လက်​​ဆောင်

#လက်​​ဆောင်
/လင်းဆက်​ပိုင်​/

ဘယ်​​တော့မှ ​ဘောင်​ပိတ်​ခတ်​ဖို့ မကြိုးစားခြင်းနဲ့
ပိုင်​ဆိုင်​လိုခဲ့တာ
တကယ်​လိုအပ်​တယ်
ပေးဖို့ အဆင်​သင့်​ဖြစ်​ရင်
ငါ့စိတ်​ကူးကို ဖုန်း​ခေါ်​ပေးပါ
လောကအမြင်​ရဲ့ အပြင်​ဘက်​က​နေ
ငါ ​​စောင့်​ရင်း အိပ်​​ပျော်​​နေတယ်
မျော်​လင့်​ခွင့်​ရဲ့ အ​ဝေးးးဆုံးမှာ ငါရပ်​လို့
ကိုယ်​ယုံကြည်​ခဲ့တယ်
ရှုပ်​​ထွေးတဲ့ ကြိုးစ​တွေထဲမှာ
သံ​ယောဇဉ်​ နဲ့ ပါတ်​သတ်​စရာ လွန်းတင်​ဖို့မှမလိုတာ
ပြု လုပ်​ ဖန်​တီးထားတဲ့ ​မေတ္တာတရားမှာ
ခိုင်မြဲခြင်း​တွေ တည်​မ​နေပါဘူး
နံနက်​ခင်း​တွေမှာ ပန်းရနံ​တွေ ရှက်​​သွေးဖြာဖို့
လုံ​လောက်​တဲ့ အ​ကြောင်းပြချက်​လိုအပ်​ခဲ့ရင်
မင်းရဲ့ ဥ​ပေက္ခာမှာ အပြစ်​မရှိ​ကြောင်း
ကိုယ်​စိတ်​ထဲ မိုးမခပန်း​​တွေ ပွင့်​​နေပါ​စေ။


Comments