မဲ့​နေတဲ့အသံ

မဲ့ နေ တဲ့ အသံ
♥ ♥ ♥ ♥
ကတ္တရာလမ်းပေါ်ကြွေးကြော်သံများ
ဆိုင်ဘုတ်ကိုင်ပြီးလမ်းလျှောက်
ဖိုသီဘတ်သီဘဝများ
လမ်းမတစ်လျှောက်ကဗျာတွေငိုချင်းရှည်။
အလုပ်မဲ့
ဂုဏ်မဲ့
စာရင်းမဲ့
အခွင့်ထူးခံမဲ့
အမည်မဲ့
ဘဝမဲ့
မဲ့ နေတဲ့ အလုပ်သမားပြည်သူအပေါင်းတို့
တံခါးအားလုံးပိတ်ထားတာ
ရာဇ၀တ်မှု့ မမြှောက်ဘူးလားဟင်
ထုံးစံအဟောင်းတွေနဲ့
ရေနစ်သူကိုလှော်တပ်နဲ့ရိုက်ချ
စိတ်ချမ်းသာမယ်ဆို လုပ်ချင်တာသာလုပ်
လူသာဆန်ကြောင်း
ဣနြေ္ဒရရ ကမ္ဘာကိုမောင်းထုပြလိုက်ပါဦး
နိုင်ငံတကာစံနဲ့ ဘာကြေးညာကြေး
ခဏခဏတက်
ပြုပြင်ပြောင်းလဲရေတွေအော်
လူကြားကောင်းယုံဟစ်ပြ
လမ်းပေါ်ကပြည်သူများ
ဓာတ်ကြိုးပြတ် ဓာတ်လိုက်
အသေအပျောက်နည်းစေဖို့
ဆိုင်ဘုတ်ကိုင်လမ်းလျှောက်ခြင်းတွေ
အခုရပ်
အိမ်တွင်းအောင်းနေကြပါခင်ဗျ
ခင်ဗျာတိုဘယ်လိုခံစားရလဲ
ဘုရားတော့သိတယ်
ပြဿနာအရှုပ်အရှင်းများ
ခင်ဗျာတို့ အဓိကပေါ့ဗျာ။

       လင်းဆက်ပိုင်


Posted via Blogaway

Comments