လူကြီးလူ​ကောင်းလိုဆက်​ဆံပါ

လူကြီးလူ​ကောင်းလိုဆက်​ဆံပါ
_____________________________

နေရာအလွတ်​တစ်​ခုရှိရင်​​ပေးပါ
အန်​ချလိုက်​မယ်​ ​သောက​တွေပွင့်​ပါ​စေ
အိပ်​မက်​ ကမ္ဘာပျက်​စီးသွားပြီ
ငါ အိပ်​​မောမကျ 
ရေ​သောက်​လည်းရင်​မ​အေးတဲ့ ဇာတ်​လမ်း...
ကီးဘုတ်​​ပေါ်ပြုတ်​ကျလာတဲ့အတိုင်း
မီး​တောက်​မီးလျှံ များ
မျက်​ရည်​နဲ့ ငြိမ်းသက်
ချိနဲ့နဲ့ စကားလုံး​တွေ ဘီယာခွက်​ထဲမှာ
အမြုပ်​တစီစီ
ခါးတယ်
လူ​တွေတီထွင်​ထားတဲ့အခါး ​မော့​သောက်​လိုက်
ရီ​ဝေ​ဝေ မူးလိုက်
မေတ္တာတရား​ခေါင်းပါးတဲ့ရင်​ခွင်​မှာ
ကိုယ့်​ အသိတရားကို ပြန်​ခွာစား
Saveလုပ်​ထားတဲ့ Freedom
ဟာ
ဆိုရှယ်​မကျ​တော့ဘူး
လွတ်​လွတ်​လပ်​လပ်​ဆက်​ဆံဖို့
ဘာလို့ အကာအကွယ်​ယူရမလဲ
ပုတ်​သင်​ညို အပြိုလိုချင်​​ခေါင်းငြိမ့်
အဲ့ဂလိုဆိုမဖြစ်​​သေးဘူးကွယ်​။

လင်းဆက်​ပိုင်
22032015



Posted via Blogaway


Comments