ကျွန်တော်နဲ့ပုတ်သင်ညိုကမ္ဘာ
____________________________
သမားတော်တွေ လက်လျော့ရတဲ့
ကိုယ့်ရောဂါအတွက်
လူထူးဆန်းရောဂါလို့ တံဆိပ်အကပ်မခံချင်ဘူး
ရူးသွပ်တာ အချိန်အခါမှမလိုတာ။
ဘ၀မှာ ရန်သူဖြစ်ဖြစ်ချစ်သူဖြစ်ဖြစ်
ပုံသေနည်းဆန်တဲ့ ယုံကြည်မှု့နဲ့
အယူအဆဖြစ်ဖြစ်
ကိုယ်တွေးခေါ်မှု့ မှန်တယ်တယ်ထင်မှု့တွေဖြစ်ဖြစ်
ဖြစ်ချင်တာဖြစ်ခွင့်တွေအကုန်
လူ့အတ္တတွေကို
ကိုယ် မေတ္တာမပျက်ပါဘူး။
အမှန်တရားရဲ့ အပြင်ဘက်က အမှန်
ခင်ဗျားနဲ့ အလှမ်းကွာတိုင်း
အမှားတရားလို့ ယိုစွပ်တက်သူတွေ
ဖွယ်ဖွယ်ရာရာဖြစ်အောင်
ခင်ဗျားဘ၀ကို ခင်ဗျာပြန်မြိုပေါ့။
ရိုးသားရဲရင့်ခြင်းဟာ
ခင်ဗျားတို့အမြင်မှာ
အရူးအဖြစ်နဲ့ ရှင်သန်ရတာကိုက
ကျုပ်အတွက်တော့ အရသာပဲ
ကိုယ့်ထမင်းကိုယ်စားပြီး
ခင်ဗျာတို့ ကျုပ်ကိုကြည့် ပူလောင်နေတာလား
Sorryပါ။
လင်းဆက်ပိုင်
Comments
Post a Comment