လမ်းဟာ လမ်းလို ဖြောင့်မယ့် အချိန်
လင်းဆက်ပိုင်
စိမ်းလဲ့လဲ့ပြာတဲ့ ပင်လယ်ကို ထွေးပွေ့ထားတယ်...
မုန်တိုင်းတွေ အ၀ါရောင်အဆင့်
ချစ်သူ့လေပြည်တွေ ပုန်ရှောင်နေလျော့သလား...
ငါ့မှာ (စောင့်ရင်း)လွမ်းနေတာ မရေမရာကြီးကိုဖြစ်လို့။
ရင်အစုံ အလွန်အမင်းပူပြင်ချိန်တွေဆို
မိုးရွာမလား မော့ မော့ ကြည့်ရတာ ဇက်ကြောတက်...
အချစ်ရေစင် သွန်ဖြိုးလာမယ်ထင်တဲ့ရူးသွပ်မှု့နဲ့
ငါ့တို့ကြားကို မင်းအကိုဝင်နှောက်ယှက်တာ
ငါမုန်းတယ်....
တိမ်တွေခြောက်သွေ့တဲ့အထိ ငါစောင့်နေမှာပါ...။
မီးလောင်နေတဲ့ရင်ခွင်တွေ မျက်ရည်နဲ့ဖြန်ပတ်လို့ အေးချမ်းပါ့မလား
အမှောင်ထဲကိုချောင်းကြည့်ဖို့ ငါစိတ်တွေအမှောင်ချထားလိုက်ပါပြီလေ
တစ်ယောက်စိတ်ကို တစ်ယောက်ဖတ်ရင်း
လက်းကျိုးလမ်းပြတ်လေးကိုငေးကြည့်ကြတာပေါ့...။
ဘာမှမလိုအပ်တော့အောင်ကို
ဇာတ်ရှိန်က တက်နေပြီ
ဇာတ်သိမ်းလေး လှပအောင်
အသိုင်းအ၀ိုင်းလောင်းရိပ်ကို မင်းဘယ်လိုရုန်းထွက်လာမှာလဲ
ဆိုတာ.....
စင်စင်ဖြောင့်စွာ သေနေတဲ့လမ်းမထက်ကစောင့်နေတယ်။
Comments
Post a Comment