ဆက်​ဆံ​ရေးမ​ကောင်းတဲ့သွားရည်​စာ

ဆက်​ဆံ​ရေးမ​ကောင်းတဲ့ သွားရည်​စာ
••••••••••••လင်းဆက်​ပိုင်​••••••••••

ငါဟာ ဘယ်​​လောက်​ကြံ့ခိုင်​သန်​စွမ်းသလဲလို့
ပြန်​​မေးကြည့်​တိုင်း နူးညံ့တဲ့အပိုင်း​တွေဟာ
သေဆုံး​နေပါပြီ
နံနက်​အိပ်​ယာထ ညအိပ်​ယာဝင်
ငါတို့သတိရခြင်း​တွေ ဆင်​နင်းခံ​နေရ
နေ​ရောင်​ခြည်​ အ​မှောင်​ ကားလိပ်​ခြား
ကိုယ်​တို့​ဝေါဟာရမှာ ဘာသာစကားမရှိ​တော့ဘူး
တစ်​ယောက်​စိတ်​ကို တစ်​​ယောက်​၀တ်​ဆင်
ဒီနွမ်းပါးမှု့​တွေနဲ့ ဗလာအခင်းအကျင်းများ
ငါတို့နုပျိုခြင်းမှာပဲ လိင်​စိတ်​ဟာအလွှာပါးပါး​လေးခြားထားသလို
သေချာပါပြီ နူးညံ့ခြင်း​တွေ ​သေဆုံးပြီ
စကားလုံးအပြ​တွေနဲ့ကျူးလွန်​​ပျော်​ပါးခဲ့ကြဘူးတယ်
အခု 
တွေးမိတဲ့ စိတ်​ကူးတိုင်းပဲ ​ဝေးလွင့်​ခြင်းနဲ့
တကယ်​မရှိ​တော့တဲ့အရာအတွက်
တိတ်​တိတ်​​လေးငြိမ်​ ဆာ​လောင်​မှု့တိုင်းဟာ
ဟာလာဟင်းလင်းပိုက်​ကွန်​ထဲမှာ
လတ်​လတ်​ဆတ်​ဆတ်​ ​သေဆုံး​နေ​သော နူးညံ့ခြင်းများ။

28.3.2015


Comments