ရင့်မှည့်တိုင်းရင်ပြည့်အောင်ချိုတယ်
_________________________________
ဘယ်နေ့ကလဲမမှတ်မိတော့တဲ့နေ့က
ကိုယ်ဟာ နျူရိုဆစ်လို့ ကင်းပွန်းတပ်ခဲ့တယ်
ပျော်ရွှင်ခြင်းဆိုတာ....
မှန်ထဲကိုကြည့် ပြုံးပြတိုင်း ပျော်စရာလား
သေချာတယ်အဲ့ဒီနေ့ဟာ နျူရိုးဆစ်ဖြစ်ကောင်းဖြစ်လိမ့်မယ်
စနစ်တကျတည်ဆောက်ထားတဲ့ အသံ
ရင်ဘတ်ကိုစိုက်ဝင်ခဲ့တဲ့နေကို happy dayလို့
သူမကို ပြောခဲ့မိမယ် ထင်တာပဲ
ဒါဟာ နာတာရှည် ဖြစ်နိုင်တဲ့ ဘက်တီးရီးယားလို့
ထင်စရာလား
ဆေးမရှိတဲ့ရောဂါ
စတိုင်ကိုကအလိုလို ၀မ်းနည်းခြင်းတွေလားပဲ
ရယ်သံ သဲ့သဲ့ကြားတိုင်း အသဲဟာထုံထိုင်းတယ်
ကိုယ်ရဲ့ ဆိုက်ကိုဆစ် လို့ပဲ ထားလိုက်ပါတော့
ခေါင်းအုံးကို ပါးအပ်ပြီးငိုတဲ့ညများဟာ
ရင်ဘတ်မီးလောင်းခြင်းနဲ့ မပါတ်သတ်ဘူးလို့
ငြင်းကွယ်ခဲ့တာပေါ့
ဘယ်သူသိမှာလဲ မေတ္တာတရားဟာကံဆိုးလောင်မီးကျခဲ့တာ
အတွင်းရော အပြင်ရော ဒဏ်ရာတွေ
မိတ်ကပ်လိမ်း ရင်း လှပလိုက်တယ်
လောကကြီးသိပ်လှပတဲ့နေ့ကိုတော့
ဆိုက်ကိုဆစ်နဲ့ နျူရိုးဆစ်ပေါင်းစပ်လိုက်တဲ့ နေ့ပေါ့....
အိုးးးအတွေးများ မှိတ်တုတ်မိတ်တုတ်ရှေခ့်ရိုက်ကုန်တာပဲ
ကမ္ဘာကြီးက၀မ်းနည်းခြင်းအဖြစ်
တလောကလုံးမှောင်မဲအောင် လ ကွယ်ပေးလိုက်တယ်။
25.3.2015
လင်းဆက်ပိုင်
Comments
Post a Comment