကြံစည်နေတယ်
နေမျိုး – ။
ဘုရားသခင်ဟာ
ကမ္ဘာဂြိုဟ်ကို စူးစမ်းဖို့
ဂြိုဟ်သားတစ်ယောက်လွှတ်လိုက်တယ်။
အင်မတန်ရိုးသားတဲ့အမြင်နဲ့
အဆန်းပြားဆုံးတွေကို တွေ့ရှိဖော်ထုတ်နိုင်ခဲ့သူ၊
လူစုလူဝေးကို ရှောင်ပြီးနေတတ်တယ်
အောင်ချိမ့် – ။
စကားလုံးအနည်းဆုံးနဲ့
အထိရောက်ဆုံးရေးနိုင်သူ၊
ပါးစပ်က တစ်လုံးပြော တစ်လုံးကဗျာ ဖြစ်နေသူ၊
‘ဟန်’ကိုအများဆုံး တုပခံရသူ၊
‘ခေတ်ပေါ်ကဗျာရဲ့ ဘုရားသခင်’လို့ တင်စားခံရသူ
အသားညိုညိုအရပ်ရှည်ရှည်နဲ့
ခြောက်သွေ့ပုံရပေမယ့်၊ လေးနက်မှုတွေ
ကြောက်စရာကောင်းအောင် စိုရွှဲနေသူ
ဇေယျာလင်း – ။
ဘာသာပြန်ရာကနေ၊ ဘာသာစကားကိုတွေ့ရှိသွားပြီး၊
ဘာသာစကားကို အားပြုရေးတဲ့ ‘ဘာသာစကားကဗျာ’ဆိုတာကို
ဦးဆောင်ရေးသားခဲ့သူ။ နောက်ပိုင်း ဘာသာစကားကဗျာနဲ့
ပတ်သက်သမျှ – ရေးသား၊ ပြောဆို၊ ဆွေးနွေး၊ သုတေသနပြု၊
ပို့ချ၊ ဖြန့်ချီ၊ ကာကွယ်၊ တုံ့ပြန်၊ အလုပ်အားလုံး အကုန်
လုပ်နေသူ။
ပိုင် – ။
ကွန်တော့်အကြောင်းကို
အထက်လူတွေပြောချင်ပြောပါလိမ့်မယ်
ဒါမှမဟုတ်၊ မပြောဘဲနေပါလိမ့်မယ်
၃-၁-၂၀၀၉ စနေနေ့၊ ညနေ ၃း၄၀ နာရီ
ပိုင်
နွယ်နီမဂ္ဂဇင်း၊ မေ၊ ၂၀၀၉
ငါငိုနေတယ်ကောင်းကြီး
ငွေကြေးအတွက် မဟုတ်
ကျော်ကြားမှုအတွက် မဟုတ်
ဂုဏ်ဒြပ် ရုပ်ဝတ္တုပစ္စည်းတွေအတွက်လည်း မဟုတ်
ချစ်ခြင်း၊မုန်းခြင်း၊ဆုံးရှုံးခြင်းတွေအတွက်လည်း မဟုတ်ပါဘူး
ငါငိုနေတာ
အရွက်ဖုံးခံထားရတဲ့ ရိုးတံညှာလေးအတွက်
ကြိုးမရှိတော့တဲ့ စက္ကူစွန်လေးအတွက်
လျှပ်ပေါ်လော်လီမှုကို ရှေ့တန်းတင်ထားရတဲ့
ဟော့ဒီခေတ်ကြီးအတွက်
ချစ်သူကိုပေးရမယ့် အနမ်းကို
တခြားသူဆီပေးလိုက်ရတဲ့ မြို့ကြီးအတွက်
အသက်မပြည့်ခင် ရောင်းစားခံရတဲ့
မြို့စွန်မြို့ဖျား နောက်ဖေးလမ်းကြားရပ်ကွက်လေးတစ်ခုအတွက်
သစ်သားဆုတံဆိပ်ကလေးတစ်ခုနဲ့ နှစ်သိမ့်ခံထားရတဲ့
လူတော်လေးတစ်ယောက်အတွက်
မင်္ဂလာဒုံစက်မှုဇုံထဲက အခြေခံအလုပ်သမားလေးတွေအတွက်
ငါငိုနေတယ်ကောင်းကြီး
ငါတို့ခေတ်မှာ ငါတို့ရလိုက်တာ
အဲဒီမျက်ရည်တွေပါပဲ ကောင်းကြီး။
ကောင်းကြီးရေ . . .
လေယာဉ်ပေါ် ပါသွားတဲ့ မင်းနှလုံးသားကိုပြန်သိမ်းထား
(Brain Drain တင်မဟုတ်ဘဲ
Heart ပါ Drain သွားတာကတော့ ငါလည်းစိတ်မကောင်းဘူးပေါ့)
အနေကြာလာတော့လည်း နေကြာတွေလို
နေလာရာအလိုက်သင့် မျက်နှာမူတတ်သွားမှာပါ. . .
တစ်ချိန်ကငါ့အမှောင်ညတွေရဲ့ လျှပ်စီးအလင်းလေးဟာ
အခုတော့ ငါ့ကောင်းကင်မှာ အသာဆုံးလမင်း
‘မီ’ကိုမင်းလွမ်းသလို
ငါမင်းကို တဖွဖွလွမ်းလိုက်ပါတယ် . . .။
ကောင်းကြီးရေ . . .
ဘာရယ်လို့တော့မဟုတ်ပါဘူး
တချိန်ကျ သေမင်းနှုတ်ခမ်းဝ
ငါတို့လည်းရောက်ရမှာပဲလေ. . .
အခြေအနေရှိမယ်ဆိုရင်တော့
မင်းနဲ့ငါအတူတူ
‘အမှိုက်မပစ်ရ’ ဆိုင်းဘုတ်လေးပဲဖြစ်ဖြစ်
စိုက်ထူချင်သေးတယ်
ငါတို့မျှော်လင့်ချက်ဟာ
ဒီလောက်တော့ သိမ်ငယ်ခွင့်ရှိတယ်မဟုတ်လား
မင်းနေကောင်းရဲ့လား ကောင်းကြီး ။ ။
မင်းစိုးရာ
ပိတောက်ပွင့်သစ်မဂ္ဂဇင်း
“နေကောင်းလားကောင်းကြီး”ကဗျာရှည်မှ
မြတ်ဝေစိုး
ရင်မခုန်တတ်ဘူး
မိန်းမတွေထက်သစ္စာရှိတဲ့ရမ်
စီးကရက်နဲ့
မောင်ချောနွယ်လို အရက်သောက်တတ်သူ
ကဗျာချစ်သူ
ဖုန်ခါတဲ့လက်နဲ့
မျက်တောင်ခတ်ပြီး
ပိုးကောင်ကိုခါချလိုက်ပြီ
ဘယ်လိုပြောရမလဲ
ဘာသာစကားမလုံလောက်မှုမှာ
အသည်းကွဲခြင်းဟာ မလုံလောက်တော့
ခေါင်းခါ မျက်လုံးပင့်
ညီလေးရေ...
သွားယူတော့ကွယ်
မလောက်မငှနဲ့ နေထိုင်ရခက်မှုမှာ
ဘာမှမသိသေးတဲ့ ဘ၀ထဲတန်းစီရတော့မယ်
သေခြင်းတရားနဲ့
ငါတို့ဖက်ပြိုင်လို့ တော်ပြီ။
ကဗျာစာသား-မြတ်ဝေ
ကဗျာစပ်သူ-လင်းဆက်နောင်
၂၀၀၆
မြတ်ဝေ
ခေတ်ကျန်ကဗျာများ
“သန့်ရှင်းသောစိတ်နေစိတ်ထားမှသည် လိပ်ပြာလုံသော အနာဂတ်သစ်ဆီသို့”
ကဗျာစာအုပ်များ
ကဗျာစာအုပ်မိတ်ဆက်
ကဗျာနှင့်သက်ဆိုင်သောစကားပြေများ(သို့မဟုတ်)ကဗျာဗေဒ
ပြန်ဖတ်မိသော မဂ္ဂဇင်းကဗျာများ
စိတ်ထဲမှာ ရှိတာတွေ မြတ်ဝေ
စိတ်ထဲမှာ ရှိတာတွေ
ပျော်စရာမရှိရာ ကမ္ဘာထဲ မိသားစုလေးပျော်ဖို့
ကျွန်တော်မကျော်နိုင်တဲ့ တောင်တန်းနိမ့်နိမ့်လေးအတွက် ရှက်ရွံ့ မိတဲ့အခါ
သားမှားမိတယ် အဖေ
သင်တာမတူတဲ့ ပညာရေးမှာ
ကျဆုံးမှုချင်းမတူတာ ဒဏ်ရာပါပဲ
သေရာကိုပါလာမယ့် အဖေ့မျှော်လင့်ချက်တွေကို ကျွန်တော် ကြောက်လို့
အဝေးမှာ တိတ်တိတ်လေး အော်တယ်
သေရာကိုပါလာမယ့် အမေ့မျက်ရည်တွေကိုမေ့ဖို့
အဝေးမှာ တိတ်တိတ်လေး ငိုတယ်
ကြေကွဲစရာပါလား ပုဂံရယ်
သင့်ခမ်းနားမြင့်မြတ်မှုဟာ ကျွန်တော့်ကိုသိမ်ငယ်စေတယ်
သင့်အောင်မြင်မှုဟာ ကျွန်တော့်ကို ကျဆုံးစေတယ်
သင်နဲ့နီးပြီး အလင်းမရခဲ့သူ ရွာလေးဖျောက်ဆိပ်ပင်ကို သင်မေ့သလို
ပညာနဲ့နီးပြီး ၁၀တန်း အောင်လက်မှတ်လေးမှမရသူ ကျွန်တော့်ကို ခင်ဗျားမေ့မှာပါ
စိမ်းနောက်နေတဲ့ ရေကန်ကို ငုံ့မကြည့်ရဲလို့
ဝါဖန့်နေတဲ့ မြေနီသားကို ထပ်မနင်းရဲလို့
ဆွဲကြိုးလေးမဆွဲရတဲ့ လည်ပင်းမှာ ကြိုးလေးဆွဲပြီး ချမိတဲ့ ခန္ဓာ
လေထဲမှာ လွင့်သွားတဲ့ လွတ်လပ်မှုမျိုး
ငါးမျှားချိတ်က ငါးတစ်ကောင်တွန့်တွန့်သွားသလိုမျိုး
အဖန်ငါးရာ ငါးကမ္ဘာ အာဏာရှင်ပညာရေးမှာ
နာကျင်မှုနဲ့ အသေ။ ။
မြတ်ဝေ
၁၀.၆.၂၀၁၄
စိတ်ထဲမှာ ရှိတာတွေ မြတ်ဝေ
စိတ်ထဲမှာ ရှိတာတွေ
ဇာတ်ထဲက မင်းသားလေးဟာ ကိုယ်ဖြစ်နေပြီး
ကိုယ်ကဈေးထောင့်မှာ သီချင်းတွေဆို
ချစ်ခြင်းမေတ္တာမှန်လေးကို ဆုပ်ကိုင်ထားမိတော့
သွေးက ကိုယ့်ဆီမှာမထွက် ကြည့်သူစိတ်မှာထွက်သတဲ့
ကျန်းမာပါရဲ့လား ကျန်းမာပါတယ်
ချမ်းသာပါရဲ့လား ချမ်းသာပါတယ်
စိတ်မှာချိတ်ထားတဲ့ နေရောင်
ကိုယ့်ကို လွှမ်းခြုံတဲ့ မိုးသား
အကြည်ဓာတ်လေးမှာ ထစ်နေတဲ့ စာသားတွေ
ရောက်လေရာအရပ်က သာဓုခေါ်ပါ
ဖြစ်လေရာဘ၀မှ အမျှဝေပါ
မန္တလေးသိန်းဇော်လို မောင်သိန်းဇော်ဖြစ်ခွင့် မရှိခဲ့ပေမယ်
ဈေးထောင့်လေးမှာ ကိုယ့်ကဗျာအသံလေးတွေ
တူ နယ် တန့် နှယ် တူ နယ် တူ့ နယ် ဗျောင်။
မြတ်ဝေ
၉.၆.၂၀၁၄
ခင်ဗျားတို့ မမြင်ရတဲ့ အမှုန်သေးသေးလေးအပြင်ဘက်က ချစ်မေတ္တာ မြတ်ဝေ
ခင်ဗျားတို့ မမြင်ရတဲ့ အမှုန်သေးသေးလေးအပြင်ဘက်က ချစ်မေတ္တာ
တိမ်လေးတွေ တီတီတာတာ တွယ်နေတဲ့ ကောင်းကင်ကို လှုပ်ချချင်မိပါတယ်
ဘယ်လောက်ပျော်စရာကောင်းလိုက်ပါသလဲ
မိုးနှင်းလေးတွေနဲ့ အတူ ပျော်စရာတွေ ကမ္ဘာထဲ ရောက်လာမယ်
ငိုနေတဲ့ သားငယ်လေးရဲ့ မျက်ရည်ကို ဖွဖွလေး သုတ်ပေးလိုတယ်
ချစ်မေတ္တာ ငတ်နေတဲ့ မိနှင်းငယ်ကို တိတ်တိတ်လေး ချော့သိပ်လိုတယ်
သစ်ပင်တွေကို ကိုယ်မခုတ်ရပါပဲ ကိုယ်ပူလောင်နေမှုဟာ တရားပါရဲ့လားကွယ်
ရှိတဲ့ အမှန်တရားကိုလည်း ခင်ဗျားတို့ ရင်ထဲ ပွင့်စေလိုပါတယ်။
ဆာလောင်မွတ်သိပ်မှုနဲ့ လူသားရဲ့ ရင်ထဲ အရုပ်တွေ ရေးနေမိပါတယ်
ဘယ်လောက်နာကျင်ဖွယ်ကောင်းလိုက်ပါသလဲ
မပျော်စရာကမ္ဘာကြီးမှာ ပျော်ရွှင်စွာနေပါလို့ ရုပ်သံမီဒီယာက နေ့စဉ်
မရွာမယ့် မိုးကိုမျှော်ကိုးပြီး ဆွဲရတဲ့ လွန်က နေ့စဉ်
နာနေသူရဲ့ လက်ကိုဖွဖွလေးဆုပ်ပြီး ယုယချင်တယ်
ကြောက်ရွံ့သူရဲ့ စိတ်ကို ပန်းလေးတွေပေးပြီး ပွင့်စေလိုတယ်
အမုန်းတရားတွေ မထုတ်လွှင့်ရပါပဲ ကိုယ့်ရေဒီယိုလေး လိုင်းမမိတော့တာ တရားပါရဲ့လားကွယ်
သိတဲ့ ငြိမ်းချမ်းရေးကိုလည်း ခင်ဗျားတို့စိတ်ထဲ ရဲစေလိုပါတယ်။
သွေးကြွပိုးမွှားတစ်ခုပါပဲ အသားထဲက လောက်ထွက်လာတယ်
ဘယ်လောက် ရွံရှာဖွယ် ကောင်းလိုက်ပါသလဲ
ဥပဒေရဲ့အထက်မှာ အာဏာရှိနေတယ်
ဒီမိုကရေစီရဲ့ ဘေးမှာ ကျည်ထိုးပြီးသား သေနတ်တွေရှိနေတယ်
လယ်သမားတွေရဲ့လက်မှာ “ သိမ်းထားတဲ့ လယ်တွေပြန်ပေးပါ”
အလုပ်သမားတွေရဲ့ လက်မှာ “ လုပ်ခလစာ တိုးပေးပါ"
ပြည်သူတွေရဲ့ လက်မှာ “ ၄၃၆ ကိုပြင်ပေးပါ”
မဲလေး တစ်မဲမှမပေးရပါပဲ ကိုယ့်ကို အစိုးရနေတာ တရားပါရဲ့လားကွယ်
မှန်တဲ့ ချစ်မေတ္တာကိုလည်း ခင်ဗျားတို့ အသံထဲ ထုတ်လွှင့်စေလိုပါတယ်။
နာကျင်မှုတွေများလာတဲ့ အခါ တော်လှန်ရေးကို ပြည်သူလူထုက စတင်တယ်
ဘယ်လောက်လှလိုက် ပါသလဲ
ကမ္ဘာမှာ
ရဲဘော်ချေ ဆိုတဲ့ ပန်းလေး ပွင့်တယ်
မင်ဒဲလားဆိုတဲ့ ပန်းလေး ပွင့်တယ်
ဂန္ဒီ ပွင့်တယ်
မာလာလာ ပွင့်တယ်
မြန်မာမှာ
ကိုအောင်ဆန်း ဆိုတဲ့ပန်းလေး ပွင့်တယ်
အောင်ဆန်းစုကြည်ဆိုတဲ့ ပန်းလေး ထပ်ပွင့်တယ်
ဘယ်လောက် ပိုလှသွားပါသလဲ
ငြိမ်းချမ်းရေးဆိုတာ လက်စားချေလိုမှုထက် လှတယ်ဆိုပြီး ပွင့်လိုက်ပုံတွေ
ခွင့်လွှတ်သူကိုမှ ဓားရေးတွေပြနေတာ တရားပါရဲ့လားကွယ်။
တိမ်လေးတွေ တီတီတာတာ တွယ်နေတဲ့ ကောင်းကင်ကိုမှ လှုပ်ချချင်မိပါတယ်
ခက်တယ်။ ။
မြတ်ဝေ
၆.၆.၂၀၁၄
ဦးဝင်းတင် မြတ်ဝေ
ဦးဝင်းတင်
ခင်ဗျားက ကြယ်ပဲ ကြွေတာပေါ့။
၂၁.၄.၂၀၁၄
ငါ့ကိုငါ ပြန်ရတဲ့နေ့ မြတ်ဝေ
ငါ့ကိုငါ ပြန်ရတဲ့နေ့
ငါ မအိပ်တော့ဘူး
ငါဟာ အရင်အတိုင်း သူပုန်
ငါဟာ အရင်အတိုင်း စာအုပ်တွေလှန်ဖတ်လို့ အပျော်ကြူးတယ်
ငါဟာ ချစ်ခြင်းမေတ္တာကို ငါ့စိတ်ထဲဝှက်ထားတယ်
ငါ့စိတ်ဟာ အရင်အတိုင်း ငါ့ကိုသတ်တယ်
ငါ့လက်ထဲမှာ အရင်အတိုင်း ဆေးလိပ်နဲ့ အနာဂတ်
မဆီမဆိုင်တွေ ငါ့အိပ်ကပ်ထဲ အမြဲထည့်ထားတယ်
ငါ ချစ်သော ကမ္ဘာ ငါ့ဆီလာတယ်
ငါမသောက်သင့်သော အရက်ကို ပြန်မက်မောတယ်
ပျော်စရာကို ငါမတွေးမိဘဲ အရူးလို နေမြဲ
ငါ့စိတ်ထဲက စာသားတွေကို ကဗျာလိုပြန်ရေးမိတယ်
ငါယုံကြည်တဲ့ လူသားဆန်မှုကို ငါသံသယရှိတယ်
အရင်အတိုင်း တစ်ခုခုလိုနေသော ငါ့စိတ္တဇ
အရင်အတိုင်း ငတ်မွတ်နေသော ငါ့ကဗျာစာသားများ
အရင်အတိုင်း တောက်ပနေသော ငါ့ အတွေး အသေ
ငါ့ နေထိုင်မှုဟာ လွင့်မျောနေသော အဓိပ္ပါယ်
ငါ့ဆီမှာရှိသော လွတ်လပ်ခြင်းများ ငါပြန်မြင်ရ
ဒုတိယကမ္ဘာစစ်က မြေမြုပ်မိုင်းကို ငါ့ဝမ်းထဲ သိမ်းထားရဆဲ
ခုတ်လှဲခံရတဲ့ သစ်ပင်တွေကို ငါ့အိပ်မက်ထဲ ငါပြန်စိုက်
ကျည်ဆန်တွေပွင့်နေတဲ့ ခေတ်ကို ငါဟားတိုက်မြဲ
ငါ့အကြောင်းကို ပန်းချီကားထဲ ထည့်ပြီး အော်ကြည့်တယ်
ငါ့ဂီတကို တိုးတိုးလေး ချရေးမိတယ်
နာကျင်မှုဟာ ငါ့ကိုယ်ပေါ် ရွှဲနစ်နေဆဲ အရင်အတိုင်း
ငါပျော်ပါရဲ့လား အဲဒီဓား ငါ့ဗိုက်ကိုထိုးစိုက်ထားတာ အရင်အတိုင်း
ငါ့ကိုငါပြန်ရတဲ့ နေ့က
ငါဟာ ပျောက်ဆုံးနေတဲ့ လူ့အဖြစ်ထဲ ငိုနေမိပါတယ်
ခင်ဗျားတို့ရော ကိုယ့်ကိုကိုယ် ပြန်ရကြပါရဲ့လားဗျာ ။ ။
မြတ်ဝေ
၃၁ မတ် ၂၀၁၄
လူသတ်အစိုးရနဲ့ ရွှေရည်စိမ်ဒီမိုကရေစီ မြတ်ဝေ
လူသတ်အစိုးရနဲ့ ရွှေရည်စိမ်ဒီမိုကရေစီ
။ ပန်းပင်လေးတွေဟာ ပင်ပန်းခဲ့ပါတယ်။
လေတိုက်နေတဲ့ တောင်တန်းတွေပေါ် ပြေးလွှားခွင့်မရတော့ပါဘူး
အသေစောသူ ဖိုးခွားလေးက အော်တယ်
စပါးခင်းတွေထဲ လက်ကလေးဝေ့ယမ်းဖို့ လွမ်းစိတ်ပဲ ရရနေတယ်
စားပွဲထိုး ဝတုတ်က မသင်ရတဲ့ ကဗျာတွေ ရွတ်ရွတ်နေပြီး
ဒါဒို့ပြေ ဒါဒို့မြေ ဒါ ငါတို့မြေ
ထွန်စရာမြေမရှိသူ လယ်သမားကြီးက ဆိုတယ်
နိုင်ငံရေးမတည်ငြိမ်တော့ စီပွားရေးမတည်ငြိမ်ဘူးပေါ့ဗျာ
ဘယ်အစိုးရတက်တက် ငါ့အစိုးရလုပ်မယ့် ခရိုနီကြီးတွေကငြီးတွားလို့
“ချစ်စမ်းပါကွယ်
ကြိုက်စမ်းပါကွယ်
မြတ်နိုးပါကွယ်
ရွှေရည်စိမ်ထားတဲ့ စိတ်နဲ့ ဒီမိုကရေစီရယ်”
တိမ်တွေရရှိတဲ့ လွတ်လပ်မှုမျိုး
ကြွေရတဲ့သစ်ရွက်တွေ လွင့်မျောမှုမျိုး
စီးတဲ့မြစ်တွေလို သန်မာမှုမျိုး
တော်လှန်ရေးမှာ သေရတဲ့ရဲဘော်တွေ ရခဲ့ပါသလား
မြန်မာပြည်မြောက်ပိုင်းမှာ ရဲဘော်က ရဲဘော်ကိုအသတ်ခံရသူ ကျောင်းသားလေးက မေးတယ်
ကျွန်တော်တို့ဟာ နှစ်ပေါင်း ၅၀ကျော် အရွှေ့ခံရတဲ့ အရုပ်လေးတွေ မဟုတ်ပါလားဗျာ
ဘာမှမသိသူ ကဗျာဆရာက အပြင်းစားအရက်ကိုမော့ပြီး တွေးတယ်
အမိမြန်မာပြည်ရေ
ဆေးမကုနိုင်သူ အတွက် နောက်ဆုံးပေါ်ဆေးဟာ ငရဲပါပဲ
ရွှေရည်စိမ်ထားတော့ ဒီမိုကရေစီမီးခဲဟာ ပူလောင်လွန်းလှပါတယ်
အလုပ်မရှိတဲ့နေ့တွေမှာ ကုန်ထမ်းသမားရဲ့ ဆာလောင်မှုမျိုး
လက်ပံပွင့်လေးတွေရဲ့ နီရဲစွာ နေထိုင်မှုမျိုး တမ်းတလို့
ရုံးသမားဟာ နေ့စဉ် စိတ်ကျရောဂါစွဲကပ်လို့
အော်သံ
ငါတို့ ခေတ်မှာ ငါတို့ရလိုက်တာ အကြောက်တရား နဲ့ နေ့စဉ်ရုန်းကန်မှု
မရှိတော့တဲ့သစ်တောတွေကိုကြည့်နေရတာ
အသက်မရှိတော့တဲ့ လူတွေကိုမြင်နေရသလိုပါပဲ ဆရာဝန်လေးက ခေါင်းခါတယ်
အစုလိုက် အပုံလိုက် လူသတ်သမားတွေက
ချစ်ခြင်းမေတ္တာနဲ့ မိဘ ပြည်သူများခင်ဗျာတဲ့ ကဲ ဒီမိုကရေစီ
လက်ပတောင်းတောင်
သမီးကလေးကျေးရွာ
ဧရာဝတီ
ကျွန်တော်တို့ရလိုက်တာ ဘာများရှိပါသလဲ
၁၉၆၂
၁၉၈၈
၂၀၀၇
ကျွန်တော်တို့ မသေခဲ့တဲ့နှစ်တွေ ရှိခဲ့ပါသလား
ကျွန်တော်တို့ မျိုးဆက်ဟာ
အာဏာတည်မြဲရေးရဲ့ အစမ်းသပ်ခံမျိုးဆက်
ပညာရေးရဲ့ အစမ်းသပ်ခံမျိုးဆက်
အခု ရွှေရည်စိမ် ဒီမိုကရေစီရဲ့ အသုံးချခံမျိုးဆက်
စိတ်မှာ သံသယ နဲ့ အနာ
နိုင်ငံတော်သီချင်းကို လက်သီးကျစ်ကျစ်ပါရွတ်ဆိုလို့
ပါးစပ်ဖျားက ငြိမ်းချမ်းရေးကို ငါတော်လှန်တယ်
ငွေမဲတွေ ငွေဖြူပြီး နောက်ပိုင်း
မတရားသူဟာ တရားသူကို အနိုင်ယူပြီး နောက်ပိုင်း
။ အတုတွေဟာ အစစ်ထက်ပိုပြီး ပီပြင်စွာ ကြေကွဲခဲ့ကြပါတယ်။
ပျော်ရွှင်မှုတွေ အစွမ်းကုန်ပွင့်နေတဲ့ လူ့ဘဝထဲ ကိုယ်မနေရတော့ပါဘူးကွယ်
အသေခံ တော်လှန်ရေးသမားက သူ့မျိုးဆက်ကို တရားမျှတမှုနဲ့ အမှန်တရားဆီတွန်းတင်လို့
သေတယ်။
မြတ်ဝေ
၂၆၊ မတ်၊ ၂၀၁၄
ဆီးရီးရား အရုပ်လေးတွေ မြတ်ဝေ
ဆီးရီးရား အရုပ်လေးတွေ
တစ်နေ့တော့ အရုပ်တွေအားလုံး ဆေးရုံရောက်သွား
sarin ကို ရှူရှိုက်မိတဲ့ အရုပ်လေးတွေပဲ အကျအဆုံးများပါတယ်
ဝက်ရူးပျံ အရုပ်လို တက်တက်နေတယ်
ခွေးရူးပျံ အရုပ်လို သွားရည်တွေကျကျနေတယ်
ကင်ဆာဆဲလ်တွေပျံ့နေတဲ့ အဆုပ်နဲ့ အရုပ်လို မောမောနေတယ်
ဆေးမတိုးတီဘီရောဂါနဲ့ အရုပ်လို ဖုတ်လှိုက် ဖုတ်လှိုက် ငင်နေတယ်
ဆိုင်ရာနိုက်လို အဆိပ်နဲ့ အရုပ်လေးတွေ မိနစ်ပိုင်းအတွင်း ကျကွဲတယ်
အရုပ်တွေဟာ တမန်တော် မိုဟာမက်ကို တချိန်မရ
အရုပ်တွေဟာ ခရစ်တော် ယေရှုကို သိချိန်မရ
အရုပ်တွေဟာ ဗုဒ္ဓရဲ့ အနတ္တကို မြင်ချိန်မရ
အာဏာကိုယူ အာဏာနဲ့ပြန်အမိန့်ပေးခံရတဲ့ Damascus ကအရုပ်ကလေးတွေ
ချစ်ခြင်းမေတ္တာကိုယူ မိသားစုကိုယူ အားလုံးလွှင့်ပစ်ခံလိုက်ရတဲ့ အရုပ်လေးတွေ
လူသားဖြစ်မှုကိုယူ အသက်ဓာတ်ကိုယူ ဒီအငွေ့တွေသာရှူတော့လို့ ပြောခံရတဲ့ အရုပ်လေးတွေ
ကမ္ဘာမှာ စစ်တွေအကြိမ်ကြိမ် ဖြစ်ခဲ့တယ် အရုပ်တွေပဲသေတယ်
ကမ္ဘာမှာ တော်လှန်ရေးတွေအကြိမ်ကြိမ်ရှိခဲ့တယ် အရုပ်တွေပဲ ကမ္ဘာမကျေသီချင်းဆိုရတယ်
ကမ္ဘာမှာ အကြမ်းဖက်ဖက်မှုတွေအခါခါ အရုပ်တွေပဲနာကျင်နေရတယ်
အရုပ်တွေက အမှန်တရားကိုအော်ရင် အလိမ်အညာတွေပါဆိုပြီး အစိုးရက အမှန်တရားကိုသတ်တယ်
ငရဲခန်းထဲက အရုပ်တွေအကြောင်း အရုပ်တွေပဲသိတယ်
လက်ချည်းသက်သက် အရုပ်တွေအကြောင်း အရုပ်တွေပဲသိတယ်
အရုပ်တွေသေတဲ့အခါ အာဏာရှင်အိမ်က ခွေးသေတာလောက်မှ အလောင်းမလှ
အရုပ်တွေသေတဲ့အခါ နိုင်ငံတော်သီချင်းဆိုခွင့်မရ
အရုပ်တွေသေတဲ့အခါ နိုင်ငံတော်အလံ လွှမ်းခြုံခွင့်မရှိ
အရုပ်တွေမှာ ဘာအခွင့်အရေးမှမရှိပဲ ခဏခဏ အသတ်ခံရတယ်
ဆီးရီးရားက အရုပ်လေးတွေရေ
မင်းတို့ကျကွဲတာ ငါတို့ကျကွဲတာနဲ့ အတူတူပဲဆိုတာ
မြမ္မာပြည်က အရုပ်လေးတွေက မေတ္တာစာလေးပါးလိုက်ပါတယ်
မင်းတို့ယုံကြည်တဲ့ အရုပ်သားဆန်မှုတွေအတွက်
အဆိပ်ငွေ့လက်နက်တွေ ကိုရိုက်ချိုးဖို့
ငါတို့အရုပ်တွေ ဆက်ပြီးတိုက်မယ်
သေသေ။ ။
မြတ်ဝေ
၅၊ ၉၊ ၂၀၁၃
Ein Tarma နဲ့ Zamalka နဲ့ Irbin
Muhadamiya ကအရုပ်လေးတွေအတွက်
အရုပ်လေးတွေက ကျေးကျေးပါ မြတ်ဝေ
အရုပ်လေးတွေက ကျေးကျေးပါ
။လူကြီးမင်းတို့ဝယ်တာ ကျေးကျေးပါ။
အိမ်မှာဆော့လို့ကောင်းတဲ့ အရုပ်လေးတွေ ဖြစ်ပါတယ်
အိုးပုတ်တွေ ချိုးရုပ်တွေလို ကျကွဲစရာမို့ သတိတော့ ရပါ ။ ကိုယ့်ကို ။
စိတ်ဟာ ဆော့မရတဲ့ ကစားစရာအရုပ်လေးပါ
အရုပ်လေးတွေက ပြောပါတယ်
အိပ်တော့မယ်ကွယ် စိတ်တွေလေးတာပဲ ဖိနေတာ ကမ္ဘာ
အရုပ်လေးတွေ ထပ်ပြောပါတယ်
ဆေးပြားတွေ အကုန်သောက်လိုက်တယ်
ဒီတော့ကာ
အရုပ်လေးတွေပဲ လဲပါတယ်
စာမဖတ်ဖြစ်တဲ့ အရုပ်
ကဗျာမရတော့တဲ့ အရုပ်
နောက်ဆုံးရတဲ့ အရုပ်
နာဖျားမှုနဲ့ အရုပ်
တစ်ဘ၀လုံး ၀ယ်ထားပြီး တစ်ညမှမအိပ်ရတာ
အရုပ်လေးတွေက အားနာပါတယ်
ခင်ဗျားတို့ ချစ်မေတ္တာဟာ အလကားပါ
ခင်ဗျားတို့ ယုံကြည်မှုဟာ ကျကွဲပါတယ်
ခင်ဗျားတို့ လူသားဆန်မှု ကြောက်ဖွယ်တွေ
ဈေးပေါပေါနဲ့ ရမယ်ထင်လို့ အရုပ်တွေ လာလာဝယ်ပါတယ်
မည်သို့ပင်ရှိစေကာမူ အရုပ်လေးတွေက ကျေးကျေးပါ။
ကွန်မြူနစ် ကြီးများကိုလည်း ကျေးကမ္ဘာ
အာဏာရှင်ကြီးများကိုလည်း ကျေးကမ္ဘာ
ဒီမိုကရေစီကြီးကိုလည်း ကျေးကမ္ဘာ
အရုပ်လေးများကိုဝယ်ပါ
လူ့အခွင့်အရေးမလို အရုပ်အခွင့်အရေးမလိုတဲ့ အရုပ်လေးတွေကိုဝယ်ပါ
လူထုအရေးတော်ပုံမရှိ အရုပ်ထုအရေးတော်ပုံမရှိတဲ့ အရုပ်ကလေးတွေကို နှိမ်ပါ
အရုပ်တရားမလို အမှန်တရားသာလိုတဲ့ အရုပ်လေးတွေကို အကြမ်းဖက်ပါ
အရုပ်လေးတွေဟာ တော်လှန်ရေးကိုမတွေး ငြိမ်းချမ်းရေးကိုသာရေးပါတယ်
ွှအရုပ်ကို အရုပ်ချင်း ခွဲတဲ့ပညာ မသင်ခဲ့ရတာ
အရုပ်လေးတွေက ကျေးကျေးပါ။
မြတ်ဝေ
၎၊ ၉၊ ၂၀၁၃
အရုပ်ရေးသူ မြတ်ဝေ
အရုပ်ရေးသူ
တစ်နေ့တော့ အရုပ်တွေဟာ ဆေးစက်ကျရာ လှနိုင်တော့မှာပါ
ချစ်ခြင်းမေတ္တာကိုယူပါ ပြီးတော့ အရုပ်တွေရေးပါ
ထန်းလက်ငါးလေး ရွှေစာရံလို အရုပ်လေးတွေ
တီးတဲ့ဗုံလို အရုပ်လေးတွေ
ရွှံ့ စေးရုပ် မီးအုံး ပုဂံလို ကနေတဲ့ ခပ်ပြုံးပြုံး အရုပ်လေးတွေ
ပစ်တိုင်းထောင်လေးတွေလို အရုပ်တွေရေးပါ
ဖိုးသာထူးလို လက်တွေဆန့်ပြီး အရုပ်ကိုရေးပါ
ကိုယ့်အသံ
ကိုယ့်ကိုယ်ထည်
ကိုယ့် သင်္ကေတ
ကိုယ့် နိုင်ငံရေး
အရုပ်ကလေးတွေ ရေးရတော့မယ့် အချိန်
အမှောင်မှာ လင်းလာရတော့မယ့် အချိန်
မနူဟာမှာ အရုပ်တွေ သွင်းရတော့မယ်အချိန်
ကိုယ့်အရုပ်ကို ကိုယ်တည်ဆောက် ပြန်ရောက်ရမယ့် အချိန်
ဘယ်တော့မှ အရုပ်တွေဟာ အသိစိတ်က လွတ်မသွားကြောင်း ရေးပါ
ဘယ်တော့မှ အရုပ်တွေဟာ အရွှေ့ မခံတော့တဲ့ အကြောင်း ရေးပါ
အရုပ်တွေရဲ့. ဘာသာရေး
အရုပ်တွေရဲ့. တော်လှန်ရေး
အရုပ်တွေရဲ့. စစ်မက်
အရုပ်တွေရဲ့. လိင်စိတ်
အရုပ်တွေရဲ့. ပညာ
အရုပ်တွေပိုင်တဲ့ မြေကမ္ဘာ
ဘယ်တော့မှ လက်နက်မချသူ အရုပ်တွေရဲ့. သေပန်းပွင့်ပုံ
ဆေးစက်ကျရာ နေရာတွေဟာ အရောင်တွေကြောင့် မပြောင်း
အရုပ်တွေကြောင့်သာပြောင်းရကြောင်း သိပါ
အရုပ်လေးတွေ အရွှေ့. ခံရ
အရုပ်လေးတွေ အာဏာသက်ရောက်ခံရ
အရုပ်လေးတွေ ၀ါဒဖြန့်ခံရ
အသက်ကိုယူပါ အရုပ်ကိုရေးပါ
ကိုယ်ချင်းစာတရားကိုယူပါ အရုပ်ကို ဆေးခြယ်ပါ
မျှသောမေတ္တာ အရုပ်များအပေါ် သက်ရောက်ပါစေ
ကလေးငယ်များအတွက် အရုပ်ဟာ အရေးပါသော သတင်း
အရုပ်ဟာ နိုင်ငံတော်ရဲ့. အနှစ်သာရဖြစ်ပါတယ်
အရုပ်တွေကို စာနာပါ
အရုပ်တွေရဲ့. ကမ္ဘာစစ်နဲ့ အနီးဆုံး ငိုသံတွေ ကြား
ခင်ဗျားအရုပ်ရဲ့. အနာဂါတ်ဟာ ချစ်သောသူလက်မှာ ရှည်ပါစေ
ခင်ဗျားလက်မှာ အရုပ်တွေ ။ ။
မြတ်ဝေ
၎.၉.၂၀၁၃
အနာ မြတ်ဝေ
အနာ
။ လူထုဆိုတဲ့တီကောင်လေးကို ဆားနဲ့ပက်ခံရတဲ့ ဒဏ်ရာ ။
စာသားတွေဟာ စာသားတွေအဖြစ်နာနေပါတယ်။
ကိုယ်ဟာ လူနာပါကွယ်။
နာဖျားမှုတွေ ကိုယ့်ဆီ လာတယ်။
အရုပ်ကလေးတွေလို ပစ်ခတ်ကစားခံခဲ့ရတဲ့ ကျောင်းသားတွေအတွက်
မိုးပေါ်ထောင်ပစ်ခြင်းမခံလိုက်ရတဲ့ နိုင်ငံသားတွေအတွက်
လူသားဘ၀မှာ သိလာရတဲ့ အမှန်တရားတွေအတွက်
၂၀၀ရ စက်တင်ဘာမှာ ပစ်သတ်ခံရတာနည်းတောင်နည်းသေးတယ်လို့ပြောတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ စကားအတွက်
ခြေလျှင်က ဘာမှမသိဘဲလူကုန်ကူးခံရတဲ့ရဲဘော်လေးတွေအတွက်
ပြည်သူလူထုကို စားဝတ်နေရေးအတွက်ပဲစဉ်းစားနိုင်အောင်ထားတဲ့ မဟာဗျူဟာ အတွက်
မအောင်မရှိပညာရေးစနစ်နဲ့ ဂုဏ်ထူးသမားတွေများရခြင်းအကြောင်းအရင်းကိုတွေးပြီး
ထောင်ထဲရောက်နေတာကြာတော့ သားသမီး မြေးမြစ်တွေကို လွမ်းလိုက်တာကွာဆိုတဲ့ ထောင်ထွက်ကြီးတစ်ယောက်ရဲ့ ကိုယ်ချင်းစာတရားအတွက်
မြန်မာနိုင်ငံသားဖြစ်ခွင့်ကလွဲရင် ဘာအခွင့်အရေးမှမရရှိတဲ့ အခြေခံလူတန်းစားတွေအတွက်
ဆေးရုံသွားဖို့ကြောက်နေပြီး စပ်ဆေးတွေနဲ့ အဆင်ပြေနေတဲ့ လူသားတွေအတွက်
ဘာဖြစ်ဖြစ်နိုင်ငံလေးခြားပြီးမှကို ဆေးကုလိုတဲ့ မဟာလူသားတွေအတွက်
။ လက်နက်များဖြင့်ကမ္ဘာအားကိုယ်နာပါတယ် ။
လူသားတွေဟာ ကိုယ့်ဖြစ်စဉ်လေးတွေရဲ့ အချို့ အရာလေးတွေကို နာကျင်ခွင့်ရှိပါတယ်။
မမေ့နိုင်သောအချို့ အရာတွေကို ပိုနာကျင်ခွင့်ရှိပါတယ်။
ဓမ္မ အဓမ္မ ကိုခွဲတဲ့အခါ တောတွင်းဥပဒေကိုသတိရ ကိုယ့်မှာမှတ်မှတ်ရရ နာကျင်
သစ္စာတရားဟာ လူ့လောကမှာအရေးပါလှပါတယ် မှန်သောသစ္စာနဲ့ ကိုယ်နာကျင်ပါတယ်
ရွှေရည်စိမ် ဒီမိုကရေစီနိုင်ငံကြီးမှာ ကိုယ်နာကျင်စွာနေထိုင်ပါတယ်
၁၉၆၂ မှ ၁၉၈၈ အထိ ၂၆နှစ်ကြာ တစ်ပါတီစနစ် ကာလဆိုးကြီးအတွက် နာကျင်ပါတယ်
၁၉၈၈ မှ ၂၀၁၃ အထိ ၂၅နှစ်ကြာ ပါတီစုံအာဏာရှင်စနစ်ကြောင့် နာကျင်ပါတယ်
RIT က ၂၃နှစ်သား မောင်ဖုန်းမော် အတွက်နာကျင်ပါတယ်
သစ္စာတရားနဲ့ အမိန့်နာခံမှုအတွက် အတွင်းဝန်ရုံးထဲက လူကိုးဦးကို တော်မီဂန်းနဲ့ မသေမချင်းပစ်လိုက်ရတဲ့ ရဲဘော်လေးတွေအတွက် နာကျင်ပါတယ်
၁၃၀၀ပြည့်အရေးတော်ပုံမှာ နယ်ချဲ့တွေကိုတော်လှန် ရွှေရတု ရှစ်ရှစ်မှာ ကိုယ့်လူမျိုးကို ကိုယ်တော်လှန် နာကျင်မှုပါကွယ်
ရှစ်လေးလုံးအရေးတော်ပုံလို့ ငွေရောက်မှခေါ်ရတာ နာကျင်ပါတယ်
ကုန်သွယ်ရေးရုံးပေါ်က တပ်စုတစ်စုရဲ့ပစ်အားကို ကြုံရင် DEMOSTRATE လုပ်ပြချင်ပါတယ်တဲ့
နာကျင်ရပါတယ်။
။ အမုန်းမဟုတ်ပါကွယ် ကိုယ်နာကျင်နေပါတယ် ။
လမ်းလျှောက် တတ်စအရွယ် ကလေးဘ၀မှာ စစ်သားဆိုတဲ့အသံကြားရင် အိမ်ထဲပြေးဝင်ပုန်းခဲ့ရတာ
အထက်တန်းကျောင်းသားဘ၀မှာ စစ်သားတွေကိုအားကျခဲ့သည်အထိ ရုပ်မြင်သံကြားမှာကြည့်ခဲ့ရတာ
ခုံဖိနပ်ပျက်လေးနဲ့ ခွေးငတ်လေး ပုံပြင် လေးပါပဲ ။
ကိုယ်ဟာစစ်သားပါကွယ် တပ်မတော်ကိုမနာ စနစ်ကိုသာနာပါတယ်
ကိုယ်ဟာ မိဘပြည်သူပါကွယ် ကိုယ့်ကိုညာနေတာ နာပါတယ်
ကိုယ်ဟာ ဆရာဝန်ပေါ့ကွယ် ကိုယ်မသိတဲ့ရောဂါတွေအတွက် နာပါတယ်
ကိုယ်ဟာသွေးလွန်တုပ်ကွေးပါကွယ် ကိုယ်လာပြီးမှကာကွယ်တာ နာတယ်
ကိုယ်ဟာ စကားပြေမဆန်တဲ့ စာသားတစ်ချို့ ရေးသူပါကွယ် မြမ္မာမဆန်နိုင်ခဲ့တာ နာတယ်
မိနှင်းငယ်ရေ
သားငယ်လေးရေ ကိုယ်နာတယ်။ ။
မြတ်ဝေ
၂. ၉. ၂၀၁၃
ဒဂုန်တာရာ မြတ်ဝေ
ဒဂုန်တာရာ
မတ်လတော်လှန်ရေးထဲက မေ
စာပေသစ်ထဲက ကြယ်နီ
ရန်သူမရှိတဲ့ တော်လှန်ရေး။ ။
မြတ်ဝေ
၁၉.၈.၂၀၁၃
ဦးမင်းလူ ကောင်းမှု မြတ်ဝေ
ဦးမင်းလူ ကောင်းမှု
ငှက်ကလေး ပျံရှာတော့
ပန်းကျောင်း ဖွင့်မှာပေါ့။ ။
မြတ်ဝေ
၁၅.၈.၂၀၁၃
ကိုယ့် ကမ္ဘာကို ကိုယ်တွေ့လိုတယ် မြတ်ဝေ
ကိုယ့် ကမ္ဘာကို ကိုယ်တွေ့လိုတယ်
နေ့စဉ်။ ကိုယ့်ကိုကိုယ် သတ်သေမှုတွေနဲ့။ နေ့စဉ်။
ကိုယ်ငြင်းပယ်တယ်
ဆေးပြားတွေ ငွေစက္ကူတွေ ကဗျာတွေ
ဟောဗျာ ယဉ်ကျေးမှုဆိုတာတွေ
ဒီမှာ အချိန်တိုင်းကျရှုံးနေတဲ့ လူ့အဖြစ်မှတစစ ယိုကျခြင်းတွေ
ကိုယ့်နာမည်ကို ကိုယ်ပြန်ရွတ်ဆိုလို့
ကိုယ်နေချင်တဲ့ ကမ္ဘာကို ကိုယ်တွေ့လိုတယ်။
မြတ်ဝေ
၂၇.၇.၂၀၁၃
ကိုယ် အပူထဲကလာတယ် မြတ်ဝေ
ကိုယ် အပူထဲကလာတယ်
ဘယ်တော့မှ ကိုယ့်ကိုအေးချမ်းမှုထဲမထည့်ပါနဲ့
အန္တရာယ်အပြည့် စိတ်တွေ ခင်ဗျားကို တော်လှန်လိမ့်မယ်
အချစ်စိတ်
ကမ္ဘာအဝေး
ကိုယ့် ကိုယ်ထည်မှာသမိုင်းရှိတယ်
အသံတွေဆီက ထွက်ပြေးတာ
စာသားတွေဆီ ပြန်ပြန်မလာတာ
ကိုယ့်ကြေကွဲစရာ အပြင်ဘက်
ကမ္ဘာ အသေ
အမှန်တရား အသေ
ကြောက်စိတ်
မီး
ကိုယ့် ကိုယ်ထည်ကြီးကို အေးစက်မှုထဲ မထည့်ပါနဲ့
လာတယ်။ ။
မြတ်ဝေ
၂၃.၇.၂၀၁၃
ကမ္ဘာကြီးက ခင်ဗျားကိုတွေ့လိုတယ် မြတ်ဝေ
ကမ္ဘာကြီးက ခင်ဗျားကိုတွေ့လိုတယ်
ကိုယ်မသိတော့ပါဘူးကွယ် ။
အရသာဟာအရူးဆန်တယ်
ကဗျာစစ်စစ်ကိုမှ သောက်ချင်တဲ့ အနုပညာကြီးရယ်
တော်လှန်ရေးမှာ ခေတ်ကမပြောင်း ကျည်ဆံတွေပြောင်းပြောင်းသွားတဲ့
ငြိမ်းချမ်းရေးက ခင်ဗျားကိုတွေ့လိုတယ်
အားနာပါတယ်။
မြတ်ဝေ
၂၁.၇.၂၀၁၃
ကျွန်တော်မျိုးမ ကျမ ကြွေ မြတ်ဝေ
ကျွန်တော်မျိုးမ ကျမ ကြွေ
။မလွမ်းဘယ်သူ နေတတ်မည်။
ဘဝဟာ လက်သည်းကြားထဲဝါးမျှင်ကလေးတွေ ထိုးစိုက်ထားသလို
နာနာ ကျင်ကျင်
ပိုးမဝင်ဘဲ ခိုင်သွားတဲ့ မေးရိုးတွေနဲ့သာ ပျော်ရွှင်မိပါရဲ့
ကိုယ့်ကမ္ဘာကြီးကို ထပ်တွေ့လိုတယ်။
။မတမ်းဘယ်သူ နေတတ်မည်။
ကြိုးတန်းလေးမှာ ချိတ်ဆွဲထားခံရတဲ့ ဖိုးသာထူးရုပ်လေးပါပဲ အရှင်ဘုရား
အခု ဘာစားလိုသလဲဆိုတော့
အစာမ၀င်သူ လူမမာကြီးက တမ်းတတဲ့ ပျော်ရွှင်မှု
အဲဒီ အငွေ့အသက်
ကိုယ့်ကို ထိုးစိုက်နေရဲ့. ။
။မချမ်းဘယ်သူ နေတတ်မည်။
ဓာတ်ဘူးထဲက ရေနွေးလေးတွေဆိုတာ ခုခေတ်ရဲ့. ချစ်ခြင်းမေတ္တာ
ကိုယ်ဟာတစ်နေ့လုံး ကိုယ့်အသိစိတ်ကို ရွတ်ဆိုလို့
ချာချာလည်တဲ့အထိ ရပ်စောင့်တယ်
နာကျင်ကြေမွ အဲဒီ ဒဏ်ရာ
ပန်းဆယ်မျိုးဟာ ကြွေပါဘုရား။
။လန်းလန်းလက်လက်။
ကိုယ့်အသက်လေးကိုမှ နှိပ်စက်လိုသူ ပန်းပုသမား
ကျောက်တုံးကြီးထဲက ကျောက်သားလေးတွေ ခွာချလိုက်တော့
ကျတော်မျိုးမ ကျွန်မရယ် ကြေ
ကြွေ။ ။
မြတ်ဝေ
၂၀.၇.၂၀၁၃
ကိုယ့်ဘဝတစ်ခုလုံး ဆရာဝန်မလေးနှင်းကို ပြထားတယ် မြတ်ဝေ
ကိုယ့်ဘဝတစ်ခုလုံး ဆရာဝန်မလေးနှင်းကို ပြထားတယ်
။ရခဲ့ ပြီ။
ဝလုံး ဝိုင်းဝိုင်းလေးတွေရေးတုန်းက ရခဲ့တဲ့ စိတ်မှာ ဒဏ်ရာ
မရှိတဲ့အသံတွေ ကြားကြားနေရတာ
မဟုတ်တဲ့ အရုပ်တွေ မြင်မြင်နေမိတာ
မမှန်တဲ့ စကားတွေ လေထဲ လွင့်နေတာ
ဘာရောဂါလေးပါလိမ့် ဆရာဝန်မလေးရယ်။
။ကျခဲ့ပြီ။
အခုတော့ကျကွဲသွားပါပြီ
ကိုယ်ဟာ ဓားသွားကိုမက်မောမိသူ ထန်းတက်သမား
အဲဒီဓားတွေကပဲ ကိုယ့်အရေပြားတွေ ပြတ်ရှစေရုံ
ကိုယ့်သွေးတွေ နံရံပေါ် အရုပ်တွေ အားလုံးဖြစ်
အချစ်ဟာ ခွဲစိတ်ဓားအောက်က သွေးကြောပါးပါးလေးတွေ ဖြစ်ကြောင်းသက်သေ
ငေးကြည့်နေမိတာ
ကိုယ်မရတော့တဲ့ ညနေစစ်စစ်ပေါ်က ခုန်ချမိသူ ကိုယ့်အကြောင်း
ဆရာဝန်မလေး စမ်းသပ်ပါ။
။ကြွခဲ့ ပြီ။
နေ့စဉ်
ကဗျာလိုသူ တစ်ယောက်ရဲ့ စိတ်အကြွ ပြန်အကြွေ
စာသားများသာ ကိုယ့်ကမ္ဘာ ဖြစ်စေဖို့
ဆရာဝန်မလေး ကူပါ။
။လေခဲ့ ပြီ။
အကြမ်းဖက်ခံ မြမ္မာကဗျာလေးတွေရဲ့ ဘာသာစကား
စိတ်ဟာ စာသားတွေအောက်မှာ အသေ။
။ဝေခဲ့ ပြီ။
အချစ်ဆိုတာ ပေတရာလမ်းပေါ် ပြုတ်ကျနေတဲ့ ခေတ်ကြီးပေါ့ကွယ်
လေတွေကလည်း လမ်းပေါ်
လူတွေကလည်း လမ်းပေါ်
ဘယ်တော့မှ ပြန်မရနိုင်တော့တာ ကိုယ့်အစိတ်အပိုင်းတွေပါ
လမ်းတွေလျှောက်တော့လည်း ကိုယ့်စိတ်တွေ နာနာနေလို့
ဆရာဝန်မလေး ကယ်ပါ။
။နေခဲ့ ပြီ။
ခွေးကိုက်ရာလေးတွေနဲ့ ခုံဖိနပ်လေးရဲ့
ကျန်းမာရေး အတွက်ပါ
လဲကျနေတဲ့ ပစ်တိုင်းထောင်ရုပ်လေးတွေရဲ့
ချစ်ခြင်းမေတ္တာ အတွက်ပါ
ထန်းလက်ငါးလေး ရွှေစာရံနဲ့
ဗုံတီးလိုသူ သားငယ်လေးအတွက်ပါ
ကိုယ့်ဘဝအစုတ်ကလေးကိုမှ ကောက်ထားချင်တဲ့ ဆရာဝန်မလေးကိုမှ
ကိုယ့်ဘဝ တစ်ဘဝလုံး ကုသစေလိုပါတယ်။
။ကြွေခဲ့ ပြီ။
ကိုယ်မှ ထွက်သောချွေးများဟာ ကမ္ဘာကြီးရဲ့ နှလုံးခုန်သံအတွက်ဖြစ်ပါတယ်။
။ကိုယ့်မှာ အားငယ်။
မြတ်ဝေ
၁၇၊ ၇၊ ၂၀၁၃
စာသား ရုပ်ရှင် (၃) မြတ်ဝေ
စာသား ရုပ်ရှင် (၃)
။အော်သံ အသေ။
ဆက်သွယ်မှုအဝန်းအဝိုင်း အပြင်ဘက် လည်နေတဲ့ သုည
အိပ်မရတာမဟုတ်ဘူး မအိပ်တာ။ ကိုယ့်ရှင်သန်မှုကို ဖမ်းဆွဲပြီး အော်သံ
အသံ အိပ်ခန်းထဲကနံရံပေါ်မှာ ကိုယ့်အော်သံတွေ
ငါအိပ်ရာကထတော့ ဒါကိုငါတွေ့တယ်
ရပ်နေတဲ့ စိတ်ကို ကိုယ်ရခဲ့တယ် အေးစက်တဲ့ လက်တွေကို ကိုင်ဖို့ ကိုယ့်အားမှာ အူကာငင်နေတဲ့ရုပ်တွေ။
အင်။
နေ့ဟာရှည်လျားလွန်းတဲ့ အခါ ညဟာ ပျောက်ရှသူရဲ့ ကမ္ဘာ အမှောင်ထဲ အော်သံတွေရောက်လာမယ်
။အော်သံ၊ အော်သံ။ အော်သံ(လုံးဝ) လုံးဝ အော်သံ။
။ဒီတော့ကာ ကိုယ်ကြေကွဲရပါတယ်။ငိုသံ ရုပ်သေ
စာသားတွေအပြင်ဘက် ဘာသာစကားအသေ။ အသံထွက်ကို လက်ကစရေးတတ်တဲ့ နေ့ကစပြီး
ရောက်ချင်တဲ့အရပ် ရောက်သွားတဲ့ စိတ် ဖမ်းမရ။ ကိုယ့်မှာ အသေ
ကိုယ်ဟာပြုတ်ကျနေတာကို တွေ့ရတယ်
ရှေးကဗျာတွေဆီက လာတယ်၊အော်သံ၊ ခေတ်စမ်းတွေဆီကလာတယ်၊ အော်သံ၊မိုးဝေဆီကလာတယ်၊ အော်သံ၊ တော်လှန်တွေဆီက လာတယ်၊ အော်သံ၊ ခေတ်ပေါ်ဆီကလာတယ်၊ အော်သံ၊ ခေတ်ပြိုင်ဆီကလာတယ်၊ အော်သံ
အော်သံအစ်ရှ။ ပါးစပ်ဖျားက နာနာကျင်ကျင်။ ကိုယ့် ဒဏ်ရာဆီက ငြီးငွေ့စွာ။ ပျော်ရွှင်မှုတွေ ရဲ့ကမ္ဘာထဲ
ဒီလို တဖြည်းဖြည်းတိုးတက်လာတဲ့
စာသားထဲပိတ်မိနေတဲ့ လူသားတွေရဲ့ အော်သံ၊ အော်သံ၊ အော်သံ
ကဗျာမှာ အော်သံ နှလုံးသားဟာအရေးပါကြောင်း အော်သံ၊ သိုင်းကျင့်နေတုန်း အော်သံ
တစ်နေ့လုံးပွင့်နေကျပန်းကလေးတွေ အော်သံ မြေပြင်ပေါ် ပြုတ်ကျ အော်ဟစ်သံ
ဒီမှာ အရောင်ရှိတယ်။ ဒီမှာ အလင်းရှိတယ်။ ဒီမှာ အလျှင်ရှိတယ်။ ဒီမှာ လူသတ်မှုရှိတယ်။ ဒီမှာ အကြမ်းဖက်တွေ ရှိတယ်။ ဒီမှာ အစွန်းရောက်။ ဒီမှာ ချစ်ခြင်းမေတ္တာ။ ဒီမှာ အနုပညာ။ ဒီမှာ ယုံကြည်မှု။ ဒီမှာ စာသားတွေ အသေ။ ဒီမှာ လူသားဆန်မှု အသေ။ ဒီမှာ အရှင်ကောင်တွေ အသေ။
ဆိုပါစို့ ခင်ဗျားဟာ အသေ။
ချာချာလည်မျက်လုံးတွေ၊ ရုန်းကန်အော်ဟစ်၊ မျက်လုံးအိမ် ပြူးကျယ်
အခြားကမ္ဘာဆီငေးမော၊ ကဗျာတွေဖတ်နေရတာကိုက အော်သံ အဝေး အော်သံ အဝေးကြီး အော်သံ
သင့်ဆီကလာတယ် ဒါဟာ အော်သံ ၊ အားနာပါရဲ့၊ ကိုယ့်ဆီမှာ ပျောက်ရှခဲ့၊ အော်သံ
ဘဝရဲ့ ရှေ့မှာ ကိုယ်ဆွဲချထားတဲ့ အသက်အရှင်လတ်လတ် အော်သံ ကိုယ်ကြားတယ်
ဒီမှာ ကိုယ့်အဖြစ်တွေ ညစဉ် ပျောက်ဆုံးမှုထဲ စိတ်ပိဖွယ် ရခဲ့တယ်။ သက်မဲ့ အော်သံ
။နာကျင်နေတဲ့ ဂီတ။ ဒါကို ကိုယ်ရခဲ့တယ်။
အစွန်းရောက် စိတ်ပျက်ဖွယ် ယဉ်ကျေးမှု စာသားများနဲ့ ဒါကို ကိုယ်ရခဲ့တယ်။
တစ်နေ့ပြီး တစ်နေ့ အဝေးဟာ နီးလာ
ဒါကို ရခဲ့တယ်။
စာသား ဟာ အသေ။ ။
မြတ်ဝေ
၂၉၊ ၆၊ ၂၀၁၃
ကိုယ့်ခြေထောက်တွေဟာ ထုံကျင်နေရဲ့ ဒါကိုပဲ ကိုယ်နှစ်သက်တယ် မြတ်ဝေ
ကိုယ့်ခြေထောက်တွေဟာ ထုံကျင်နေရဲ့ ဒါကိုပဲ ကိုယ်နှစ်သက်တယ်
တစ်နေ့ထက်တစ်နေ့ ကဗျာစာသားတွေဟာပိုပြီး တိုးတက်လာမယ်။ ကိုယ့်ခြေထောက်တွေဟာ အခိုင်ဆုံးသက်သေတွေမဟုတ်လား။ ရမ်တစ်ခွက်ထက် ပိုအရသာရှိမယ့် နေ့စဉ် တက်ကြွမှုမျိုး ကိုယ့်ဘ၀မှာရချင်တယ်၊
ရူးတယ်ဆိုပါဆို့၊ ကိုယ်အမုန်းဆုံးတွေထဲမှာ ဖျက်ဆီးခံလိုက်ရတဲ့ ကိုယ်တို့ယုံကြည်မှု ရှိတယ်၊
နောက်တော့ အကောင်းမြင်သမားဟာ ဓားဆောင်တတ်လာတယ်။ သွေးထားတဲ့ စိတ်ဟာ သူ့အလိုလို ပြန်ရှလာတယ်၊ ခေတ်ထဲမှာ မတွေ့ရတဲ့ နာကျင်မှုမျိုးနဲ့ လွင့်မျော၊
မှန်ထဲက သူ့အရိပ်ကို သူပြန်သတ်၊ တစ်နေ့ ပြီး တစ်နေ့ ကဗျာတွေရဲ့ စာသားထဲ အရေးပေါ်၊ အသေကောင်တွေရဲ့ အခန်းအပြင်ဘက် နေ့စဉ်ထွက်ပြေး၊ လူတွေဆီက ရရှိခဲ့ရပါသော ကိုယ့်အစိတ်အပိုင်းများ ။ ကိုယ်ပြန်ဆက်မရ။
အခုတွေ့ရတဲ့ ယဉ်ကျေးမှုဟာ လူသတ်ခြင်း၊
အစွန်းရောက် တစ်ကောင်ရဲ့ သွေးတွေကို ကိုယ်ဖောက်ထုတ် တိုက်ခိုက်၊ နေ့တိုင်း
အသေ
ရှင်သန်ခြင်းတွေထဲမှာ ကိုယ်ထုံကျင် အေးစက်၊ အဲဒီကမ္ဘာကြီးပေါ်မှာ နေထိုင်။
ပျော်ရဲ့လားဆိုတာကို ကိုယ်နှစ်သက်မိတယ်၊ ငိုနေသံဟာ ကမ္ဘာရဲ့ ခြေထောက်တွေ
ဆာလောင်မွတ်သိပ်နေတာ ကမ္ဘာရဲ့ လက်တွေ၊ မီးလောင်နေတာ ကမ္ဘာရဲ့ အသံ။
ကမ္ဘာဟာ သူ့ကိုယ်သူ အသေခံဗုံးတွေတပ်ဆင်ထားတဲ့ ယုံကြည်မှုတွေ အပြည့်၊
ဒါကိုပဲ ကိုယ်နှစ်သက်တယ်။
အာရုံကြောတွေထဲ သိစိတ်တိုးဝင်လာခြင်းကို မေ့ထား။
ရူးသွပ်သူတစ်ယောက်ရဲ့ စာသားတွေကိုမေ့ထား။
လူတစ်ယောက်ဟာ လူသားဖြစ်မှန်းသိရှိတဲ့အထိ ထုံကျင်မှုမျိုး ကိုယ်ရခဲ့တယ်၊ ခြေထောက်မှာ ကြွက်သားတွေ ပြတ်တောက်တဲ့ အထိ ပျော်ရွှင်ဖို့
ကိုယ်ရခဲ့တယ်။
မြို့မငြိမ်းရဲ့ မှန်ထဲကမေကို ကိုယ်ရခဲ့တယ်။ မပြီးသေးသောပန်းချီကား။
ကဗျာစာသားတွေ အဆင့်ဆင့် တိုးတက်လာတဲ့ ကိုယ့်ရဲ့ ရယ်သံမျိုး
အဲဒီ အစွန်းရောက် ထုံကျင်မှု
ဘာကိုမှ မကြည့်ဖြစ်တော့ရင် လမ်းပေါ်ကျကွဲနေတဲ့ ကိုယ့်စိတ်လေးတွေကိုယ်ကြည့်နေရတာကိုက ထုံကျင်နေရဲ့
အဲဒါကို ကိုယ်ယုံကြည်တယ်။
မြတ်ဝေ
၂၀၊ ၆၊ ၂၀၁၃
လေဒီ မြတ်ဝေ
လေဒီ
မိုးတွေရွာပြီးတဲ့နောက်
အမှိုက်တွေဟာ တောင်ကျချောင်းနဲ့အတူ မျောပါသွားရတော့မှာပေါ့
ဘာကိုစိုးထိတ်နေရမလဲ လေဒီ
ဒီမှာ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်တွေ ရှိတယ်
ဒီမှာ ကွန်မြူနစ်မဆန်ဘဲ ကွန်မြူနစ်ဟန်ဆောင်ထားတာတွေ ရှိတယ်
ဒီမှာ ကြယ်နီမဟုတ်တဲ့ ကြယ်မှီတွေ ရှိတယ်
ဒီမှာခွပ်ဒေါင်းမဟုတ်ဘဲ ခေတ်ကောင်းမှကူးလာတဲ့ ငပြောင်းတွေ ရှိတယ်
ဘာကိုဂရုစိုက်နေရမလဲ လေဒီ
လေတွေ လာပြီးတဲ့နောက်
ဖုန်မှုန့်တွေဟာ သစ်ရွက်တွေပေါ်က လွင့်ပါသွားသလို လွင့်ထွက်သွားရတော့မှာပေါ့
ရွှေရည်စိမ် ဒီမိုကရေစီနိုင်ငံရေးမို့
ရွှေရည်စိမ် ငြိမ်းချမ်းရေးမို့
ရွှေရည်စိမ် လူ့အခွင့်အရေးမို့
ရွှေရည်စိမ် တရားဥပဒေစိုးမိုးရေးမို့
ရွှေရည်စိမ် နိုင်ငံကြီးကို စိတ်မပျက်ပါနဲ့
အရင်လို မိုးတွေရွာပြီးတဲ့နောက်
သင့်ချစ်ခြင်းမေတ္တာအောက်မှာ
ရွှေရည်စိမ် အမှိုက်တွေအားလုံး တောင်ကျချောင်းနဲ့အတူ မျောပါသွားရတော့မှာပေါ့
လေဒီ
သင့်ဆံပင်ဖြူတွေကြားက မေတ္တာတရားကို ယုံကြည်တဲ့
သင့်နှလုံးသားထဲက ငြိမ်းချမ်းရေးကို ယုံကြည်တဲ့
သင့်ဦးနှောက်ထဲက လူ့အခွင့်အရေးကို ယုံကြည်တဲ့
သင့်ယုံကြည်ချက်ထဲက ပြည်သူတွေအတွက်
ကျည်ဆံတွေအစား ပန်းများပွင့်စေဖို့
တစ်နိုင်ငံလုံးတွင်မှ တစ်ပွင့် ပွင့်ရန်ခက်ခဲသော
သင့်အမည်နာမကို ကမ္ဘာမိုးသားပေါ် ဖြန့်ကျဲလိုက်ပါတယ်
မြန်မာပြည်မှ ချစ်သော
လေဒီ။ ။
မြတ်ဝေ
၁၉၊ ၆၊ ၂၀၁၃
ဒီစာသားတွေကို ပယ်မရလို့ ကိုယ်သုံးတယ်
-ကျည်ဆံတွေအစား ပန်းများပွင့်စေဖို့
-အမည်နာမ
ပျော်ပျော်နေ မိုင်ဆန်း မြတ်ဝေ
ပျော်ပျော်နေ မိုင်ဆန်း
/မြတ်ဝေ/
ပျော်ပျော်
ခေါ်မိတဲ့ ချစ်မေတ္တာရဲ့ လက်ဆောင်အဖြစ် ငါတို့ မနက်ဖြန်၊ သစ္စာနဲ့ ပတ်ပျိုး
ရယ်သံလေးတွေကို အစအဆုံး ကြိုးသီလို့ သူ့မှာ
နေ့စဉ် ကြွေ။ ။
ပါးပါး
စိတ်မှာ စားနေတဲ့ ကြိယာ၊ ဘာသာစကားနဲ့ ကဗျာ
ချစ်သားလေးနဲ့ ဆေးပြားတွေကြားမှာ ပိတ်ပိတ်မိနေလို့ ကိုယ့်မှာ
နေ့စဉ် ကြွေ။ ။
မော်မော်
ချစ်ဇနီးက ခေါ်လို့၊ အမှောင်မှာ ထိုးစိုက်တဲ့ ဓား
သားအနားဆီ လေးလံတာတွေ လွင့်လွင့်မျောနေလို့ နှင်းမှာ
နေ့စဉ် ကြွေ။ ။
ကြွားကြွား
ကရားရေလွှတ် တီတွတ်တဲ့ အနှစ်ကာ၊ ငိုငို ပြုံးပြုံး
အားတွေ အင်လုံး သုံးသုံးနေလို့ အိမ်လေးမှာတဲ့
နေ့စဉ် ကြွေ။ ။
သားသား
အညစ်အကြေးတွေ ကြားမှာ၊ အရိုင်းလေးရဲ့ အယဉ်
အမှန်ကို ကိုယ်တွေမြင်ဖို့ ဘ၀မှာ သူပင်သင်ခဲ့လေသတဲ့ အသစ်မှာဗျ
နေ့စဉ် ကြွေ။ ။
မြတ်ဝေ
၁၅၊ ၆၊ ၂၀၁၃
Minimalist ကဗျာဆရာတစ်ယောက်ကို ဦးညွှတ်လိုက်ခြင်း
Minimalist ကဗျာဆရာတစ်ယောက်ကို ဦးညွှတ်လိုက်ခြင်း
ဒီဆေးရုံပဲ
ငါလည်းတစ်နေ့ နောက်ဆုံးကျ ဆင်မိုက်ကြီးဒူးတုပ်ရမှာပဲ။
ခေတ်တစ်ခုရဲ့သားကောင်= လှသန်း
ကဗျာဆရာ လှသန်းဟာ minimalist အနည်းဆုံးဝါဒီကဗျာဆရာ
လူအထင်မကြီးတဲ့ ဒုတိယမျိုးဆက် မြန်မာမော်ဒန် ကဗျာဆရာတစ်ယောက်
ကဗျာဆရာဘဝကိုပဲ ကျေကျေနပ်နပ် သေသေချာချာ ရွေးချယ်
ရေးချင်တာတွေပဲရေးပြီး၊ မရေးချင်တာတွေကိုမရေးတဲ့
ဗမာကဗျာမှာ အရေးပါတဲ့ ကဗျာဆရာတစ်ယောက်။
Minimalism ဟာအတိုအရှည်ပမာဏထက် ခံယူချက်ကို အလေးထားပြောချင်တာ
လှသန်းရဲ့ ကဗျာခံယူချက်အဘိဓမ္မာ
အနည်းဆုံးဝါဒီဆိုတာ စစ်ပြီးခေတ် အမေရိကမှာ ပေါ်ထွန်းတဲ့ မျက်မြင်အနုပညာ
အနည်းဆုံးမဟုတ်တောင်မှ ကန့်သတ်ထိန်းချုပ်ပြီး ဖော်ပြတဲ့အနုပညာ
နောက်ဆုံးဖြစ်တဲ့ မော်ဒန်ဟန်
အကူးအပြောင်းကာလမှာ ပေါ်တဲ့ဟန်
အတ္တ/ငါ ကို ဗဟိုပြုထားတဲ့ ကဗျာအမျိုးအစား
ABC Art, Cool art, Primary Structures, Rejective Art
လိုရင်းအဓိပ္ပာယ်ရအောင် တိုတိုရှင်းရှင်းရေးဖွဲ့တာ
ဘဝကို နေထိုင်ဖြတ်သန်းမှု အတွေ့အကြုံ
အတွင်းသား အနှစ်သာရ ခံယူချက် အဘိဓမ္မာအထိ
အပိုဆာဒါးတွေ မပါ
သူမရှိတော့ပေမဲ့ သူ့ကဗျာတွေ ကျန်ခဲ့တယ်
ကျားနာတစ်ကောင်ရဲ့ တို့အဖြစ်က တို့တိုင်းပြည်လိုပဲ
အတွင်းသား အနှစ်သာရနဲ့ နီး
ကျူးလွန်ခဲ့သမျှမှာ ထုးချွန်ဖို့ပဲ လိုအပ်တယ်
ညီလေး ။
နေ့စဉ်ဘဝရဲ့ သေလုမျောပါး ကိုယ်နဲ့မင်း
၁၉၉၃ ခုနှစ်က ဖိနပ်တစ်ရန် သက်တံ တံတားကြိုးကျခြင်း သေလုမျောပါး
မလုံလောက်လို့၊ မလုံလောက်လို့၊ မလုံလောက်လို့၊ ကိစ္စမပြတ်လို့၊ ကိစ္စမပြတ်လို့၊ ကိစ္စမပြတ်လို့၊ မပြီးလို့၊ မပြီးလို့၊ မပြီးလို့ လက်မောင်းသွေးကိုဖောက်ကြည့်ခြင်း
ကဗျာသတင်းဂျာနယ် သူငယ်ချင်းအပျင်းပြေဖတ်ဖို့ ကဗျာ
မအောင်မြင်မှုမှတ်တမ်း (ဝါ) ကျဆုံးမှုမော်ကွန်း
ဆိုရှယ်လစ်ခေတ်နဲ့ ဆိုရှယ်လစ်လွန် အစိုးရရဲ့ တံခါးပိတ်နိုင်ငံရေးစနစ်
သာမန်ပြည်သူ၊ သာမန်ဘဝ၊ သာမန်ဦးနှောက်၊ သာမန်မိသားစု၊ သာမန်အသက်ရှင်မှု
ကိုယ်ပေါ်က ဆေးမင်ကြောင်တွေဟာ သူတို့ရဲ့ သမိုင်းဖြစ်လာတယ်။
လှသန်းဟာ မြေအောက်လောက ကထွက်ပေါ်လာတဲ့ ကဗျာဆရာတစ်ယောက်
မျိုးဆက်တစ်ခု ဦးနှောက်တွေဖျက်ဆီးခံရတာကို မကွယ်မဝှက်မှတ်တမ်းတင်တဲ့
ဆိုရှယ်လစ် တိရစ္ဆာန်ရုံထဲက ကျားနာ တစ်ကောင်
ယင်ကောင်တွေ ဝဲနေတဲ့ စားပွဲတစ်လုံး
တမြည့်မြည့်လောင်ကျွမ်းနေတဲ့ ကဗျာတစ်ပုဒ်
လှသန်းဟာဘယ်သူလဲ။
မြန်မာပြည်ရဲ့ သာမန် အလန်ဂျင်းစ်ဘတ်
မြားမှန်ထားတဲ့ ပန်းသီး
ပြောင်းပြန်စီးဖို့ ကြိုးစားခဲ့တဲ့ မြစ်တစ်စင်း
ဆံပင်အရှည်ကြီးနဲ့ဟစ်ပီ
လိမ့်နေတဲ့ဂေါ်လီတစ်လုံး
အသဲကွဲနေတဲ့ ရဲဘော်ဟောင်း
စုတ်ပြတ်ဖွာလန်နေတဲ့ ဂျင်းဘောင်းဘီဟောင်းတစ်ထည်
မြုံနေတဲ့ အနာ
ခေတ်တစ်ခေတ်ရဲ့ ဓားစာခံ
လှသန်းဟာ ဘယ်သူလဲ ကြည်မောင်သန်း
လှသန်းဟာဘယ်သူလဲ ရန်မခ
လှသန်းဟာဘယ်သူတုန်း လိပ်ပြာသန့်သန့်
လှသန်းဟာဘယ်သူတုန်း မောင်သီးသန့်
လှသန်းဟာဘာလဲ စံသိုက်
လှသန်းဟာဘာလဲ နမိတ်ထွန်းထွန်း
လှသန်းလာသေးလား ရဲရဲနွယ်
လှသန်းလာသေးလား ဝေဝေ
လှသန်းဟာ အောင်ခင်မြင့်လား
လှသန်းဟာ ဇော်ဇော်အောင်လား
လှသန်းဟာ သစ္စာနီလား
လှသန်းဟာ စာအုပ်ထုတ်ဝေရေးရဲ့ အသစ်စက်စက်သားကောင်လား။
လှသန်းဟာ ဆိုရှယ်လစ်စနစ်ရဲ့ ဘေးထွက်ပစ္စည်းပါ ပေါ့ယဉ်ကျေးမှုရဲ့ သားကောင်ပါ။
###သတိပြုစေချင်တာက
ကဗျာဆရာလှသန်း ၁နှစ်ပြည့် အမှတ်တရကဗျာစာအုပ်များ၊ ကဗျာလောကစာအုပ်ပါ အရေးအသားများ၊ ကဗျာဆရာလှသန်းရဲ့ ကဗျာစာသားများ ဖြစ်ပါတယ်
By Myat Wai · Saturday, November 3, 2012
ကိုယ့်အဖြစ်ဟာတစ်နေ့လုံး ပျက်ကျနေတဲ့လေယာဉ်ကြီး မြတ်ဝေ
ကိုယ့်အဖြစ်ဟာတစ်နေ့လုံး ပျက်ကျနေတဲ့လေယာဉ်ကြီး
မနက်ခင်းထဲက အသံ ကိုယ့်ဘဝမှာ ကျယ်လောင်ကျွမ်းပဖွယ် နေ့ကြီး
ခက်ပေါ့ကွယ် ခုံဖိနပ်ပျက်လေး ငတ်မိသူ ခွေးအလေးကိုယ့်မှာ
အဟောင်း အဖျင်းတွေနဲ့ ပျံသန်းနေသူကြီးပါကွယ် ပျက်ပျက်ပြီးရင်းကျလို့
လောင်နေတဲ့မီးပေါ်က အနာအပေါ်တုတ်ကျလို့ တုတ်တုတ်မှ မလှုပ်နိုင်ရုံ အသက်
စိတ်ဟာ တလွှာချင်းကွာကျလာတဲ့ ပွင့်ဖက်လေးတွေလိုလန်းလွင့်ရမယ့်အစား မဲပြာလို့
ဟေး လို့ အကျယ်ကြီးအော်ပြီး မြေပြင်ပေါ်တရွတ်တိုက်ပါသွားတဲ့ အကြွေ
ကိုယ့်တောင်ပံတွေ ကိုယ့်အတောင်ပံတွေလေ
ညောင်းညာပြီး မွစာတိုက် အံသေလက်တွေနဲ့ စပ်ယှက်လို့
လေထုထဲမှာ အတက်အကျ စိတ္တဇတွေရဲ့ ဖိအား
အားလို့ အော်အော်ပြီး ကိုယ်ခုန်ချမိရဲ့ တွယ်တာရာမဲ့လက်တွေမှာ ဆုပ်ကိုင်စရာ လေတွေ လေ
အဆင်မပြေခြင်းတွေသာ သယ်ဆောင်ပြီး ချစ်ခြင်းမေတ္တာရှိရာပို့ဆောင်မိပေါ့
အတိအကျမသိသူ လေယာဉ်ကြီး မင်းကွင်းပေါ်သက်ဆင်းဖို့ကြိုးစား
လမ်းဟာ ခေတ်ဆိုးတွေကြားမှာ ဝေဝါးလို့ ကိုယ့်အသံကိုမှ မင်းမှန်းဆရပါစ အချစ်ရယ်
သတင်းတွေမှာလဲ လမ်းမှားသူကြီးသာ အထီးကျန် အေးစက် ကိုယ်ပဲ မှားခဲ့သူ
တစ်ရက်မှ မနားခဲ့ရသူတစ်ယောက်ရဲ့ စက်တွေ မောင်းနှင်ပြီး လည်ပတ်
အရက်လက်ကျန်လေးတွေထထရှာသူလို တုန်တုန်ယင်ယင် ချောက်ခြားဖွယ်ယဉ်ကျေးမှုထဲ
ဟန်ဆောင်အပြုံးတွေအားလုံး ကိုယ့်မျက်လုံးမှာအသေ။ အကြောက်တရားတွေ အသေ။
လှောင်ပြောင်ရယ်မော သရော်တတ်သူ လေယာဉ်ကြီး အခုအသေလေ။ အတွေးတွေ အသေ။ အနုပညာ အသေ။ ကိုယ်ချင်းစာတရား အသေ။ ကဗျာ အသေ။ မင်းကိုချစ်တဲ့ လူကြီးအသေ။ သားကိုချစ်တဲ့သူကြီး အခု အသေလေ။
ဖေ့ဘွတ်ပေါ်က သတင်းတွေဖတ်ပြီး၊ ဂူဂယ်ထဲက ဓာတ်ပုံတွေကြည့်ပြီး လိုရာဆုကိုသာတောင်းပါ
အတောက်ပဆုံး အလင်းတွေစုပေါင်းပြီး ပျံသန်းဖို့ ပျက်ကျနေတဲ့
သေမယ့်အခေါက်မှ စစ်ထဲဝင်မိသူလေယာဉ်ကြီး မင်းစီးမိမှာသာ မဖြစ်စေချင်တာပါ
နောက်ဆုံး ကြွေကျရတဲ့အခါ ကိုယ်တစ်ယောက်ထဲမဟုတ်မှာသာ စိုးရိမ်တာပါ အချစ်ရယ်။
မြတ်ဝေ
၂၅၊ ၁၂၊ ၂၀၁၂
ကိုယ်အိပ်တော့မယ်ဆိုမှ ကိုယ့်အသံဟာလေလွင့်လို့ မြတ်ဝေ
ကိုယ်အိပ်တော့မယ်ဆိုမှ ကိုယ့်အသံဟာ လေလွင့်လို့
အဝေး
အိပ်နေတဲ့ ဒီမိုကရေစီမျိုးဆက်လေး ရှိရာအရပ်မှာ
ကိုယ့်အသံလေး တိုးတိုးတိတ်တိတ် အိပ်နေတဲ့သူ့အပါ် မိုးမိုးကျ
ချစ်ခြင်းမေတ္တာ။
အလွမ်း
ကိုယ်တို့ဟာ သွေးတွေ အသက်တွေ ရက်၊ လ၊ နှစ်တွေ ပေးပြီး
အသံကုန်ဟော်ဟစ် တဆစ်ဆစ် ကြွေကျ နွမ်းလျစွာ နေ့စဉ်
တော်လှန်ခြင်း။
တမ်းတ
ကမ္ဘာပေါ်က လွတ်လပ်ခြင်းတွေဆီ ပစ်လွှတ်လိုက်ပြီး နောက်ပိုင်း
အော်ဟစ်နေတဲ့ နီတာတွတ်ဘေး ထိုင်းငေးရတဲ့ အရိပ်လေးနှစ်ခု
မိသားစု။
နေ့စဉ်
ပျံသန်းပါ ပျော်စရာ ရုန်းထလို့ လဲလဲကျ လွင့်စင်ထွက်သွားရ
အရိပ်လေး စိတ်က ပျံသန်း သူ့ဆီ မှတဆင့် ရင်နင့်အောင်
အနုပညာ။
အိပ်မက်
ကောင်းကင်ဆီလျှံတက် လှခြင်းရဲ့ပန်းတွေ ပြန့်ကျဲချလိုက် ညဆီ
ချိုးငှက်ကလေးအော်မြည် သံလွင်ခက်လေးတွေ စီချထား သူ့ပါးပြင်မှာ
ငြိမ်းချမ်းရေး။
စိတ်ကူး
ပျော်စရာ စိတ်ထဲမှာရှိတာတွေ လက်ထဲ ကျစ်ကျစ်ပါ
သူ့လက်လေးဆီမှာ ကိုယ့်လက်လေး ကိုယ့်လက်ဖဝါးထဲ နောက်ထပ် လက်သေးသေးလေး
ကဗျာ။
မြတ်ဝေ
၁၄၊ ၁၂၊ ၂၀၁၂
ပြင်းထန် ဒဏ်ရာ မြတ်ဝေ
ပြင်းထန် ဒဏ်ရာ
ဒါဟာ ရာဇဝတ်မှု မှန်တယ်
ဒါဟာ အကြမ်းဖက်မှု ဟုတ်တယ်
ဒါဟာ နိုင်ငံတစ်ခုရဲ့ အသွေးအသားကိုရောင်းပြီး
နောက်ထပ် နိုင်ငံတစ်ခု ငါတို့မပါဘဲ တည်ဆောက်ခြင်း
ဒါဟာ တပ်ဆင်ထားတဲ့ လက်နက်တွေထဲက တိုးထွက်လာတဲ့မီး
ဒဏ်ရာအဆင့်ဟာ ဆေးပညာအရ သာမန်
ငါတို့ နှလုံးသားအရ ပြင်းထန်ရက်စက်သော လူမဆန်မှုအဆင့်
ဒါဟာ ယုံကြည်မှုအတွက် ပြင်းထန်ဒဏ်ရာ
ဒါဟာ ဒီမိုကရေစီကို လောင်စေတဲ့မီး
တစက်ပြီးတစ်စက်ကျနေတဲ့ ညှော်နံ့တွေဟာ ကမ္ဘာစစ်တွေအတိုင်း
နိုင်ငံတကာရဲ့ အလိုရမက်ဟာ ငါတို့ကို အမြဲ စစ်ကြေညာလို့
ငါတို့ဟာ ကျောက်ခေတ်ကလူသားတွေထက်ပိုပြီး ဆုံးရှုံးနစ်နာခဲ့ပါတယ်
အရိုင်းအစိုင်းတွေလောက်မှ လွတ်လပ်စွာတွေးခေါ်ခွင့်ရှိရဲ့လား မေးစရာဖြစ်လာတယ်
ပျော်စရာ
အပျော်တမ်းဖြေဖျော်မှုတွေနဲ့ သွားတွေဖြဲလို့
လူမှုရေးကွန်ယက်တွေမှာ ဇာတိမာန်တွေကြွလို့
အင်တာနက်သွေးကြွတွေနဲ့ အခွင့်သာပြည်တော်ပြန်တွေနဲ့
ငါတို့ဟာ ပျော်တော်ဆက်တွေနဲ့ ပျက်နေတဲ့ ပျော်ပျော်နေမျိုးဆက်
အသပြာမျိုးဆက်ရဲ့ခြေတော်တွေ ပိပိနေလို့
ငါတို့ဟာ မတန်မရာဈေးနဲ့ ကိုယ့်ဘဝကိုယ်ရောင်းစား ပြားပြားနေမျိုးဆက်
အခုမှ ထထအော်ရတဲ့ တရေးနိုးဒဏ်ရာတွေနဲ့
နာကျင်
ငါတို့ဟာ ဒီမိုကရေစီနိုင်ငံကြီးရှေ့မှာ
တိတ်တိတ်လေးထိုင်လို့
ငြိမ်သက်စွာ ဒူးထောက်လို့
မေတ္တာသုတ်တွေရွတ်ပြီး လမ်းလျှောက်လို့
အခွင့်အရေးယူတတ်သူကြီးအောက်မှာ
ခေါင်းလေးငုံ့ကာ ငုံ့ကာ
လက်လေးပိုက်ကာ ပိုက်ကာ
မျက်လုံးလေးတွေချာလည်လိုက်ကာ
စိတ်ရောဂါကုဆေးရုံကြီး ပေါ်မှာ ပြည်သူအားလုံး
ပြင်းထန် ဒဏ်ရာ။ ။
မြတ်ဝေ
၁၅၊ ၁၂၊ ၂၀၁၂
ခေတ် မြတ်ဝေ
ခေတ်
အလကားခေတ်
ဇနီးနဲ့သားကိုထားပြီး ငဝိုင်းရှိရာအရပ်ပြန်ပြန်လာရတဲ့ခေတ်
မျက်နှာဖုံးတစ်ခုအတွက် အဖွဲ့အစည်းတွေထဲ ပြေးပြေးဝင်နေကြတဲ့ခေတ်
တရုတ်ပြည်သူ့မြန်မာနိုင်ငံကြီးတည်ဆောက်နေတဲ့ခေတ်
ဘာမှမရှိလို့ ကိုယ့်သွေးသားကိုယ်ပြန်ရောင်းစားနေတဲ့ ခေတ်
ယဉ်ကျေးမှုအမည်ခံ အနံ့ဆိုးတွေနဲ့ သေပြီးရင်းသေနေတဲ့ခေတ်
စိုက်ထားတဲ့သစ်ပင်တွေ ခုတ်ရောင်းဖို့ ပြင်ဆင်ထားတဲ့ခေတ်
ကိုယ့်အချင်းချင်းတွေပဲ ခွေးတွေလိုဟောင်ပြီး ပြန်ပြန်ကိုက်နေတဲ့ ခေတ်
စာရွက်တွေပေါ်မှာတင် ပြုပြင်ပြောင်းလဲနေတဲ့ ခေတ်
အကောင်းမြင်သမားတစ်ယောက်ကို အသေသတ်တဲ့ခေတ်
လက်ဝေခံ ချဲသမားလေးတွေပဲ ဖမ်းဖမ်းပြနေတဲ့ ခေတ်
လ္ဘက်ရည်ဖိုးကနေ သေနတ်ဖိုးအထိပေးနေရတဲ့ခေတ်
လောင်းကစားသမားတွေနိုင်ငံရေးလုပ်တဲ့ ခေတ်
ပါထားတဲ့အီးအီးတွေ ဖင်ထဲပြန်ထည့်တဲ့ခေတ်
စစ်ချီတေးတွေနဲ့ ခေတ်
လျှပ်ပေါ်လော်လီတဲ့ခေတ်
ခိုမွေးတဲ့ ခေတ်
လူသတ်ခေတ်
အကြမ်းဖက်ခေတ်
အရင်းရှင်ခေတ်
စိတ္တဇခေတ်
အထီးကျန်ခေတ်
နင်းပြားခေတ်
ပေါ်ပင်ခေတ်
မျက်နှာပြောင်တိုက်တဲ့ ခေတ်
ခိုးခိုးခစ်ခစ် ခေတ်
ခက်ခက် ခေတ်
သောက်ရူးခေတ်
ဟာသခေတ်
သတ္တိခဲတို့ ခေတ်။ ။
မြတ်ဝေ
၂၅၊ ၁၂၊ ၂၀၁၂
တွန်းလှည်းသမားကြီး ညောင်ဦး မြတ်ဝေ
တွန်းလှည်းသမားကြီး ညောင်ဦး
ချစ်ခြင်းမေတ္တာကိုဖွဲ့ဆိုဖို့ ချစ်ခြင်းမေတ္တာဟာ ကမ္ဘာမှာ ပျောက်ရှနေပါတယ်
အဲဒီချစ်ခြင်းမေတ္တာ ကြီးကိုပဲ ကုန်ထမ်းသမားကြီးညောင်ဦး ရှာဖွေလို့
ရိုးသားသူ တွန်းလှည်းသမားကြီး ညောင်ဦး တွန်းတင်ခဲ့ပေါ့
နေ့စဉ်
ပျော်ရွှင်ဖွယ်ရာဟာ သူ့စိတ်ထဲ ဆိတ်ဆိတ်လေး ငြိမ်သက်
မရိုးသားသူတွေကြားမှာ သူ့ နေထိုင်မှုကို ဓမ္မဆီအရောက်ပို့ပြီး
သွေး ချွေး ကြွက်သား သူ့အင်အားတွေသုံး
သူ့မိသားစုတစ်ခုလုံးကို တွန်းလှည်းပေါ်တင် ဆွဲငင်သွားနေတော့တယ်
ကိုယ်တို့များတော့ ရှက်ဖွယ်။ ။
မြတ်ဝေ
၁၂၊ ၄၊ ၂၀၁၃
ခေတ်မှာငြိနေတဲ့ ကျည်ဆံတွေနဲ့ အတူ မြတ်ဝေ
ခေတ်မှာငြိနေတဲ့ ကျည်ဆံတွေနဲ့ အတူ
တဖျတ်ဖျတ်ပါလေ
ဟိုယခင် ကြွေစဉ်က ဒီစိတ် ဟိုလို
မည်းမည်းနှင့် မိုးသား နေရောင်မရတဲ့ကြားမှာ
ကိုယ်ကြားရတဲ့ စကားတွေ အမှောင်
ခေတ်မှာ ငြိနေတဲ့ ချစ်စိတ် အရိပ်တွေ
ရှည်ထွက်လာတဲ့ ကိုယ့်အိပ်မက်တွေ ညစဉ်
အကြမ်းဖက်မှုတွေ အစွန်းရောက်တွေကြား
တဖြုတ်ဖြုတ်ပါလေ
ကိုယ်ဟာ ကြွေပေါ့ ယောင်ယောင်
ကြောင်တောင်။ ။
မြတ်ဝေ
၁၄၊ ၆၊ ၁၃
Subpages (15): ၂၀၀၆ ၂၀၀၇-၂၀၀၈ ၂၀၀၉ ၂၀၁၀ ၂၀၁၂ ၂၀၁၃ ၂၀၁၄ ကဗျာတိုအချို့ ကဗျာရှည် ဘာမှမလိုချင်တဲ့ အဓိပ္ပာယ်နဲ့ မဂ္ဂဇင်းကဗျာများ မိနှင်းငယ်သို့ မြန်မာ-English ဟိုယခင်က ကဗျာလေးတွေ ရေးကြည့်မိတယ်
Č
Ć
055-THUYANI.mp3
(4042k)
myat wai,
May 20, 2010, 2:52 AM
v.1
ď
ą
Ju.png
(57k)
myat wai,
Dec 21, 2009, 8:30 PM
v.1
ď
ą
abstract_art_masterpiece_b.jpg
(45k)
myat wai,
Nov 5, 2009, 3:19 AM
v.1
ď
ą
myat.JPG2.JPG
(24k)
myat wai,
Jan 20, 2010, 10:43 PM
v.1
ď
Comments
Sign in|Recent Site Activity|Report Abuse|Print Page|Powered By Google Sites
Posted via Blogaway
Comments
Post a Comment