ကျမဟာ ရှင်ပါပဲ
ကျမမျှော်လင့်ထားဘူးတယ်
ရင်ခုန်သံတွေအကြောင်းပေါ့
တစ်ရာသီစာ နှင်းစက်မဟုတ်ပါဘူး
အမြဲစိမ်းလန်း အေးမြဖို့ ပဲ စဉ်းစားတာပါ
ကျမ အပူတွေကို ဘာလို့ များ လိုလိုလားလား
မြတ်နိုးမိပါလိမ့်...
ကျမလေ ရှင်နဲ့ထပ်တူကျ ...
အလွမ်းတွေကို ဖြတ်ကျော်နေရတယ်လို့
ရှင်ယုံအောင် မပြောပြချင်ဘူး...
စိတ်ထဲကအသံတွေ ငိုနေတာ ရှင်ကြာမိလား...
သံကွန်ခြာနဲ့ အုပ်မိုးထားတဲ့ အချိန်တွေထဲ
တိတ်ဆိတ်စွာ ကဗျာလွတ် *က*နေရတာ
ဒါဟာ အတည်ငြိမ်ဆုံး ငါထိန်ချုပ်မှု့ပါပဲ
ကျမလေ ကျမ ရှင်ကို အရင်လို....
ရှင့်စိတ်ထဲက အသံ သာ နားထောင်ကြည့်လိုက်ပါ။
ယုန်ဖြူလေး
Comments
Post a Comment