ကျွန်ပ်၏ နံနက်များ ၁
နံနက်ဝေလီဝေလင်း င့ါပြူတင်းပေါက်တွင်
လမင်းလာရပ်၍ goodmorningဟုနှုတ်ဆက်သည်။
ရုတ်ရုတ်သဲသဲ ရောင်နီဦးတို့ လှုပ်ခါ
လေပြည်တွေ သုန်သုန် မှုန်မှုန်း ။
လင်းအားကြီး အိပ်မက် တစ်ခုသာဖြစ်ပါသည်။
နေရောင်ခြည်စုပ်ယူ အလင်းဖြာဆင်းအိုလမင်း
သင့်အလင်းတို့ ငါ့ရင်ထဲ ပူနွေးစွာ
စီးဆင်ကုန်လေပြီ
ကျိန်စာဆိုးငဲ့...
ဆုံစည်းခြင်းအသံတို့ ထစ်ချုန်း ပြီးးး
မရွာတဲ့ မိုးတိမ်သို့ ငဲ့
တိမ်အတုတွေ လေနှင်ရာ ပေါလော....မျော
ငါ့တူရူတည့်တည့် တံလျှပ်တို့
မြတ်ရိုင်းပင်လို ဆောင့်ကြွားကြွား ယိမ်းက
ဣနြေ္ဒကြီးမားသော အပြုံးတို့ကာ....
မြင်ရခက်ပါဘိ!!
သစ္စာတရားများ ကျီစားသလား
ဘုန်းကံမွဲ ချစ်ခြင်းများ
လမင်းနံဘေး ကြယ်ကလေးလို ခစားချင်ရဲ့
ကတိစကားများ အပေါင်ဆုံးလက်မှတ်ငဲ့
မျှော်လင့်ရင်း မသေချာခြင်းနဲ့ ငါ နိုးထခြင်းပါကွယ့်။
Posted via Blogaway
Comments
Post a Comment