ကမ္ဘာဦးသီချင်း

ကမ္ဘာဦးသီချင်း
_______________
လတ်​လတ်​ဆတ်​ဆတ်​​လေညှင်း​တွေ
ခင်းထားတဲ့လမ်း
အာရုံဦးကိုဖွင့်​လိုက်
စိန်းလန်းတဲ့ငါတို့သမုဒယ​တွေ
ပျော်​ရွှင်​ဖို့
စိတ်​ကိုဖွင့်​လိုက်
ငါတို့ရဲ့ အလင်း​ရောင်
ဘယ်​​နေရာမှာ အားပြတ်​လဲကျ​နေသလဲ
စိတ်​​တွေဖွင့်​လိုက်
ငါတို့ကမ္ဘာ ​မေတ္တာတရား​တွေလွှမ်းခြုံဖို့
စိတ်​​တွေကိုဖွင့်​လိုက်
မ​မောတမ်းသီချင်း​တွေဆိုဖို့
စိတ်​ထဲရှိရှိသမျှ ဘယ်​သံ ညာသံ
ဖွင့်​ပြစ်​လိုက်​စမ်းပါ
အရာရာကို ​တွေး​ကြောက်​​နေမယ့်​အစား
ဖွင့်​လိုက်
စိတ်​နှလုံးထဲက မင်းခံစားချက်​​တွေ
ဖွင့်​​ဖောက်​လိုက်​ပါ​​တော့.....
ဒါမှမဟုတ်
ငါတို့နှစ်​​ယောက်
သူစိမ်း​တွေဖြစ်​​ကြောင်းသာ
အသံကုန်​​အောင်​ဖွင့်​ပြစ်​လိုက်​။


Comments