အလင်းရောင်ဝှက် ညသီချင်း
လင်းဆက်ပိုင်
နံနက်ဖြန်တိုင်းအတွက် နံနက်ဖြန်ဟာ
ယုံကြည်မျှော်လင့်ခြင်းများမြုပ်နှံရာအရပ်
အိပ်မက်တို့သည်ကာ...
ကိုယ့်ရူးသွပ်မှု့နဲ့ကို
အိပ်မက်တွေ တ၀င်းဝင်းတောက်မယ်ထင်တဲ့ကောင်ပါ..
လူလုံးမလှတဲ့ ငါ့ရာသီ မိုးစက်တို့ အက်ဆစ်ဓာတ်လွန်ကဲ...
နွေယောင်ဆောင်တဲ့နွေထဲမှာ...
ငါမြင်မိတဲ့လမ်းဟာ ငါထင်သလိုမလှပတော့လဲ
အဖော်မဲ့နေ့ရက်များ စိတ်ပေါ့သွပ်စွာ ကဗျာရေးနေတယ်ကွယ်...
ဒါဟာလည်း နာကြင်းခြင်းတွေ မီးဇာမြင့်ပေးသလိုသာ ဖြစ်နေတော့တာ....
လွမ်းတယ်လို့များ ဘယ်လိုပြောရမလဲ...
စာခြောက်ရုပ်မှာ ဘယ်လို ဘာသာစကားမျိုး ရှိလိမ့်မလဲ...
မေးခွန်း ပုံသဏ္ဍာန် ညည်းတွားခြင်းများနဲ့လေ....
ရသ ကိုးပါးမှာမပါတဲ့ ရသနဲ့ ငါ့ဝမ်းနည်းမှတ်တမ်း
မျှော်လင့်ခြင်းအရောင်တောက်မယ့်နေအထိ
ငါမှောင်ထားလိုက်ပါပြီ...
ဒါဟာ ငါရဲ့ မြတ်နိုးစွာသော ဥဒါန်းကျူးရင့်မှု့တစ်ခုသာပဲ...
သံသရာကုန်အောင် ပဲ့တင်စေ.....
သူမ နားများ ........
Posted via Blogaway
Comments
Post a Comment