ကျွန်ပ်နဲ့ စိတ်စေရာသို့စီးမျောခြင်း
လင်းဆက်ပိုင်
အရမ်းကို ပြင်းထန်လွန်းစွာသောအလွမ်းနေ့ကပေါ့။
စိတ်ထဲမှာအချစ် အချစ်လို့ ဖွဖွလေးရွတ်အံမိပါသည်။ဒါဟာကျနော်ရဲ့ရိုးသားစွာသော အချစ်ကို ရူးသွပ်မှု့သာဖြစ်သည်။
ချစ်သူတိုင်းအတူနေချင်ကြတာ သဘာဝဆိုရင် ကျနော်လည်းသဘာဝကို မလွန်ဆန်နိုင်ယုံပါပဲ။
ဒီလိုနဲ့ အတူဝေးနေတဲ့နေ့ရက်တွေမှာ စိတ်မှရည်မှန်းလျှက် ပေါ့။တီးတိုးစကားလေးတွေ ပြောနေမိတယ်။မျက်နှာကြက်ကိုကြည့်ရင်းလေ။အိုးးးမျက်နှာကြက်ထက်က ချစ်လှစွာသောဇနီးလေးရေ လွမ်းလိုက်တာ ။နေ့စဉ်ရွတ်ပွားရင်း...။
ဘယ်အချိန်ဆုံနိုင်မယ်မသိခြင်းတွေနဲ့
ကိုယ့်တို့အဖြစ်များ ရာသီတွေလည်းနွမ်းဖတ်ရိ ညိုးခြောက်နေသယောင်ပဲ။
အတိုင်းအဆမဲ့ အချစ်၊ အလွမ်းတွေနဲ့ပါကွယ်။ အလိုလို လွမ်းမျက်ရည်တို့ မျက်ဝန်းမှာဝေ့သီ နေဆဲလေ။
သိမ့်မွေ့သောမြတ်နိုးခြင်းအတိနဲ့ သူမျက်ဝန်းကို ငေးကြည့်ရင်း ကဗျာလေးတွေရွတ်ချင်တယ်။အဲ့ဒီ့ကဗျာမှာ
စမ်းချောင်းလေး ရွှေငါးလေးတွေ ရောင်စုံကျောက်စရစ်ခဲလေးတွေနဲ့လှလို့။
ကျေးငှက်ကလေးတွေ ချစ်ခွန်းသံချိုချိုလေးများနဲ့အပြိုင် ငါတို့အပြုံးတွေ ၀င့်ကြွားလို့ပေါ့။ဒါဟာစိတ်ထဲမှာကြံစည်ထားတဲ့ ကျတော့စိတ်ကူး သူ့အတွက်သီးသန့် ခံစားမှု့သက်သက်သာပါပဲ။နောက်နေအိုအို ညိုနေချိန်မှာ အတူတူ။
ဆည်းဆာကိုငေးရင်း
အိမ်ပြန်ချိန်အကြောင်းတွေ မေ့နေတဲ့ခဏတာလေးပေါ့။
နေမင်းကသူ့တာဝန်အရ အနောက်ယွန်းယွန်းသို့ အလင်းတွေကိုက်ချီပျံသန်းနေဆဲ...။အမှောင်တခြမ်းအလင်းတခြမ်းလောကပါပဲ။သင်္ခါရတွေ ပြည့်လျှမ်းနေတဲ့လောက ၊တွေ့ဆုံ ကြုံကွဲလောက။ကျနော်တို့ ဆုံတွေ့ခွင့်မရှိသေးပဲ ဝေးနေရတဲ့ လောကအသစ်တစ်ခုပါပဲ။စံတော်ချိန် ဂရပ်မျဉ်းတွေ ခြားနေဆဲ ဘဝနှစ်ခု ပေါင်းစုံဆည်းဖို့ အချိန်တွေ ကန့်လန့်ကားခြားနေတုန်းပါ။ ဘောင် ပညက်ချက်တွေနဲ့ အလွမ်းမြမြ တွေသာ လေးမြတ်ထားနေရတဲ့ဘဝ။ ချစ်တယ်လို့ ပြောချင်လည်း ဆယ်သွယ်မှု့ ပြင်ပပါပဲ။အလွမ်းဆိုတဲ့အက္ခရာလေး စာလုံးပေါင်းပြဖို့
ချရေးစရာ စာမျက်နှာတွေမရှိသေးဘူးကွယ်။ ဒါနဲ့ပဲ ငါ့ကဗျာတွေထဲ အလွမ်းတွေ ခုန်ဆင်း လက်ပမ်းကျရမှန်းမသိ မမောပမ်းနိုင်ရှာ ကူးခတ်နေပါတယ်။
ဆုံမှတ်ကလေးရေ....
အခွင့်အလမ်းလေးရေ.....
မျှော်လင့်ခြင်းတိုးတိုးတိတ်ကလေးရေ...
အိပ်မက်ကလေး မွမွကြေလေးရေ...
စိတ်ကူးမခါးတခါးလေးရေ...
ဖြစ်ပျက်လောကထဲက မသိခြင်းကိန်းတန်းလေးရေ...
တစ်နေ့နေ့တစ်ချိန်ချိန် ဆုံနိုင်ကောင်းရဲ့
လို့ ထင်ယောင်မှု့လေးရေ....
စွဲလန်းလွန်းလို့ အမြင်မှန်လာ အမှန်မြင်ရဲ့လာ မသိခြင်းလေးရေ....
ငါရဲ့ အားတင်းထားတဲ့နေ့ရက်အကျိုးအကြေလေးရေ....
....
....
.....
...
..
.
ဆက်လက်စီးမျောနေဆဲ .....။
Posted via Blogaway
Comments
Post a Comment