ယန္တရား တစ်​ခုလုံး နားကန်း​စေတဲ့အသံ

ယန္တရားတစ်​ခုလုံး နားကန်း​စေတဲ့ အသံ

လင်းဆက်​ပိုင်

ရော. တိုက်​ချင်းပြစ်​ ဒုံး
ရော့ တင့်​ကား
ရော့ နျူးကရိယားများ
ပြစ်​ချလိုက်​စမ်းပါ...။

ငါတို့ အဇ္ဈတ္တ ထဲ က
ငြိမ်းချမ်း​ရေး အသံ
များများပြစ်​​လေ
ညံညံမြိုင်​မြိုင်​​တောင်း​လေဘဲ။

ဒီပွဲဟာ
အဇ္ဈတ္တခြင်း စီးချင်းထိုးတဲ့ပွဲဘဲ
ဒင်းတို့ကို ငါတို့ယုံကြည်​မှု့နဲ့
ခုတ်​ပိုင်းပြစ်​လိုက်​မယ်​ ။

တောင်​​ပေါ် ​မြေပြန့်​ မခွဲခြား
အားလုံးရဲ့ အသံဟာ
ရိုးတွင်းချဉ်​ဆီထဲက
လာတဲ့ (အမှန်​တရား) ။

ဒီအသံဟာ
ဒင်းတို့နား​တွေကန်း​စေတယ်
ငြိမ်းချမ်း​ရေး.. ...
ငြိမ်းချမ်း​ရေး.......
ငြိမ်းချမ်း​ရေး .........(သံပြိုင်​ )


Posted via Blogaway

Comments