အမေရိကန်ကဗျာသမိုင်းသည် မိုးအတွက် စာမျက်နှာများစွာ နေရာပေးလေ့ရှိသည်။ သူမသည် ကဗျာဆရာမများအတွက် အခြေခံဖတ်စာ ပင်ဖြစ်သည်။ ကဗျာသမိုင်းတွင် ထင်ရှားကျော်ကြားသော ကဗျာဆရာမ များစွာရှိသော်လည်း မိုး၏ တီထွင်မှုအရေးအသားနှင့် သူမ၏ ကဗျာများသည် အခြားသူများထက် လျော့ပါးခြင်းမရှိသည်က အငြင်းပွားဖွယ်မရှိ လက်ခံရမည့်ကိစ္စဖြစ်သည်။ မိုး၏ ကဗျာများကို ဖတ်ရသောအခါတွင် ကျွန်တော်တို့ အထိတ်တလန့် ဖြစ်ရမြဲဖြစ်သည်။ ဒီလိုနှင့်ပင် မိုးအကြောင်းကို ရေးသားထားသော စာတမ်းတစ်စောင်ကို ကျွန်တော်ဖတ်ရှုဖြစ်ခဲ့သည်။ ထိုစာတမ်းသည် သက္ကရာဇ် ၂၀၀၄ ခု ဖေဖော်ဝါရီလထုတ် “The New Criterion Vol: 22” မှ မိုး၏ လျှို့ဝှက်ဆန်းကြယ်သော အရာများ ဟူသော စာတမ်းပင်ဖြစ်သည်။ သူမ၏ ပရိတ်သတ်များသည် သူမ၏ တိရစ္ဆာန်ကောင်ကြီးများ (her beasts)၊ သူမ၏ ကြွက်ကဲ့သို့ဂျာဘိုးဝကောင်လေးများ (her jerboa)၊ သူမ၏ငှက်ကုလားအုတ်(her ostrich) စသည့် သူမနှင့် သူမကဗျာများတွင် ရေးသားခဲ့သော အကောင်ပလောင် တိရစ္ဆာန်လေးများအကြောင်း ကိုလည်း စိတ်ဝင်စားကြရပြန်သည်။ ထို့နောက် သူမ၏ သင်းခွေချပ်ကောင် (her pangolin)ရဲ့ အကြောင်းလို့ ဆောင်းပါးရေးသူက ဆိုပြန်သည်။ သူမသည် သုံးဖက်ချွန်အနားပါသော ဦးထုပ် (tricorn hat) နှင့် ဝတ်ရုံနက် (black coat)ကို ဝတ်ဆင်လေ့ရှိသည်။ အသက် (၈၁) နှစ် ရောက်သည့်အချိန်၌ baseball ကစားပွဲအတွက် ပထမဘောလုံးကို ပစ်သွင်းပေးခဲ့ကာ အများမထင်မှတ်သော အပြုအမူကို ပြုလုပ်ခဲ့သည်။ ဖို့ဒ်မော်တော်ကား ကုမ္ပဏီကမူ သူတို့၏ မော်တော်ကားအသစ် နာမည်အား ရွေးချယ်ပေးရန် “မိုး” အား ကမ်းလှမ်းခဲ့သည်။ ဒါပေမယ့် သူမပေးတဲ့ နာမည်တွေက သိပ်ကို လန်းသည့်အတွက် အသုံးပြုရန် လက်တွန့်ခဲ့ရသည်။ ထိုကားအမျိုးအစားကို နောက်ဆုံး၌ “the Edsel” ဟု မှည့်ခေါ်ခဲ့သည်။ သူမသည် လက်ဝှေ့ကျော် မိုဟာမက်အလီကို အလွန်သဘောကျသူဖြစ်သည်။ သူမသည် ရီပါပလစ်ကန် (Republican) ဘက်က ရပ်တည်သူဟု ထင်ရှားသည်။ ဆောင်းပါးရှင်ကမူ သူမ၏ ကဗျာရေးဟန်နှင့် ပတ်သက်၍ အကြောက်အလန့်ကင်းမဲ့သူ (Moore was intrepid) ဟု သုံးနှုန်းခဲ့သည်။ စည်းစနစ် ပုံသေထားကာ ကဗျာရေးဖွဲ့လေ့မရှိ။ သူမ၏ ကဗျာအတွက် သူမသည် ကြောင့်ကြမဲ့ ပြင်ဆင်တည်းဖြတ်နိုင်သူ စာသားများကို နေရာတကျထားနိုင်သူ (reckless reviser of her work) ဖြစ်သည်။ ထို့အပြင် သူမအား ကဗျာကို ပုံဖော်ရာ၌
ပိုဒ်ခွဲတည်ဆောက်မှု မှန်ကန်ခြင်း (taking poems cast into delicate stanzas)
အသံထွက်အတက်အကျအား ကာရံညီရေးဖွဲ့မှု အလှပဆုံး(ဝါ) အပြောင်မြောက်ဆုံး ရေးဖွဲ့နိုင်သူဖြစ်ခြင်း (the most beautiful syllabic verse ever written)
စာကြောင်းများအား နေရာရွေ့လျား၍ ဖွင့်ထုတ် ဖေါက်ယူနိုင်ခြင်း (hacking out lines here or there)
လှပသောစာကြောင်းများ ပြိုးပြက်မှုမှနေ၍ စကားပြေဘက်ကို နီးစပ်သော လေးထောင့်စပ်စပ်ပုံသဏ္ဍာန် ရေးဖွဲ့မှုကို ပြောင်းလဲခွဲစိတ် နေရာချနိုင်ခြင်း (Crushing their fine crystalline structures into a squarish mass closer to prose)
မည်သည့်အကြောင်းပြတောင်းပန်ချက်မှ မပါဘဲ သူမကဗျာအား အကြိမ်ကြိမ်ခုတ်ပိုင်းဖြတ်တောက် တည်းဖြတ်၍ ပုံနှိပ်ခြင်း (Printing the mutilated version without apology)
ဥပမာ သူမရဲ့ “ကဗျာ” (Poetry) ဟူသော ကဗျာသည် အကြိမ်ကြိမ် ခုတ်ပိုင်းတည်းဖြတ်ပစ်ရာ နောက်ဆုံး သုံးကြောင်းမျှသာ ကျန်တော့သည်အထိ ဖြစ်ခဲ့ရသည်။
အချို့သော ဝေဖန်သူများက “Finding Nemo” ရုပ်ရှင်ကို သတိရစေတယ်လို့ ဆိုတယ်။ ရေထဲမှာရှိတဲ့ သတ္တဝါတွေ၊ အရောင်တွေ၊ ပင်လယ်ရေမျက်နှာပြင် (texture of the sea) ကို မြင်ယောင်စေသည်ဟု ဆိုသည်။ ကဗျာ ခေါင်းစဉ်သည် ကဗျာစာကြောင်းထဲမှ တစ်စိတ်တစ်ဒေသ ဖြစ်သောကြောင့် (The first line of “the Fish” syntactically belongs to the title) ဟု ဆိုသည်။ ဆိုလိုသည်က ၀ါကျဖွဲ့စည်းပုံအရပင် ခေါင်းစဉ်အား စာကြောင်း၏ တစ်စိတ် တစ်ဒေသအဖြစ် တည်ဆောက်သည်။ ကူးခတ်လို့ (wading)၊ နက်မှောင်ကျောက်စိမ်းကို ဖြတ်ပြီးတော့ (through black jade) ဟု ဆိုရာတွင် ကျောက်စိမ်းဟူသော အရာသည် ရေနှင့် ပင်လယ်နှင့် လုံးလုံးဆက်စပ်သည့်အရာမဟုတ်ပါလျက် ကဗျာဆရာမက နက်မှောင်ကျောက်စိမ်း/အစိမ်းရင့်ကို ဖြတ်လို့ ဆိုတာက ငါးတစ်ကောင်ရဲ့ နှေးကွေးလေးလံတဲ့ လှုပ်ရှားမှုကို ဖော်ပြလိုသည်ဟု ဆိုကြသည်။ ဒီကဗျာဟာ စဖွင့်တယ်ဆိုတာနဲ့ ငါးတစ်ကောင်ရဲ့ ကူးခတ်ပုံကို ပြရာမှာ သက်သောင့်သက်သာ ကူးခတ်ပုံမျိုးမဟုတ်။ သူဟာ ခက်ခဲလေးလံစွာ ကူးခတ်နေရသည်။ ရေဟာ အရည် (liquid) မဟုတ်။ ဒါကြောင့်ပင် ငါး၏ ကူးခတ်မှုသည် ခက်ခဲလေးလံသွားရသည်။ ရေသည် နက်မှောင်စိမ်းလွန်းသော ကျောက်တုံး လိုအရာ။ ဒါကြောင့်ပင် ဝေဖန်ရေးဆရာက မိုးရဲ့အဖွင့်အပိုဒ်ကို မည်းမှောင်လေးလံခက်ခဲခြင်း ဟူသော အဓိပ္ပါယ်ကို ယူစေသည်။
“It is not an easy, fish like movement, but laborious, and the water is not liquid but stone, not translucent, but dark.” လို့ရေးတယ်။ ဒီအရာကတော့ လွယ်လွယ်ကူကူမဟုတ်၊ ငါးရဲ့လှုပ်ရှားမှု၊ ဒါပေမယ့် ခဲရာခဲဆစ်ဖြစ်ပြီးတော့ ရေဟာလည်း အရည်မဟုတ်၊ ကျောက်တုံးဖြစ်နေသည်။ တစ်ဝက်လောက်တောင် ကြည်ကြည်လင်လင်မမြင်ရ၊ နက်မှောင်၍နေသည်။ ထိုပင်လယ်သည် “မိုး” တည်ခင်းသော ပင်လယ်ပင်ဖြစ် သည်။
an တစ်ခုသော
injured fan ဒဏ်ရာရပန်ကာ
လို့ ပြတ်ရွေ့စာကြောင်း “Dropped Line” ပုံစံတည်ထားတဲ့ပါဒအဖွင့်ဟာ တကယ်တော့ စာကြောင်းရဲ့ အစမဟုတ်ပါဘူး။ သူ့အရှေ့ပါဒနောက်ဆုံးစာကြောင်းနဲ့ ချိတ်ဆက်ဖတ်မှသာ ထိုစာကြောင်း၏ အဓိပ္ပါယ်ပြည့်စုံမည်ဖြစ်သည်။ မိုးသည် ကဗျာတစ်ပုဒ်လုံးရှိ ပါဒများအား ကဗျာစာကြောင်းများဖြင့် မီးရထားတစ်စီးလို ချိတ်တွဲပုံသွင်းထားသည်။ မိုးဖော်ပြထားသော ပင်လယ်ထဲကရေသည် တကယ်တော့ “ချမ်းမြေ့ဖွယ်မရှိသော အစိုင်အခဲအရာဝတ္ထုတစ်ခု” (un pleasantly solid substance) ကဲ့သို့ ရှုမြင်စေသည်။ move themselves with spotlight. . . (လျှင်မြန်မှုမရှိတဲ့အစက်အပြောက်နဲ့သူတို့ကိုယ်သူတို့ ရွေ့လျား/ဒီလျှိုမြောင်များဆီသို့) လို့ ရေးချထားသည့် စာကြောင်းသည် ပင်လယ်ထဲ၌ ပုဂ္ဂလလွတ်လပ်မှုမရှိ (do not have privacy) ဖြစ်နေသည်ဟု ဖတ်သူက ခံစား၍ ရလာသည်။ ကျယ်ပြောလှသော ရေပြင်သည် မိုး၏ကဗျာထဲ၌ မကျယ်ပြော (not expansive) တော့။ လွတ်လပ်စွာ သွားလာနိုင်သော်လည်း အရာများက နှေးကွေးလွန်းနေခဲ့။ ခန္ဓာများရဲ့ပင်လယ် (sea of bodies) ပင်ဖြစ်သည်။
. . . . . , illuminating
the
turquoise sea
of bodies, The water drives a wedge
of iron through the iron edge
of the cliff, where upon the stars,
. . . . , ဝင်လိုက်ထွက်လိုက်၊ ထူးခြားတောက်ပနေတဲ့
ဒီ
စိမ်းပြာရာင် ခန္ဓာများ
ရဲ့ပင်လယ်။ ရေက သံတံစို့ကို ရိုက်သွင်း
ကျောက်နံရံရဲ့ သံအစွန်အဖျားကို ဖြတ်
ကြယ်တွေရဲ့အပေါ်ကနေရာ၊
“The water, this evilly forceful and solid mass.”
“ရေဟာ မနှစ်မြို့ဖွယ်ရာ အားကောင်းတဲ့အစုအပုံ ရွေ့လျားစေတယ်၊ တွန်းအားပေးတယ်” ဟူ၍ ကဗျာဆရာမက ဆိုလိုပါသည်။ ပင်လယ်ကြမ်းပြင်အောက်မှ အရာများကို ရွေ့လျားစေသည်။ သတ္တဝါကောင်များ ပွတ်တိုက်သွားလာကြသည်။ ကစဥ့်ကလျားဖြစ်မှုတစ်ခု (a chaos) ကြောင့် ကြောက်စရာမတည်ငြိမ်မှု (violence) ပေါ်ထွက်လာသည်။ ကြယ်ငါးများ၊ ဂျယ်လီငါးများ၊ ဂဏန်းများ၊ အဆိပ်ရှိရေအောက်မှိုများ တစ်ခုနှင့်တစ်ခု ပွတ်တိုက်မိရာမှ မငြိမ်သက်မှုကို အစပျိုးသည်။ ကောင်းပါပြီ။ ဝေဖန်သူက အောက်ပါစာကြောင်းတစ်ကြောင်းကို ဖြတ်ရေးပြသည်။
“The sea is full of internal revulsion.”
“အတွင်းထဲက မသတီစရာအပြည့် ဖြစ်နေတဲ့ ဒီပင်လယ်” ဟူ၍ မိုးတည်ခင်းသော ပင်လယ်ကိုဆိုသည်။
pink
rice-grains, ink-
bespattered jelly fish, crabs like green
lilies, and submarine
toadstools, slide each on other.
ပန်းနုရောင်
ဆန်စေ့များ၊ မင်
ပေနေတဲ့ ဂျယ်လီငါး၊ အစိမ်းရောင်လီလီပန်းတွေလို ဂဏန်းများ
နဲ့ ရေငုပ်သင်္ဘော
အဆိပ်မှိုများ၊ တစ်ခုပေါ်တစ်ခု ပွတ်တိုက်ခြင်း။
All
External
marks of abuse are present on this
defiant edifice-
all the physical features of
အားလုံးသော
ပြင်ပ
နှောင့်ယှက်မှုရဲ့ အမှတ်အသားများ ဟာ တင်ပြ ဟောဒီ
အာခံတဲ့ အဆောက်အဦပေါ်မှာ
အားလုံးသော ရုပ်ပိုင်းဆိုင်ရာ ပြင်ပလက္ခဏာများရှိတဲ့
ac-
cident-lack
of cornice, dynamite grooves, burns and
hatchet strokes, these things stand
out on it, the chasm-side is
dead
Repeated
Evidence ahs proved that it can live
On what can not revive
Its youth . The sea grows old in it.
မ
တော်တဆ- ပျောက်ရှ
နဖူးစည်း၊ ဒိုင်းနမိုက်ပြောင်းများ၊ လောင်ကျွမ်းခြင်းများနဲ့
ပုဆိန်ရဲတင်း ရိုက်ချက်များ၊ အဲဒီအရာတွေက အဲဒီအပေါ်မှာ
သိသာထင်ရှားနေ ချောက်နက်နံဘေး
သေဆုံး
ထပ်ခါဖြစ်တဲ့
သက်သေက ဒီအရာဟာ
သူပြန်မရတော့တဲ့ နုပျိုမှုမှာ အသက်ရှင်နေကြောင်း
သက်သေပြတယ်လေ။ ပင်လယ်ဟာ သူ့အတွင်းပိုင်းမှာပဲ ကြီးရင့်လာတယ်။
မေရီအန်းမိုး
ဒါဟာ မိုးရဲ့ “ငါး” ပါပဲ။ ပူလစ်ဇာဆုရ ကဗျာဆရာမ မေရီအော်လီဗာ(Mary Oliver)ကတော့ မိုးရဲ့ “ငါး” ကို အသံထွက် အရေအတွက်တည်ဆောက်သော ကာရံကဗျာ (Syllabic Verse) ဟု အမည်ပေးပါသည်။ သူမက နှစ်ပုဒ်ချပြသည်။ တစ်ပုဒ်က ဂျိမ်း(ဇ)ရိုက်(ထ) (James Wright)၏ “စတိုးဆိုင်မှ ငွေသိမ်းစာရေးပြတင်းပေါက်မရောက်မီ” ဟူသော ကဗျာဖြစ်ပြီး နောက်တစ်ပုဒ်မှာ မိုး၏ “ငါး” ဖြစ်သည်။ ပထမပါဒ၏ အသံထွက်အရေအတွက်နှင့် နောက်ပါဒများ တူညီဖို့ လိုပါသည်။ မိုးဟာ ငါးကို စနစ်တကျ တည်ဆောက်ထားခဲ့သည်မှာ ထင်ရှားသည်။ ပထမစာကြောင်း (line 1)တွင် တစ်သံ (one syllable) သာပါသည်။ ဒုတိယစာကြောင်း (line 2) တွင် သုံးသံ (three syllables)၊ ပဉ္စမစာကြောင်း (line 5) တွင် ရှစ်သံ (eight syllables) စသည်ဖြင့် ပါဝင်ပြီး အပုဒ်ခွဲတိုင်းကို အသံထွက်စနစ်အလိုက် တည်ဆောက်ပါတယ်။
Line 1- wade (one syllable)
Line 2- through black jade (three syllables)
Line 3- Of the crow-blue mussel-shells, one keeps (nine syllables)
Line 4- adjusting the ash-heaps: (six syllables)
Line 5- opening and shutting itself like (eight syllables)
အသံအရေအတွက်ကို တည်ပြီး ဖွဲ့သော ဤကဗျာအမျိုးအစား တင်းကျပ်ဘောင်သွင်းပုံစံ အသံကာရံကဗျာ (the strictness of syllable-count) ဟု ခေါ်ကြပါသည်။ တစ်ကြောင်းစီ၌ရှိသော တက်သံအရေအတွက်ပေါ်တွင် မီတာစနစ် ကဲ့သို့ မူမတည်ပေ။ ဆိုလိုသည်မှာ တက်သံကျသံအရေးမကြီးဘဲ အသံထွက်စနစ် (အရေအတွက်) ပေါ်၌သာ မူတည် သည်။ ပုဒ်ခွဲငယ်များအတွင်းရှိ ကဗျာစာကြောင်းတိုင်း၏ အရေအတွက်သည် တသွေမတိမ်း တူညီရမည်။ ဤကဲ့သို့ ကဗျာပုံစံကို “တည်” ထားပါသည်။ (the syllable count of each line, in each stanza be exactly repeated, thus pattern set) ဟု ဖော်ပြသည်။ ကဗျာစာပုဒ်တစ်ပုဒ်စီတိုင်းတွင် တိကျသော အသံအရေအတွက်ဖြင့် ထပ်ကျော့ထားသည်။ မိုးဟာ ကဗျာစာကြောင်းများကို ရေးသားရာမှာ ဘယ်မာဂျင်ကပ်လျက် တစ်ညီတည်းရေးတဲ့ ပုံစံကို ရှောင်ပါတယ်။ အချို့စာကြောင်းများကို နောက်ဆုတ်၍ အစပျိုးတယ်။ မညီမညာချိုင့်ဝင်သော သဏ္ဍာန်မျိုးရအောင် ရေးသားရာ (chosen to indent some of the lines) ရှေ့သို့ ချိုင့်ဝင်နေဟန် အချို့စာကြောင်းများကို ရွေးချယ်ခဲ့သည်ဟု ဆိုသည်။ မိုးသည် “ငါး” ကို တည်ဆောက်ရာတွင် စီးမြောစာကြောင်း နှင့် အဆုံးသတ်စာကြောင်း ပုံစံနှစ်မျိုးလုံးကို သုံးသွားသည်။ ထိုကဲ့သို့ စီးမြောစာကြောင်းများအား ရွေ့လျား မြောပါနေသော သဏ္ဍာန်အား အသုံးပြုခြင်းကြောင့် ဝါကျများသည် လျင်မြန်စွာ စီးမြောနေသောအရွေ့ (a quickened dose of motion) ကို ပေးသည်ဟု မေရီက သုံးသပ်သည်။ ဤတည်ဆောက်ပုံအတိုင်းပင် မိုးသည် အခြားသော ကဗျာတစ်ပုဒ်ဖြစ်သော “The Steeple Jack” ကို ရေးဖွဲ့ခဲ့သည်။
တီ ဇတ် and 36 others like this.
ကြည် ဝိုင်း လူ
ကျေးဇူးပါဆရာ
Like · More · 1 hour ago
Ying Sam
ကဗျာလေးတွေ ချစ်စရာလေး
Like · More · 1 hour ago
Posted via Blogaway
Comments
Post a Comment