Lp အယ်​ကဗျာဆိုတာ

Zaw Zaw Htun
January 18 at 7:35pm ·
အယ်(လ်)ကဗျာဆိုတာ။
ကျုပ်တို့ ပန်းတိုင်ဆိုတာ ပန်းတိုင်တစ်ခုမရှိရေးပင်ဖြစ်၏။……… (ဂျွန်ကေ့ခ်ျ)
Goal is not to have a goal......... (John Cage)
အယ်(လ်)ကဗျာကို ၁၉၇၁ မှာဖွားမြင်ပါတယ်။ သူ့ကို လူ့လောကထဲဆွဲသွင်းလာတဲ့မဂ္ဂဇင်းကတော့ "This" မဂ္ဂဇင်းပါ။ နောက်ထပ် ခုနှစ်နှစ်အကြာမှာတော L=A=N=G=U=A=G=E မဂ္ဂဇင်းထွက်လာတယ်။ ခုနှစ်ဆယ်ခုနှစ်များဆီက စာပေအပြောင်းအလဲတစ်ခုဖြစ်တယ်လို့ပဲ အကြမ်းဖျင်း သတ်မှတ်ထားကြတယ်။ ဒါပေမယ့် ဒီထက်မကပါဘူး။ မက်ဂန်(Jerome MCGann) ကတော့ ကဗျာလောကရဲ့ အသစ်အပြောင်းအလဲ တစ်ခုဖြစ်ပြီး စိတ်ကူးများ(ideas)၊ အတွေးများ (thoughts) နဲ့ အဓိပ္ပါယ်များ (Meaning) ပေါ်မှာ အခြေပြုထားတယ်လို့ ခေတ်ပြိုင်ကဗျာ၊ အခြားသောထွက်ပေါက် (Contemporary Poetry, another Route)အက်ဆေးထဲမှာ ရေးခဲ့ဖူးတယ်။ အယ်(လ်)ကဗျာ ပေါ်ပေါက်ခြင်းရဲ့ နောက်ကွယ်က တရားခံတွေထဲမှာ ခြောက်ဆယ်နဲ့ခုနစ်ဆယ်ခုနှစ် အစပိုင်းကဗျာဆရာများ အားလုံးရဲ့ လက်ချက်ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဒီလိုဆွဲသွင်းလာသူများ(Precursors) လို့ ခေါင်းစဉ်တပ်ထားတဲ့ မက်ဂန်ရဲ့ တရားခံစာရင်းထဲမှာ တော့ ရောဘတ်ဖရော့စ်(Frost)၊ ဝီလျံဘတ်တလာယိစ်(Yeats)၊ အော်ဒင်(Auden)နဲ့ ဝေါလေ့စတီဗင်တို့ အပြင် မော်ဒန်ဆရာကြီး အက်ဇရာပေါင်း(Pound)၊ ဂါထရုစတိုင်း(Stein)နဲ့ ဇူကော့ဇကီး (Zukofsky) တို့လည်း ပါဝင်တယ်လို့ ဆိုတယ်။ ဒါက ဘာနဲ့တူလဲဆိုတော့ ဗြိတိသျှ စစ်သားတွေ လယ်ကွင်းထဲ ရပ်နေတာကို အမေရိကန်လယ်သမားတွေက သစ်ပင်နောက်ကွယ်က သေနတ်နဲ့ ချောင်းပစ်သလိုပါပဲတဲ့။ ဟုတ်ကဲ့။ ကြီးမားခိုင်ခံ့လွန်းတဲ့ အင်္ဂလိပ်ဘာသာစကားကို အမေရိကန်ကဗျာဆရာများ ချောင်းမြောင်းတော်လှန်ခြင်းပါပဲ။ အမေရိကန်ကဗျာဖတ်သူတွေက အယ်(လ်)ကဗျာ ကဗျာသဘောအရ လိုအပ်ရင် လိုအပ်သလို စာသား (Text)ကို ပြောင်းလဲ အဓိပ္ပါယ်ဖွင့်ဆိုဖို့ အမြဲတမ်း အသင့်ရှိနေပါတယ်တဲ့။ အယ်(လ်)ကဗျာ ဟာ ကမ္ဘာ့ကဗျာလောကမှာတစ်ခါမှ မပေါ်ဖူးသေးတဲ့ နည်းစနစ်များနဲ့ ကဗျာကို ချဉ်းကပ်ပါလိမ့်မယ်လို့ မက်ဂန်က ဆိုပါတယ်


Zaw Zaw Htun
January 18 at 7:41pm · Edited ·
အယ်လ်ကဗျာ (၂)
အဲဒီအက်ဆေးထဲမှာ မက်ဂန်က ဆရာမကြီး ဘက်နဒစ်မေယာ (Bernadette Mayer) ရဲ့"Experiments" ထဲက စာသားတွေနဲ့ ဥပမာပေးခဲ့တယ်။ ကျွန်တော့်အတွက်တော့ ဒါဟာ လုံလောက်မှုမရှိပါဘူး။ တစ်ချို့စာသားတွေကို ကျွန်တော်က ဂါးထရုစတိုင်းရဲ့"New" ကဗျာက ယူကြည့်တယ်။ မက်ဂန်က အဓိကစရိုက် ခုနှစ်မျိုးကို အခုလိုဖေါ်ပြခဲ့တယ်။
1. Systematically derange the language, for example, write a word consisting only of prepositional phrases, or add a gerundive to every paragraph, etc. (Anne docome too, to come and to come not to come as to) ဘာသာစကားအား စနစ်ကျစွာအစီအစဉ်မဲ့အောင် လုပ်သည်။ ဥပမာအားဖြင့် စာကြောင်းမှာ prepositional phrases ပါတဲ့စကားလုံးတစ်လုံးနဲ့ (သို့မဟုတ်) ကြိယာ (Verb) ကို(-ing) ပေါင်းပြီးသုံးတဲ့"Gerund" တွေရဲ့ ကတ္တားပုဒ် အသုံးတွေကို စာပိုဒ်တိုင်းလိုက်ဖြည့်စွက်ခြင်းအားဖြင့် စာသားအစီအစဉ်အား ကမောက်ကမဖြစ်စေသည်။ ဥပမာ- I do not see it making any difference. အဲဒီထဲက (it making) တို့ (to come) တို့တွေ ကိုစာပိုဒ်တွေထဲ ပေါင်းထည့် ထားခြင်း ကိုဆိုပါတယ်။ Making ကို Subject မှာ နာမ်အနေနဲ့ သုံးရင် Gerund ပါ။ ဒါပေမယ့် (it making) ဆိုတဲ့ အတွဲကို ကတ္တားမှာသုံးရင်တော့ လက်တင်ဘာသာစကားရဲ့ အလိုအရ Genitive ဖြစ်တယ်လို့ဆိုတယ်။
2. Get a group of words (make a list or select random), then from this words (only) intoa piece of writing – whatever the word allow. Let them demand their own form, and/or စကားလုံးများကို အစုဖွဲ့ (စာရင်းလုပ်သလို ဒါမှမဟုတ်ကျပန်းကောက်ထားသလိုမျိုး) ဘာပဲဖြစ်ဖြစ် အဲဒီစကားလုံးများ ခွင့်ပြုသလောက် ခင်ဗျားရေးပစ်ပါ။ အဲဒီစကားလုံးတွေဟာ စာရေးခြင်း အပိုင်းအစအထိကို စီးဆင်းခွင့်ပြုလိုက်ပါ။ သူတို့ပုံစံကို သူတို့တောင်းဆိုပါစေ။ The same word in every line or a certain place in every paragraph etc ...............Design word. စကားလုံးတူတွေ ဒါမှမဟုတ်စကားလုံးတစ်လုံးထဲကိုပဲ ရှိပြီးသား စကားပြေစာပိုဒ် ဒါမှမဟုတ် ကဗျာထဲသို့ ထည့်ရေးပါ။ စာကြောင်းတိုင်းမှာ ထည့်ရေးပါ။ စာလုံးများကို ဒီဇိုင်းလုပ်ပါ။ ဥပမာ။ ဆူဆန်ဟိုး (Susan Hwoe) ရဲ့ ကဗျာဖြစ်တဲ့ (Beffalo)ကို ဥပမာပေးလည်းရပါတယ်။ ဒါမှမဟုတ် အယ်လန်ဂျင်းဇဘတ်ရဲ့ဘော်ဒါ ဂျက်ကာရူးဆေ့ (Jack Kerouac) ရဲ့ စနေမွန်းလွဲပြတင်း (Saturday After-noon Window) ပေါ့။ ကဗျာကို ပြောရင်လည်းရတယ်။
RO-LET
Raw Bay Whom
Debt Gush Big
Hums Worm Year
Yogi Tide Dust
(P-323) JACK KEROUAC (BOOK OF SKETCHES)
အထက်ပါ အပိုဒ်က ကဗျာရဲ့ ပထမအပိုဒ်ပါ။
3. Write what cannot be written; for example, compose an index (Read an index as a poem)ရေးလို့မရနိုင်တဲ့ အရာကိုရေးပါတဲ့။ ဆိုလိုတာက စာရေးသားနည်း ပုံမှန်မဟုတ်တဲ့ အမျိုးအစားကို ဆိုပါတယ်။ စာရင်းရေးသလို တစ်ခုချင်း ချရေးပစ်ပါ။ (စာရင်းတွေကိုကဗျာအနေနဲ့ဖတ်ကြည့်စမ်းပါ) ဥပမာ။ ဂျက်ကာရိုးလေ့ခ်ရဲ့ ကဗျာကိုပဲ ဥပမာလုပ်ရမှာပဲ။ အခြားသောကဗျာဆရာများရေးတဲ့ပုံစံတူတွေကိုလည်း ခင်ဗျားတို့တွေ့ဖူးပါလိမ့်မယ်။ ဂျက်ရဲ့ကောက်ကြောင်းရဲ့စာအုပ်(BOOK OF SKETCHES) ထဲမှာပါတဲ့ ကဗျာပါ။ စာမျက်နှာ ၁၀၉ ဖြစ်ပြီး ကဗျာအဆုံးသတ်မှာ1047E. Santa Clara St. လို့ရေးထားပါတယ်။ နေရာများကို မှတ်စုထဲ ချရေးထားရဲ့။
4. Attempt writing in a state of mind that... seems least congenial.
စိတ်လှုပ်ရှားမှု ခံစားချက်နဲ့ ရေးပါ။ ဒါပေမယ့် ခင်ဗျားရေးတဲ့စာတွေဟာ အငြင်းပွားဖွယ်များများ ဒါမှမဟုတ် လက်ခံနိုင်စရာ နည်းနည်းရှိတဲ့ စကားလုံးများကိုသုံးပါ။
ဥပမာ။ Attempt writing in a state ofmind. (ခံစားချက်ကိုမူတည်တဲ့အသုံး)
ဒီအချက်ကတော့ ကဗျာရေးသူနဲ့ ဝေဖန်သူတွေအငြင်းများများပွားဖို့ အယ်(လ်)ကဗျာ က ရည်ရွယ်တယ်။ ဥပမာ ရောဘတ်ဂရီးနီးယား (Robert Grenier) ရဲ့ Alchering စုစည်းမှုများမှာ ပါဝင်တဲ့ စာတစ်ကြောင်းကို ကြည့်ပါဦး။
So m e o l d g u y s w I t h s c y t h e s
ဒါက စာလုံးလေးလုံးပါတဲ့ စကားစု ဖြစ်ပြီးအဓိပ္ပါယ်က တံစဉ်းများနှင့်လူအိုတချို့ (Some/ old guys/ with/ scythes) ပါ။
5. Consider word & Letter as forms-the concretistic distortion of a text, for example, too many o's or a multiplicity of thin letter.
စာလုံးနဲ့ စကားလုံးတိုင်းကိုပုံသဏ္ဍန်လို မြင်ပါ။ စာပိုဒ်ထဲက စာကိုယ်တွေကို ပုံဏ္ဍန်အမျိုးမျိုးလုပ်ပြီး ရေးပါ။ဥပမာအားဖြင့် "O"များစွာ စာလုံးတစ်လုံးထဲမှာ ဒါမှမဟုတ် စာကြောင်းတစ်ကြောင်းမှာ သုံးခြင်း နှင့် "I" ကဲ့သို့ ပိန်သွယ်သွယ် အက္ခရာများအား အဆများစွာ ပူးတွဲရေးခြင်း။ (illftiii, etc)ဥပမာအားဖြင့် ပြောရရင် ပြင်သစ်ကဗျာဆရာမ ကက်သရင်ပေါ့ဇီ (Catherine Pozzi)(1882-1934) ရဲ့ Nyx ကဗျာကို ဥပမာပေးချင်ပါတယ်။ ဒီကဗျာက အယ်(လ်)ကဗျာ ထက်ရှေ့ကို အများကြီး စောပါတယ်။ Nyx ကဗျာရဲ့ ပြင်သစ်မူရင်းမှာတော့ ဝါကျအစတွေမှာ 'O' တွေနဲ့စပြီးနောက်ဆုံးနှစ်ကြောင်း ကတော့ "Je"နဲ့ စပါတယ်။ ပင်းဂွင်းထုတ် ပြင်သစ်ကဗျာများ(၁၈၂၀-၁၉၅၀) ရဲ့ အင်္ဂလိပ်မူမှာတော့ O you my nights, O anticipated blackness O proud land,
O stubborn mysteries O prolonged gazes, O cloud striking thunder
O∆ ∆ ∆..........
(P-621 the Penguin Book of French Poetry) (1820-1950)
အိုအသင် ကျွန်ုပ်၏ညများ၊ အို ကောင်းမြတ်သော မျှော်လင့်ချက်အနက်ရောင်၊ အိုမာနရှိကုန်သောကုန်းမြေ၊
အိုခေါင်းမာလွန်းသော လျှို့ဝှက်ချက်များ၊ အို ဆန့်ထွက်သော ငေးမောမှုများ၊ အိုတိမ်တိုက် ရိုက်ခတ်နေသော မိုးကြိုးသွား
အို∆ ∆ ∆
ဒါမှမဟုတ်ရင် ဂျက်ကရူးဆေ့ရဲ့သစ်တောဆီက အသံများ (Sound in the woods) ရဲ့ တတိယအပိုဒ်မှာတော့ စာကြောင်းတွေအားလုံးရဲ့အစဟာ (Or-) တွေနဲ့ဖြစ်တယ်။ အဲဒီကဗျာထဲမှာပဲ သူက ဒီလိုအရေးမျိုး ရေးသေးတယ်။
"Yes"voice
Of human child
"Oh!-"Zzzz
(ရေး ဟူသော လူသားခလေးငယ်ဆီမှအသံ၊အိုး……) ဟူသော အဓိပ္ပါယ်ကို ဂျက်၏ ရေးဖွဲ့မှုမှာ ရုပ်ပြကာတွန်း အရေးကဲ့သို့ ဖြစ်သည်။ 6. Attempt to eliminate all connotations from a piece of writing vice versa.
စာရေးသားခြင်း အစိတ်အပိုင်းထဲမှာရှိတဲ့အဓိကကျတဲ့စကားလုံးတွေ၊ ဝါကျအဓိပ္ပါယ်ကိုပိုပြီး ပြည့်စုံစေတဲ့ စကားစုတွေ၊ အမှီးဝါကျတွေ အားလုံးကို ဖြုတ်ပစ်ပြီးရေးပါ။ အဲဒီ အဓိကကျတဲ့ စကားလုံးတွေကလာတဲ့ စာရေးသားခြင်း အစိတ်အပိုင်းကိုလည်း အပြန်အလှန်အားဖြင့် ငြင်းဆန်ပါ။
ဥပမာ။ ။ ရွန်ဆီလီမန် (Ron Silliman) ရဲ့(Sitting Up, Standing, Taking Steps) ကိုကြည့်ပါ။ ဝါကျများ အားလုံးသည် စကားစုများဖြင့် ကဗျာတစ်ခုလုံးကိုဖွဲ့သည်။
His sister. The olive trees of Sacramento Street. Chipped cup. The Submarine on the horizon in the sunset.
သူ၏ညီမ။ ဆပ်ကရာမန်တိုလမ်းရဲ့ သံလွင်ပင်များ။ ကျိုးကြေနေသောခွက်။ ဆည်းဆာထဲက ဝင်ရိုးတန်းပေါ်ရှိသော ရေငုပ်သင်္ဘော

Zaw Zaw Htun
January 18 at 7:48pm · Edited ·
အယ်လ်ကဗျာ(၃)
7. Work your ass off to change the language.
ဒီနေရာမှာမက်ဂန်ဟာ ဗန်းစကား (ass off) ကို သုံးထားပါတယ်။ အဓိပ္ပါယ်ကတော့ with great effort ပါ။ စာကြောင်းရဲ့ အဓိပ္ပါယ်က ကြီးစွားသောလုံလနဲ့ အတူဘာသာစကားပြောင်းလဲအောင်လုပ်ပါ လို့ဆိုတယ်။ ကျွန်တော် ဆရာမကြီးဂါးထရုစတိုင်းရဲ့ "New"ကဗျာထဲကစာကြောင်းလေးတွေနဲ့ ဥပမာ ပေးရမယ်။ အတော်လေးကို စောပြီး အယ်(လ်)ကဗျာ ကို အစပျိုးစေတဲ့ အရေးပါ။
Half of it
Was it
Windows
Was She
ဒီအချက်တွေကတော့ မက်ဂန် ထုတ်နှုတ်ပြတဲ့ အယ်(လ်)ကဗျာ ရဲ့ စရိုက်လက္ခဏာတွေပါပဲ။ အယ်(လ်)ကဗျာ ဖတ်သူတွေ အနေနဲ့ရင်ဆိုင် နေရတဲ့ ပြဿနာတချို့ ရှိနေပါတယ်။ အဓိပ္ပါယ်မဖေါ်နိုင်တဲ့ဝါကျပြတ်များ (fragments)၊ တောင်စဉ်ရေမရများ (nonsense) နဲ့ အဓိပ္ပါယ်မဲ့မှုများ(unmeaning)စတာတွေကို စာဖတ်နေစဉ်မှာ ကြုံရတယ်။ အယ်(လ်)ကဗျာ ဟာဇာတ် ကြောင်းပြောသူ အခန်းကဏ္ဍကိုသေးငယ်အောင်လုပ်ပြီး ငြင်းပယ်ကြပါတယ်။ ဇာတ်ကြောင်းပြောသူဆိုတာ ဘယ်စာပေမဆိုရှိတဲ့အဓိက အခန်းကဏ္ဍပါပဲ။ ဒါပေမယ့် အယ်(လ်)ကဗျာ က ငြင်းတယ်။ (Rejection of the narrative model)တဲ့။ သူတို့ဆီက ကဗျာဆရာ တွေက အယ်(လ်)ကဗျာ ကို မရေးဖြစ်ခဲ့ဖူးဆိုရင်တောင် အယ်(လ်)ကဗျာရဲ့နည်းစနစ်တွေကို အသိအမှတ်ပြုခဲ့တယ်။ ကံအားလျော်စွာ ဂျွန်အက်ရှ်ဘရီရဲ့ ရေးသားပုံဟာ အယ်(လ်)ကဗျာ သမားတွေနဲ့ သွားတူနေပါတယ်။ ဂျွန်အက်(ရှ်)ဘရီဟာ အယ်(လ်)ကဗျာတွေကို မယုံပြန်ဘူး။ ဆောင်းပါးရှင်ကတော့ ဂျွန်အက်(ရှ်)ဘရီပြောတဲ့ စကားကို ရေးထားတယ်။ (He doesn't align himself with these poets because he believes language)အဓိပ္ပါယ်ကတော့ သူက သူ့ကိုယ်သူ အယ်(လ်)ကဗျာ သမားတွေနဲ့ သွားညှိနေမှာမဟုတ်ဘူး။ သူကဘာသာစကားကို ယုံကြည်သူတစ်ဦး ဖြစ်တယ်လို့ဆိုတယ်။ ဟန်းဘာတန် (Hans Bertens)နဲ့ ဂျိုးဆက်နာတိုလီ (Joseph Natoli) တို့ အယ်ဒီတာ လုပ်တဲ့ ပိုစ့်မော်ဒန်ရဲ့အဓိကပုံရိပ်များ (The Key Figures / Postmodernism) ရဲ့ အခန်း(၃) စာမျက်နှာ(၁၃)မှာ ဆောင်းပါးရှင် စတီဗင်မွန်တီ ( Steven Monte) က ဂျွန်အက်ရှ်ဘရီဟာ ပို့စ်မော်ဒန် ခေါင်းစဉ် တပ်ခြင်းခံရတာကို ငြင်းဆန်လိုခြင်းမရှိဘူးလို့ ဆိုပါတယ်။ ၁၉၉၃ ခုနှစ်က ဘယ်လီကာစတန် (Bleikasten interview) အင်တာဗျူးမှာတော့ သူဟာ ပို့စ်မော်ဒန်သမား တစ်ယောက်ဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်

အယ်ကဗျာ(၄)
L=A=N=G=U=A=G=E မဂ္ဂဇင်းပထမအုပ်မှာ ဒေးဗစ်မဲလ်နစ် (David Melnick) ဆိုတဲ့ ပုဂ္ဂိုလ်ကတော့ အဲဒီ အယ်(လ်)ကဗျာ ဆိုတဲ့ကဗျာဟာ ခင်ဗျားကို ဘာလုပ်ပေးနိုင်သလဲတဲ့။ သင်ဟာ သင့်ရဲ့ ပင့်ကူအိမ်ထဲ ရုန်းကန်နေရရှာတဲ့ ပင့်ကူတစ်ကောင်လို ဖြစ်နေလိမ့်မယ်။ နားလည်ဖို့ ကြိုးစားရင်းနဲ့ပဲ စာဖတ်သူဟာ လွတ်မြောက်ရာလမ်းကို ကဗျာဆီက ပြန်တောင်းပါလိမ့်မယ်။ သူကမေးရှာပါတယ်။ ကိုယ့်လူရယ် စကားလုံးအဓိပ္ပါယ် ကမ္ဘာကြီးက ခင်ဗျားအဖို့ သိပ်ကြီးလွန်းနေမလား? သိပ်များငယ်လွန်းနေမလား? သိပ်ကိုများ ဆိုးရွားလွန်းနေမလား။ ဆက်ဖတ်စမ်းပါ ကိုယ့်လူရယ်။ ကျုပ်လဲ အတူတူပါပဲလို့ ရေးခဲ့တယ်။

အမေရိကန်သစ်ပင်ထဲကပိုက်သာဂိုရမ်ဆိတ်ငြိမ်ခြင်း
၁၉၇၀ အစောပိုင်းကာလများက ထုတ်ဝေခဲ့တဲ့ “အမေရိကန်သစ်ပင်ထဲ၌” (In the America Tree)ဂျာနယ်ဟာ အယ်(လ်)ကဗျာ ကဗျာရဲ့ အစလို့ဆိုမယ်။ ရွန်ဆီလီမန် တို့လူစုဟာ အဲဒီဂျာနယ်ကိုလက်ကိုင်ထားပြီး သူတို့ရဲ့ အယ်(လ်)ကဗျာ မူဝါဒတွေကို ကြေညာခဲ့ကြတယ်။ စကားပြောကဗျာတွေကို ပယ်ဖျက်ခြင်းနဲ့အတူ ရည်ညွှန်းချက်တွေကို ပဲမြင့်တက်ဖေါ်ဆောင်ပြီး သူတို့ကြိုးပမ်းရယူခဲ့တဲ့ ပန်းတိုင်ကတော့ ကဗျာက ဘာကိုလုပ်သလဲဆိုတာ ဘာသာစကားကိုယ်တိုင်နဲ့ နားလည်ဖို့ ကြိုးစားခြင်းပါပဲ။ အမေရိကန်ကဗျာအကယ်ဒမီက ဒီလိုရေးတယ်။ (“Rejecting a speech-based poetics and consciously raising the issue of reference” in order to understand “what a poem is actually made of …. Language itself”). ၁၉၈၆ မှာထုတ်ဝေခဲ့တဲ့ အဲဒီ (IAT) ထဲကအတွဲတစ်ခုကို ၂ဝဝ၂ ခုနှစ်မှာ ပြန်ထုတ်ဝေခဲ့ပါတယ်။ ဒီဂျာနယ်ဟာ အစောပိုင်း အယ်(လ်)ကဗျာအရေးအသားတွေ မှတ်တမ်းကျန်နေတဲ့ တစ်ခုတည်းသော ဂျာနယ်ပါပဲတဲ့။ အဲဒီ စာအုပ်မှာ အပိုင်းသုံးပိုင်း ပါဝင်ပါတယ်။ ပထမပိုင်းကို အနောက်(West)လို့ နာမည်ပေးပြီး အနောက်ဘက်ကမ်း ကဗျာဆရာများ(West-coast Poets) ဖြစ်တဲ့ လင်းဟဂျနီယမ် (Lyn Heijinian)၊ မိုက်ကယ်ပါမား (Michael Palmer)၊ ရီအာမန်ထရောက် (Rae Armantrout) ဒေးဗစ်ဘရိုမီဂီ (David Bromige) တို့ပါဝင်တယ်။ အရှေ့ဘက် (East) မှာတော့ ဆူဇန်ဟိုး (Susan Howe )၊ ကလပ်ကိုးရစ်(ဒ) (Clark Coolidge)၊ ဘနက်ဒစ်မေယာ (Bernadette Mayer) တို့ ပါဝင်ပြီး ဒုတိယဥပစာ (the second font) မှာတော့ စကားပြေများ ပါဝင်တယ်။ စကားလုံးဘုရင်မ ဟာနန်ဝိုင်းနာ (Hannah Weiner) ဟာလည်း အဲဒီစာစောင်မှာ ဖော်ပြခြင်းခံရတယ်။ ဆူဇန်ဟိုးရေးတဲ့ ပိုက်သာဂိုရမ် ဆိတ်ငြိမ်ခြင်းမှ (from Pythagorean Silence) ကဗျာဟာထင်ရှားတယ်။ Age of earth and us all chattering (ငါတို့နှင့်ကမ္ဘာမြေရဲ့အသက်အရွယ်)
(အားလုံးကပြောနေကြရဲ့) a sentence or character (ဝါကျတကြောင်းဒါမှမဟုတ် စရိုက်တခု) ကို
Suddenly (ရုတ်တရက်ပါပဲ)
out to seek for truth fails (ဖမ်းဆုပ်ယူဖို့ရှေ့ကိုတိုး) အမှန်တရားအတွက် ကျဆုံးမှုများ
Falls (ပြိုလဲမှုများက)
Into the steam of ink Sequence (မှင်စီးကြောင်းထဲကို) trail off (မှိန်ဖျော့တိုးဝင်ရဲ့)

Zaw Zaw Htun
January 18 at 11:20pm · Edited ·
အယ်လ်ကဗျာ(၅)

ဤအရာသည်.......ဟိုအရာမဟုတ်ပါ
ပီတာမစ်ဒယ်လီတန်(Peter Middleton)ဆိုတာ သူတို့ဆီမှာသြဇာရှိတဲ့ စာပေပညာရှင်ပေါ့။ သူက အယ်(လ်)ကဗျာ နဲ့ ပတ်သက်ပြီး သိပ်အများကြီး မပြောပါဘူး။ သူပြောတာကတော့ ''စာဖတ်သူအားလုံး ဒီကဗျာကိုဖတ်ပြီးတော့ မေးခွန်းတစ်ခု ဟာ ပေါ်ပေါက်လာတယ်။ ''ဒါကဗျာလား''တဲ့….။ အဲဒီကဗျာရေးသူတွေကတော့ လစ်ရစ်ကဗျာဆန်မှုနဲ့ သဒ္ဒါဗေဒကို မယုံပါဘူး။ (Mistrust in lyricism and grammar)။ နောက်ပြီး ဝါကျတစ်ကြောင်းကိုစကားစုတိုများနဲ့ လဲလှယ်… အစီအစဉ်တကျ စကားလုံးများနဲ့ စကားစုတိုများကို လဲလှယ်ခဲ့တယ်။ သူတို့ အလိုအရတော့ ဘာသာစကား၏ ခြစားမှုနှင့် ဖန်တရာတေမှု (Language of corruption and banality) ကို သန်.စင်ရေးဖြစ်တယ်လို့ဆိုတယ်။ ဒါကတော့ ပလေတို ရဲ့ ဒိုင်ယာလော့ထဲက ဆိုကရေးတီးရဲ့ အဆိုနဲ့ အတူတူပါပဲ (Theaetetus185-က)။ သူ့မူမှာတော့ နဲနဲပိုတာပေါ့လေ။ ''Different from other and the same with itself '' လို့ ဆိုကရေးတီး အမေးအဖြေခန်းမှာ ဖော်ပြထားတယ်။ ပါမီးနီးဒီ (BC 490) ရဲ့ being is the Principle ကလည်း ဒါကိုပဲ အခြေခံတယ်လို. ရေးကြတာပဲ။ နောက်ပြီး အရစ္စတိုတယ်ရဲ့(Metaphysics Book V၊၊) အပိုင်း(17)ဟာလည်း ဒီသဘောတရား (Identity) ရဲ့ အကျယ်ပါပဲ။ ကျွန်တော် ဒါကိုပြောနေတာ အကြောင်းရှိပါတယ်။ အယ်(လ်)ကဗျာသမားတွေရဲ့ မူဝါဒဗဟိုဟာ ဒီက စတာပါပဲ။ ရှေ့မှာပြောခဲ့သလို အယ်(လ်)ကဗျာ ကို လူ့လောကထဲ စသွင်းလာတဲ့ ''This 'မဂ္ဂဇင်း ခေါင်းစဉ်ဖြစ်တဲ့This ဟာ သူတို.ရဲ့ဝါဒပါပဲ။ သူတို့က ''This is this not that ''လို့ ကြွေးကြော်တယ်။ အဓိကတော့ ငါတို့မြင်တယ်။ မြင်တဲ့အတိုင်း ရေးတယ်။ ဒါကြောင့် မဂ္ဂဇင်းခေါင်းစဉ်ကို ''This'' လို့ အယ်(လ်)ကဗျာ လမ်းဖောက်သူတွေက ပေးခဲ့တယ်။ စာဖတ်သူတွေကလည်း ချက်ခြင်းပဲ ပြန်ပေးခဲ့ကြတယ်။ အဲဒါဆိုဘာလဲ (What is ''This'') တဲ့။ အယ်(လ်)ကဗျာဆရာတွေကလည်း ခပ်တည်တည်ပဲ ပြန်ဖြေခဲ့ကြတယ်။ ဒီဟာကဒီဟာပဲ (This is this) တဲ့။ This is not that (ဒီဟာက ဟိုဟာမဟုတ်ပါဘူးတဲ့)။ ဟုတ်ကဲ့...... အတော့်ကို ရှင်းလင်းတဲ့အဖြေပါ။ ကျွန်တော်ဟာဘန်စတိုင်းရဲ့ L=A=N=G=U=A=G=E ကို ဖတ်တော့ အဲဒီမှာ အခန်းတစ်ခန်း ပါဝင်ပါတယ်။ အဲဒါကတော့ (Legend) ပါ။ အခန်းစဖွင့်ဖွင့်ချင်းပဲ သူက စာတစ်ပုဒ်နဲ့ စဖွင့်ပါတယ်။
I am sitting with a philosopher in the garden; he says again and again “I know that that’s a tree”, pointing to a tree that is near us. Someone else arrives and hears this, and I tell him: “This fellow isn’t insane. We are only doing philosophy.”
(ကျုပ်ဟာ ဖလော်ဆော်ဖာတစ်ယောက်နဲ့ ဥယျာဉ်ထဲ ထိုင်နေပါတယ်။ အဲဒီ ဖလော်ဆော်ဖာကြီးက ကျုပ်ကို အဲဒါသစ်ပင်တစ်ပင်လို့ ကျုပ်သိ၏လို့ သစ်ပင်ကြီးကို လက်ညှိုး ထိုးပြီး ထပ်ခါထပ်ခါ ပြောတော့တာပဲ။ အဲဒီမှာ လူစိမ်း တစ်ယောက်က ကျုပ်တို့ဆီကိုရောက်လာတော့ ကျုပ်ကလူစိမ်းကို ဒီဆရာကြီးက လူရူးတော့ မဟုတ်ပါဘူး။ ကျုပ်တို့က ဒဿနိကကို ဆွေးနွေးနေတာဖြစ်တယ်လို့ ပြောလိုက်တယ်။) ဒီစာသားကို ဘန်းစတိန်းက အဲဒီ အခန်းက အဖွင့်စာမျက်နှာ (၁၅) မှာစရေးတယ်။ ဘန်းစတိန်းက လူလည်ပါ။ စာသားရဲ့အောက်မှာတော့ ရေးသူဟာ On Certainty ကို ရေးတဲ့ လုဒ်ဝစ်ဂျန်စတိန်း (Ludwig Wittgenstein) လို့ ညွှန်းတယ်။ ဆိုလိုတာက L=A=N=G=U=A=G=E ကဗျာကို သူရှင်းပါ့မယ်။ ဒါပေမဲ့သူ့ကို အရူးလို့မထင်ပါနဲ့လို့ ဆိုနေသလိုရှိတယ်။ L=A=N=G=U=A=G=E ဆိုတဲ့ စာလုံးဒီဇိုင်းဟာ ၁၉၇၈ ခုနှစ်က ပေါ်လာတဲ့ L=A=N=G=U=A=G=E မဂ္ဂဇင်းရဲ့ လိုဂိုပါ။ စာလုံးတိုင်ဟာ အဓိပ္ပါယ်မျိုးစုံမှာရပ်တည်ကြပေမဲ့ သူတို့ဟာ ညီမျှကြတယ်။ ဘယ်ဟာမှ မပိုဘူး။ အားလုံး အရေးကြီးတယ်။ double track (=) လို့ခေါ်တဲ့ ညီမျှခြင်းသင်္ကေတဟာ စာလုံးတွေကြောင့် ကျိုးပဲ့ကုန်တယ်။ ဒါ့အပြင် စကားလုံး မူလအစီအစဉ် (Alphabetical Order) ကို ချိုးဖောက်တယ်။ပြီးတော့ မြို့ပြကို ဆန့်ကျင်တယ်။ စကားလုံးတစ်လုံးနဲ့ တစ်လုံး ချည်နှောင်မှုနဲ့ညီရင်းအစ်ကိုစိတ် (Bondage and Sign of Brotherhood) လို့ဆိုတယ်


အယ်လ်ကဗျာ ၆
ဘာသာစကားအသစ်တီထွင် ဆော့ကစားစမ်းသပ်ခြင်း (Language Experience) ကို ပြန်ငဲ့ကြည့်ရင် အမေရိကန်ကဗျာလောကရဲ့ အစောပိုင်းကာလများဆီက ဝေါ့ဝှစ်(ထ)မင်း(Whitman) ဆီကစလို့ မော်ဒန်ကာလ တစ်လျှောက် ကဗျာရဲ့ အဆင့်ဆင့်ပြောင်းလဲ တိုးတက်လာပုံ ဖြစ်စဉ်ကို ချန်ထားလို့မရပါဘူး။ ရှေ့ပိုင်းက အမေရိကန်ကဗျာသစ် (New American Poetry) လှုပ်ရှားမှု (၁၉၅၀-၁၉၆၀) ကစပြီး အယ်(လ်)ကဗျာရွှေခေတ် (၁၉၈၀-၁၉၉၀) ခုနှစ်များဆီအထိကဗျာရေးသူများ ပြင်းထန်စွာ ဆုပ်ကိုင်ထားတဲ့ ကဗျာရဲ့အိုင်ဒီယာ ဆိုတာက လူမှုရေးနဲ့ နိုင်ငံရေးကို ထင်ဟပ်စေခဲ့တဲ့ ဝေဖန်ဆန်းစစ်မှုကို ကြားခံအနေနဲ့ အဓိကရှေ့တန်းတင်ပြီး ရေးဖွဲ့ခဲ့ ကြတယ်။ ဒါကို ခရစ်စ္စတိုဖာဘိခ်ျ (Christopher Beach) က အောက်ပါအတိုင်း ရေးပါတယ်။

Like their predecessors in the New American Poetry movements of the 1950s and 1960s, the language poets of the1980s and 1990s were strongly committed to the idea of the poetry as an agent of social and political critique.
(Introduction to Twentieth-Century American Poetry by Christopher Beach)
အဓိက ပါဝင်ပစ္စည်း အေးဂျင့်အနေနဲ့ ဆိုရှယ်နဲ့ ပေါ်လက်တစ်ကယ် ဆန်းစစ်မှုတွေကို ကဗျာမှာ သုံးတယ်လို့ဆိုတယ်။အယ်(လ်)ကဗျာသမားတွေဟာသူတို့ရဲ့ရှေ့ဆောင်သူတွေဖြစ်တဲ့ ၁၉၅၀ နဲ့ ၁၉၆၀ ခုနှစ်များဆီက ကဗျာဆရာ တွေကို လေ့လာရတော့မှာဖြစ်တယ်။
အယ်(လ်)ကဗျာအမျိုးအစားဟာ အဆင့်ဆင့် ဖြစ်ပေါ်ပြောင်းလဲမှုဖြစ်တယ်။ ဒါကို ကျွန်တော်တို့ အထူးသတိပြု ရမှာဖြစ်တယ်။ ဒါဆိုရင် ဒီအုပ်စုနှစ်ခု ဘာကွာခြားသလဲလို့ မေးစရာရှိတယ်။ ကဗျာသစ်အုပ်စုဟာ သူတို့ရဲ့ ခေတ်ပေါ်လူမှုအဖွဲ့အစည်း (Comtemporary Society) အပေါ်မှာထားတဲ့ ဒေါသ(anger)နဲ့ ရွံရှာစက်ဆုပ်မှု(disgust)ကို တိုက်ရိုက်ဖော်ပြချက်တွေနဲ့ တင်ပြပြီး အယ်(လ်)ကဗျာအုပ်စုကတော့ ဘာသာစကားပြုမူ ဆောင်ရွက်မှုကို အသုံးပြုပြီး လူမှုဘဝ (social)၊ ဇာတိရိုးရာ (culture)နဲ့ စာပေရေးရာတွေရဲ့ ဘောင်တွင်းက ဖော်ပြကြတယ်။ နောက်ထပ် ကွဲပြားချက်တစ်ခုကတော့ မျိုးဆက်ပါပဲလို့ ခရစ္စတိုဖာက ဆိုတယ်။ ဖြတ်သန်းမှုကလဲ ကွဲပြားခြားနားပါတယ်။ သူတို့ နှစ်အုပ်စုရဲ့ ခေတ်အခြေအနေဟာ မျိုးဆက်နှစ်ဆက်ကို တင်ပြပုံကွဲပြားအောင် ဖန်တီးပစ်ခဲ့ပါတယ်။ ဘိ(ထ) (The Beats) နဲ့ စစ်လွန်ကဗျာဆရာများ (Postwar Poets)တွေဟာ သူတို့ခေတ်က ကန့်သတ်ထားတဲ့ လူမှုရေးဖော်ပြခွင့်တွေကြောင့် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးလာပြီး နည်းပညာချဲ့ကားလာတဲ့ အချိန်မှာတော့ သူတို့ရဲ့ အကောင်းဆုံးကာလ လွန်မြောက်သွားတဲ့ အနေအထားကို လက်ခံပေးလိုက်ရတယ်။ ၁၉၄၀ ခုနှစ် နှောင်းပိုင်းကာလများနဲ့ ၁၉၅၀ ခုနှစ်များအတွင်း သူတို့ရဲ့ အဓိကနေရာတွေဖြစ်တဲ့ နယူးယော့နဲ့ ဆန်ဖရန်စစ္စကိုက ဘိုဟီးမီးယန်းအစုအဖွဲ့တွေဟာ သူတို့ရဲ့ကဗျာတွေမှာ စည်းကမ်းကလနား (conformity)၊ ရုပ်ဝါဒီတွေ(Materialism) နဲ့ မီးစတစ်ဖက်ရေမှုတ်တစ်ဖက် လူမှုရေး (social hypocrisy) တွေကို တော်လှန်ပုန်ကန်တဲ့နည်းနဲ့ဖော်ပြမှု (Express a rebellion against) တွေနဲ့ ရေးခဲ့ကြတယ်


Zaw Zaw Htun
January 19 at 5:11pm · Edited ·
အယ်လ်ကဗျာ ၇

အယ်(လ်)ကဗျာအုပ်စုကတော့ တစ်မျိုး ကွဲပြားသွားတယ်။ သူတို့ပေါ်ပေါက်လာတဲ့ အချိန်ဆိုတာက စစ်လွန် စီးပွားရေးပြန့်ကားမှု စတင်ပေါက်ကွဲခြင်းအဆုံးနဲ့မီဒီယာယဉ်ကျေးမှုကို ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဖြစ် အသိအမှတ် ပြုလိုက်ခြင်း အကျိုးဆက်ကို စတင်ခံစားရတဲ့ အချိန်ဖြစ်တယ်။ ၁၉၅၀ ခုနှစ်များနဲ့ ၁၉၆၀ ခုနှစ်များဆီက ကဗျာဆရာများကို ပေါလ်ဘရာစ်လင် (Paul Breslin) ကတော့ ဆိုက်ကိုပေါ်လက်တစ်ကယ်ကဗျာသမား (Psycho-Political Muse) လို့ ခေါ်ပြီး လူ့အဖွဲ့အစည်းကြောင့် စိတ်အခြေအနေမှားယွင်းမှုက လွတ်မြောက်သူတွေလို့ဆိုတယ်။ သူတို့ဟာ ရင်ဆိုင်နေရတဲ့ မနှစ်မြို့မှုတွေကို ရဲရဲတင်းတင်း ဖွင့်ဟကြတယ်။ သူတို့ရဲ့တွေ့ကြုံနေရမှု"experience" ကို ရဲရဲတင်းတင်း ကြေညာတယ်။ ဆန့်ကျင်တယ်။ ချိုးဖောက်တယ်။ ဒါကကဗျာသစ်အုပ်စုရဲ့ အားသာချက်လို့ ဆိုရမယ်။ အယ်(လ်)ကဗျာသမားတွေရဲ့ တုံ့ပြန်မှုကတော့ အတော်ကြီးကွဲပြားသွားပါတယ်။ သူတို့ဟာ အတွေ့အကြုံခံစားချက် ဖွင့်ဟမှု (open to experience) ကို လျော့နည်းသွားအောင် တင်ပြတယ်။ ဘာသာစကားကပဲ လှုပ်ရှားပြုမူဆောင်ရွက်ပြီး တင်ပြလာကြတယ်။ သူတို့ဟာ စိတ်ခံစားမှုကို အသားပေးဖော်ပြမှုအစားဘာသာစကားရဲ့ အလုပ်လုပ်ပုံ (operation)ကိုပဲ အာရုံစိုက်တယ်။ ဖွင့်ဆိုရှင်းပြခြင်း(explaining)နဲ့ အတွေ့အကြုံအား သဘောပေါက်စေခြင်း (translating experience)ကို တတ်နိုင်သလောက် ရှောင်လေ့ရှိတယ်ဆိုပေမယ့် ကဗျာကို မောင်းနှင်တဲ့ ပစ္စည်း(ဝါ) အေးဂျင့်တစ်ခု အနေနဲ့သာ ကဗျာထဲမှာပါတဲ့ ပစ္စည်းတစ်ခု အနေနဲ့ပဲ သုံးတယ်။ အယ်(လ်)ကဗျာသမားတွေဟာ ကဗျာဆရာရဲ့ပုဂ္ဂလအရည်အသွေးများကိုဖော်ပြချက် (Expressing personal qualities of the author) တွေကို ရှောင်ပြီးရေးတယ်။ မရည်ရွယ်ဘဲရေးတယ်။ ဒီနေရာမှာ ခရစ်စ္စတိုဖာက "ကဗျာရေးတဲ့အခါမှာ အဓိပ္ပါယ် မသက်ရောက်စေသော " လို့ အထက်ပါနှစ်ချက်ကို ဆိုတယ်။ ကိုယ့်ခံစားချက်ကို သီးသန့်အဓိပ္ပါယ် သက်ရောက်စေအောင် မရေးဘူးလို့ ဆိုတယ်။ (ခံစားချက်မပါဘဲ ရေးတယ်လို့မဆိုလိုပါ။) ပြောချင်တာက ကိုယ့်ရဲ့ခံစားချက်၊ ထင်မြင်ချက်၊ ပုဂ္ဂလအရည်အသွေးတို့ကြောင့် ကဗျာဖတ်သူကို အဓိပ္ပါယ် တိတိကျကျ မရောက်နိုင်တာကို အယ်(လ်)ကဗျာသမားတွေက သိတယ်။ ဒါကြောင့် ခံစားချက်၊ ထင်မြင်ချက်ကို ရှောင်တာဖြစ်တယ်။ ဒါဆိုရင် သူတို့တင်ပြချက်က ဘာလဲ။ လူမှုရေး (social)နဲ့ သမိုင်းဆိုင်ရာဆက်နွယ်မှုများ အပြိုင်ပါဝင်သော ရောနှောမှုတွေနဲ့ ဖော်ပြတယ်။ အရှေ့ကဗျာသစ်ဆီက (Allen Ginsberg)ဟာ အမေရိကန်ယဉ်ကျေးမှု ယိုယွင်းနေတာကို မှတ်ချက်ပေးတဲ့ အနေနဲ့ "အမေရိက" လိုကဗျာမျိုးကို ရေးခဲ့သလို သူ့မျိုးဆက်က ဖော်ပြပေးဖို့ ဝန်လေးနေတဲ့ အမူအကျင့်တွေကို သွေဖည်ပြီး အူသံ (Howl)ကို ရေးခဲ့တယ်။ အယ်(လ်)ကဗျာသမားတွေကတော့ တိုက်ရိုက်ပြောရေးဆိုခွင့် (ဝါ) ကြေညာချက် (Direct Pronouncement) ကို ရှောင်ဖို့ ကြိုးစားတယ်။ ဘာသာစကားနဲ့ အိုင်ဒီယော်လော်ဂျီ(ဝါ) သင်္ကပ္ပဗေဒ တို့ရဲ့ အဆောက်အအုံကို မီးမောင်းထိုးရင်းနဲ့ လူ့အဖွဲ့အစည်းကို ဝေဖန်ဖို့ကြိုးစားတယ်။ ခရစ္စတိုဖာရဲ့ အရေးကတော့ "Underlying structure of Language and Ideology" လို့ ဖော်ပြတယ်။ (ဒါကြောင့် အယ်(လ်)ကဗျာဟာ ဘာသာစကား+အိုင်ဒီယော်လော်ဂျီဖြစ်ပြီး လူ့အဖွဲ့အစည်းကို ဝေဖန်ဖို့ ကြိုးစားတဲ့အတွက် ပေါ်လက်တစ် (Politic) ပါဝင်သော(ဝါ) ကဲသော ကဗျာအမျိုးအစား တစ်ခုပါပဲ။) အခြေခံကျတဲ့ အချက်နှစ်ချက်ကြောင့် အယ်(လ်)ကဗျာဆီကိုရွေ့ဖို့ ဖြစ်လာခဲ့တယ်လို့ ခရစ္စတိုဖာဘိခ်ျက ဆိုပါတယ်​...


Comments