ကိုယ်စောင့်နတ်ရူးခြင်း
____________________
မျက်နှာကြက်က ငါပြောတာနားမလည်းဘူး
ဒီလိုနဲ့ အပြန်အလှန်တွန်းကန်းရင်း
ညီညွှတ်လိုက်ပါတယ်
သစ်လွင်မှု့တွေကို တွန်းထုတ်ပြီး
နောက်ထပ်အသစ်တွေ အားကောင်းစွာ
နေရာယူလာတယ်
ပစ္စုန်ပ္ပန် တိုင်း အသစ်တွေအားကောင်းလာတယ်
ပြင်လိုက် ပျက်လိုက်
ပျက်လိုက်ပြင်လိုက်နဲ့
နာရီတွေဟာ တန်ဖိုးရှိတဲ့ သင်္ခန်စာပဲ
အရူးတိုင်း စိတ္တဇဖြစ်နေတာမဟုတ်ဘူး
ပျော်ရွှင်ခြင်းကိုဘောင်ခတ်ဖို့
အရောင်တွေ အနုအရင့် ရောစပ်လိုက်တယ်
ဒါကို ပန်ချီးကားမဟုတ်ဘူးလို့ ငြင်းပယ်နိုင်တယ်
မူလအလင်းရဲ့ဆေးရောင်ဟာ
အလွမ်းဖြစ်နေပြီး
အားလုံးထက် တမူထူးခြားအောင်
မှောင် မိုက် ....
ဝတ္ထုထဲက saveထားလိုက်တဲ့ ဓာတ်ပုံ
နာမ်သဘောကို လက်ဆောင်ရလိုက်တယ်။
လင်းဆက်ပိုင်
6.3.2015
Comments
Post a Comment