မလင်းပြာဖတ်​ဖို့ အလွမ်စာ ၈

မလင်းပြာ ဖတ်​ဖို့ လွမ်းစာ

လင်းဆက်​ပိုင်

မလင်းပြာ​ရေ...
ရာဇ၀င်​အဆက်​ဆက်​သူရဲ​ကောင်း​တွေ
အချစ်​ကို စာလုံး​ပေါင်းမှားခဲ့ကြသလို ....
ငါလည်းမှားမှာ​ကြောက်​တယ်​ကွယ့်
အချစ်​ဆိုတာ အဇ္ဈတ္တ မှာ ​ရေးထိုးထားတဲ့ ပန်း(ပမ်း)​နု​ရောင်​အက္ခရာ​လေးပါပဲ...
အရူးတစ်​​ယောက်​လို ရိုးသားခြင်းနဲ့ ငါချစ်​တယ်​...။

မလင်းပြာ​ရေ...
အရူးတစ်​​ယောက်​လည်း နတ်​သ္မီးအိပ်​မက်​ မက်​ခွင့်​ရှိပါတယ်​...
ငါ့ သစ္စာတရား​တွေ နင့်​​ခြေရင်းမှာ ခ​ရေလို ​ခြောက်​​သွေ့တဲ့အထိ ​မွေး​နေပါ​စေ...
မင်းအပြုံး​လေး ​ဝေ့၀ဲတိုက်​ခတ်​လိုက်​ဦးကွယ်​...
နှစ်​သက်​မှု့ဆိုတာ အချစ်​ရဲ့ ခပ်​​ဖျော့​ဖျော့အ​ရောင်​​လေးပါပဲ...ကွယ်​ ။

မလင်းပြာ​ရေ...
မင်းနဲ့ပတ်​သတ်​သမျှ ငါ့မှာ ပန်းဘာသာစကားပဲရှိ​နေ​လေရဲ့ကွယ်​..
မင်းဆံနွယ်​ကြားမှာ ဖူးပွင့်လိုက်​​ချင်​ရဲ့ ကွယ်​...
နှလုံးသားနဲ့ချုပ်​ထားတဲ့ ဖိနပ်​တရံလည်း​ပေးချင်​ရဲ့ကွယ့်​....
မလင်းပြာအမည်​ကို အာဂုံ​ဆောင်​ ​မေတ္တာတရား​တွေ အဆက်​မပြတ်​ ရွတ်​ပွား​နေတက်​ပါပြီ​လေး...
ဆူး စူးထားတဲ့ နှလုံးသားမှာလည်း သမုဒယ​တွေ ပွင့်​​ဝေ​နေတာပါပဲကွယ်​...


Posted via Blogaway

Comments