အလွမ်းနဲ့နိုးထလာခဲ့ပါပြီချစ်သူ
ငါ့မနက်တွေ စတင်ခြင်းဟာ
ချစ်သူရဲ့အပြုံးကို တမ်းတရင်းနဲ့
စ တယ်
ငါ့ရဲ့လက်တကမ်းက ချစ်သူရေ
မင်းမနက်တွေ ကြည်လင်ရွှင်မြူး
တက်ကြွလန်းဆန်းပါစေ....
တောင်းဆုပြုရင်း....
ငါ့သတိရခြင်းတွေ
လေပြည်လေညင်း ရဲ့ ခေါ်ဆောင်မှု့နဲ့
ချစ်သူအနားဝပ်တွားရင်း
ငါ့ရဲ့ ငါမနှစ်မျို့တဲ့ နာရီတွေထဲ စက္ကန့်တွေအတိုင်း
အလွမ်းတွေစီးမျောနေလိုက်ဦးမယ်
ချစ်သူရယ်
Goodmorning ပါ ချစ်သူ...
လင်းဆက်ပိုင်
Posted via Blogaway
Comments
Post a Comment