Facebook
Main Menu
Nay Thwae Thit
7 hrs ·
More options
" ပန်း..ဆိုတာ "
လူတွေက ကိုယ်ချစ်တဲ့ သူ..... ကိုယ်မြတ်နိုးတဲ့သူတွေကို အမှတ်တရအနေနဲ့သော်လည်
ကောင်းလက်ဆောင်အနေနဲ့သော်လည်ကောင်း ပန်းတွေကို ပေးတက်ကြပါတယ်...ဒါပေမယ့်လူတော်တော်များများက ကိုယ်ပေးလိုက်တဲ့ပန်းရဲ့အဓိပ္ပါယ်ကိုတော့မသိကြပါ
ဘူး...ဥပမာ... မိန်းကလေး တစ်ယောက် က ယောက်ျားလေးတစ်ယောက်ကို... စံပယ်ပန်း
လက်ဆောင်ပေး
တယ်ဆိုပါဆို့...အဲဒီမိန်းကလေးက မိမိပေးတဲ့ပန်းရဲ့အဓိပ္ပါယ်ကို သေချာမသိ
ပဲသွားပေးမိတော့ ယောက်ျားလေးဘက်က ဒီကောင်မလေးငါ့ကို ချစ်နေတယ်လို့
ထင်သွားတာမျိုး...ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ် ယောက်ကို
ဆပ်သွားဖူးပန်း လက်ဆောင်ပေးပြန်ရင်လဲ...ကောင်မလေးဘက်က သူ့ကိုသစ္စာမရှိဘူး
လို့..ထင်သွားတာမျိုးအစရှိသဖြင့်ပေါ့...ဒီပို့လေးက သူငယ်ချင်းတစ်ယောက်ကိုအကြောင်းပြု့ပြီးရေးဖြစ်သွားတာပါ...
ဖက်ဖူးတဲ့စာအုပ်တစ်အုပ်ထဲကနေ ပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါတယ်...
( ၁) ကံကော်ပန်း - မပြောင်းလဲတဲ့ ထာဝရအချစ်
(၂)ကြာပန်း - မိတ်ဆွေတွေရဲ့ ဖြူစင်ခြင်းမျိုးနဲ့ ခင်မင်ကြရအောင်..
( ၃)ခရေပန်း - မေ့မသွားပါနဲ့...
(၄) ခေတ္တာပန်း - အားငယ်ရသူမို့ညှာတာပါ...
(၅)ချယ်ရီပန်း - တစ်နေ့နေ့တော့ ဝေးရဦးမယ်...
( ၆)ခေါင်းလောင်းပန်း - အမြန်ဆုံးနီးဆပ်ချင်တယ်....
(၇)ဂန္တာမာပန်းအဖြူ - ငြိမ်းချမ်းပါစေ..
(၈)ဂန္တာမာပန်းအဝါ - သတိရနေမယ်....
(၉)ဂမုန်းပန်း - မျှော်လင့်ခြင်းကြီးစွာနဲ့စောင့်နေမယ်..သူ
(၁၀)စံပါယ်ပန်း - မင်းရဲ့အချစ်ကိုလက်ခံလိုက်တယ်...
(၁၁)ဆပ်သွားဖူးပန်း - သစ္စာမရှိသူကြောင့်ဝမ်းနည်းရတယ်...
(၁၂)ဆောင်တော်ကူးပန်း - မင်းကြောင့်ရူးနေရပြီ
(၁၃)ညမွှေးပန်း - အရာရာမင်းအတွက်ဖြစ်စေရမယ် လို့ဆန္ဒပြု့ပါတယ်....
(၁၄) ဒေလီယာပန်း - မကြာခင်မှာ ဆုံတွေ့ကြရအောင်...
(၁၅)ဒန်းပန်း - ဘဝကိုအရုံးမပေးပါနဲ့.
(၁၆)ပိတောက်ပန်း - မင်းဟာကိုယ့်အတွက်ရှားပါး ဆုလာဒ်ပါ...
(၁၇)ဒေါနပန်း - တို့တွေ ခွဲခွာကြစို့...
(၁၈)နှင်းပန်း - အဆင်မပြေမှုတွေက ခဏပါ
(၁၉)နှင်းဆီပန်း အနီ - မင်းကိုချစ်မိနေပြီ
(၂၀)နှင်းဆီပန်း အဝါ - မိတ်ဆွေအဖြစ် ခင်ရအောင်
(၂၁)နှင်းဆီပန်း ပန်းရောင် - ကျေးဇူးတင်ကြောင်း..
(၂၂)နေကြာပန်း - မင်းရဲ့ဘဝရှေ့ရေးအတွက်တာဝန်ယူပါတယ်
(၂၃)ပျားခတ်ပန်း - မင်းဟာ ပန်းပွင့်လေးလို လှပါသူပါ...
(၂၄)ပိတောက်ပန်း - မင်းဟာကိုယ့်အတွက်ရှားပါးဆုလာဒ်ပါ...
(၂၅)ဖယောင်းပန်း - အထီကျန်ကျေကွဲရခြင်း
(၂၆)မြတ်လေးပန်း - ဇွဲသတ္တိရှိခြင်း
(၂၇)မိုးမခပန်း - လွမ်းဆွတ်ကျေကွဲရခြင်း..
(၂၈)သဇင်ပန်း - ကျေးဇူးပြု့ပြီးမမုန်းပါနဲ့
(၂၉) သစ်ခွပန်း - ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ...
(၃၀)သော်ကပန်း - ကိုယ့်ကိုခွင့်လွတ်ပါ..
(၃၁)သံလွင်ပန်း - အောင်မြင်ခြင်း ..ဂုဏ်ပြု့ခြင်း
(၃၂)ရွက်လှပန်း - နှုတ်ဆက်လိုက်ပါတယ်...
(၃၃)ဝိုင်အိုလက်ပန်း(ခရမ်းရောင်) - မျှော်လင့်သလို ဖြစ်လာပါစေ..
(၃၄) အုန်းပန်း - ကံကောင်းခြင်း ။
ဆရာမင်းခိုက်စိုးစန် ဘာသာပြန်ထားသော.စာအုပ်တစ်အုပ်မှပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါသည်။။
You and 16 others like this.
အိပ်မက်သစ် ကို ဖန်ဆင်းသူ
အင်း ခုမှသိရတယ်
Like · More · Just now
Comments
Post a Comment