ဘဝဆိုတာ...အရောင်ကွဲပြားတယ်

ဘဝဆိုတာ.....အရောင်ကွဲတယ်
ယုန်ဖြူလေး

ရှင်ပြောပြောနေတဲ့
ဘဝဆိုတာ ရွတ်ကြည့်တိုင်လေ
ကျမ နှုတ်ခမ်းတွေ ရှဲခနဲ ကျက်သွားပေါ့။

ရှင် သိရဲ့လား
ရှင်အိပ်မက်တွေဟာ ကျမအတွက်တော့
ပေါက်လွတ်ပဲစား တွေ့ကရာပေါက်တက်တဲ့
မြေလျှောက်ပင်ပါပဲ
အရိပ်မရ အသီး မသီးဘူးလေ။

ရှင့်ကို ကျမပြောပြဦးမယ်...
အားနာတယ်ဆိုတာ အကန့်အသတ်နဲ့
ဒီတခါ ကျွံကျလာတဲ့ စကားလုံးတွေ
သိက္ခာ နဲ့ မာန အတွက်
ရှင့်ဦးဏေုာက်ကို ရိုက်ခွဲပစ်မယ်...။

Comments