ကျွန်တော်နှင့် ဂယောက်ခြောက်ခြားအတွေးများ
လင်းဆက်ပိုင်
ကျနော်သူနဲ့အတူနေချင်မိသည်။
ကျနော်သူနဲ့အတူမနေချင်ပါ။
ကျနော်သူ့ကိုချစ်သည်။
ကျနော်ပြေးထွက်ချင်သည်။
ကျနော့ကြောင့် သူ့ဘဝနစ်မွန်းမှာစိုးသည်။
ထောင့်ကွယ်တနေရာမှ သူအလှဆုံး ....
လောကကို အလှဆင်တာထိုင်ကြည့်ချင်သည်။
စိတ်တွေ ဂလှိုင်းဂလန်းဖြင့် ကျနော့တွေးမှု့တွေ ကျနော်နားမလည်းတော့ပါ။
ဘာမှမရှိတဲ့ဘဝထဲ ဆွဲခေါ်ချင်မိတာ အချစ်လား။
စိတ်ကူးယဉ်ယုံနဲ့ အချစ်ကလှပါသလား။
ကြိုးစားနေပေမယ် လူတန်းစေ့ဘဝမဖြစ်သေးဘူး။
သုံညတွေ မွှန်မွှန်ဝေနေတုန်းပါ။
ကျနော့အချစ်က သန့်စင်တယ်။
သူနစ်နာမှာစိုရိမ်တယ်။
ခေါ်ထားချင်တယ် ဒါမယ့် သူပျော်ပါ့မလား။
ကျနော့်မှာ ဘာဆိုဘာမှ ပိုင်ဆိုင်မှု့မရှိပါ။အိပ်မက်တွေနဲ့ စိတ်ကူးတွေနဲ့သာခရီးနင်းတုန်းပေါ့။
တကယ်ဆို ကိုယ်ရင်ခွင်ကို လာကွန်းခိုပါပြောတာကိုက ကျနော်အရှက်မရှိခြင်းပဲဖြစ်တယ်။အချစ်တစ်ခုနဲ့စုံလုံးကန်းချစ်သူကို ဆွဲနှစ်ချင်နေတာလား။ကိုယ့်ကိုကိုယ်ပြန်မေးတိုင်းအဖြေက တိကျစွာ ကျနော်မဖြေရဲဘူးလေ။ချစ်တယ် ဘဝမှာတစ်ခါမှ မချစ်ဘူးတဲ့အချစ်မျိုးနဲ့ ချစ်တယ်။ဘဘဝတစ်ခုထူထောင်တဲ့အခါ လိုအပ်တဲ့ ငွေကြေး ကျနော်မှာမရှိပါ။
မိသားစုးကို တင့်တောင့်တင့်တယ်ထားနိုင်မယ့် အလုပ်မရှိသေးပါ။
ဒါဆို ကျနော်သူ့ကို ခေါ်သင့်လား။
ဒီအတွေးတွေနဲ့ နေ့ည တွေ အိပ်မပျော်တော့ဘူး။ အားငယ်ခြင်းမဟုတ်ပါ။
ဖြစ်နိုင်ခြေနည်းလွန်းတဲ့ အောင်မြင်မှု့လမ်းမရှိတဲ့ သာမန် အခြေခံလူတစ်ယောက်အတွက် သောကဖိစီးမှု့ပါပဲလေ။
ချစ်သူရေ....ကိုယ်ဘဝထဲ ၀င်လာရဲရဲ့လား။ ခါးသီးလွန်းတဲ့ ဘဝထဲ မင်း သတ္တိမွေးပြီး မလာပါနဲ့ကွာ။
အရမ်းချစ်လွန်းရင် စွန်လွတ်ရတယ်လေ။ကိုယ် မြတ်နိုးလေးမြတ်တဲ့အချစ်တွေ စွန့်လွတ်တော့မယ်။ ကံမကုန်ရင်တော့ သံသရာတကွေ့မှာ ပြန်ဆုံကြတာပေါ့။
Posted via Blogaway
Comments
Post a Comment