နားလည်နှိုင်မှု့ အလွန်က ဘာသာရပ်
.......လင်းဆက်ပိုင်.....
စိတ်နှစ်ခုဟာ ဆင်တူခဲ့ကြောင်း
သက်သေပြဖို့ တိမ်တွေနဲ့စကားပြောတဲ့အခါ
နားလည်းမှု့ကို ဘာသာစကားနဲ့သဘာဝကခြားနား
အဆင်ပြေ ပေါင်းသင်းခဲ့သော နှစ်ကူးတွေက
အသစ်ဖန်းတီးလို့ ....
အာရုံထဲညွှတ်ကျတဲ့ ခံစားမှု့ ဓမ္မတေးများ
တည်ဆောက်ဆဲ တန်းလန်း လိုအပ်နေသော ယုံကြည်မှု့များ
သစ္စာအိမ်ဟာ အကာအရံမဲ့လွန်းစွ
ဖျားနာနေသော ရင်ကြားက သက်တန့်များ
ပုံသဏ္ဍာန်မျိုးစုံ ရွေ့လျားနေသော
တိမ်တွေဟာ ရယ်မောခြင်းအဖြစ် ရွာချတော့တယ်
လေဟာနယ်အတွင်းမှာ အသက်ရှင်မှု့ပျိုးထောင်ရတာ
ကိုယ်မျက်နှာပြန်မမြင်နိုင်လောက်အောင်
မျှော်လင့်ချက်များ ထားခဲ့သူ
ကိုယ်သိုလှောင်ထားတဲ့ ဘဏ်တိုက်အတွင်းမှ
ပွင့်ဖတ်သောကတွေဟာ
ပျော်ရွှင်းကြောင်း ဘယ်လို တူရိယာနဲ့
တီးမှုတ်ရမလဲ
သိပ်သည်းနုညံ့မှု့ဟာ အတွင်းသားမို့
မမြင်နိုင်ခြင်းရဲ့ အနီးဆုံးမှာ
မကျေနပ်ခြင်းတွေ အချက်ပေးဖို့
မလိုအပ်တော့ပေမယ့်
ရည်ညွှန်းချက်တွေဟာေ၀၀ါးပေးရပြန်တယ်....
(တစ်ယောက်)ရှင်သန်မှု့အတွက် (အာဏာရှင်တွေ)ရှင်သန်မှု့အတွက်
(တစ်ယောက် )ကလွင့်
(ပြည်သူတွေ)ကလွင့်
့ပေးလိုက်ရတဲ့သီအိုရီလို
ငါတို့ အိပ်မက်တွေကြား သံသရာအကွေ့တွေတိုင်း ရေစက်တွေခြားရခြင်းပါပဲလေ
တချို့သော ကံတရားဟာ ငါတို့ကို အနိုင်ယူ ချွန်းအုပ်တယ်
ဒါဟာ သိမှု့နဲ့ အလှမ်းကွာတဲ့ ဘာသာရပ်သာ ဖမ်းစားခံရခြင်းဖြစ်တော့သည်။
............................................
လောင်ကျွမ်းခံအမှောင်တွင်းထဲမှာ
.........လင်းဆက်ပိုင်.......
တစ်ကွေ့ပြီးတစ်ကွေ့ပေါ့
ဘယ်လိုဖြတ်ကျော်ရမယ်ဆိုတာ
ငါမသိနိုင်ပေမယ်...
ရွတ်နေကြ ဂါထာတစ်ပုဒ် ရှိနေလေရဲ့
လိုလိုချင်ချင် သေလိုက်ချင်လည်း
ခက်ခဲလွန်းတယ်...။
အိပ်မက်တွေချည့် ဖြန့်ခင်းနေရတာဆိုတော့
ဘ၀က လက်တွေ့မဆန်ဘူးရယ်
သေကောင်ပေါင်းလဲ
နေ့ များ
ည များ
အငွေ့ပျံ တယ် ။
အပူ
အအေး
အလင်း
အမှောင်
ဆွဲဖွင့်တိုင်း
နုညံခြင်းဟာ
ဟင်းလင်းပြင်တွေချည့်ပဲ။
သိပ်ပျော်စရာကောင်းတယ်ဆိုတာကို
၃မိနစ်လောက်ခံစားကြည့်ချင်တယ်
ဘယ်မှာ .....
သံသရာက မျဉ်းဖြောင့်တွေ လို
မဟုတ်ဘူး
ကိုယ်ထူကိုယ်ထ နေ့ရက်တွေ
ပြင်ဆင်ရင် အိုစားလာတဲ့
နှစ်
ကိုယ်စိုက်ပျိုးသမျှ
အမြစ်တွေသာဆွေးကောင်းဆဲ။
စိတ်ကူးတွေ
အပွင့်လိုက်အခတ်လိုက်
ရှိနေခြင်းကအလွဲတစ်ခုလား
ကိုယ့်ရောဂါနဲ့ ကိုယ်
ကိုယ့်သဘာဝက ရူးစော်နံနေရတယ်
ဘယ်လို ထူထောင်ရမလဲ
နေ့ရက်တွေသစ်လွင်သလောက်
အတိတ်ဟန်မူရာတွေပဲပြည့်နှက်
ဒီလို....
လမ်းသလားလို့မကောင်းသော
ကိုယ်က မိုးမလင်းတဲ့....ည။
သေချာပါတဲ့ပြောတဲ့ မနက်ဖြန်ရဲ့နေခြည်ထဲ
ကတိသစ္စာတွေ
ပွင့်မှာသေချာရဲ့လား
ငါက စိတ်နဲ့အရင်အရောက်နှင်းနေပြီ...။
လောကဓံ နဲ့ အသားမကျနိုင်တဲ့
ကိုယ့်စိတ်နဲ့ကို စူးဝင်နစ်နေတဲ့
ကိုယ်လှမ်းခေါ်လိုက်တဲ့ အက္ခရာများ
အကြင်နာတွေ နားကန်းနေသလိုမျိုး...။
အမှန်တရားပါလို့ ထွန်းညှိလိုက်တဲ့
ဖရောင်းတိုင်အတွက်
လေကြမ်းတွေကို အပြစ် မဖွဲ့ချင်တော့တာ
ခံနိုင်ရည် မှတ်ကျောက်ဟာ မှောင်မည်းလို့။
.......................
ပျော်ရွှင်ခြင်းဆိုတာပြေးလွှားခုန်ပေါက်ကစားသလို မဟုတ်တော့ဘူး
..........လင်းဆက်ပိုင်......
သရုပ်ဆောင်ခဲ့ခြင်းဆိုရင်တောင်
အလွန်အသက်ဝင်ခဲ့
အကြင်နာတွေနဲ့ လေဟုန်စီးခဲ့ကြ
ဒါကြောင့်မို့ထင်
လေဟာနယ်ထဲကွယ်ပျောက်ရ
ဘာမှမဖြစ်ခဲ့ပါဘူး
တကယ့်ကို ဘာမှမပါတ်သတ်ခဲ့ဘူးလို့
ငြင်းကွယ်နိုင်တာပေါ့...
ငါနဲ့ ငါ့စိတ်နဲ့သာ သိခဲ့တာပေါ့
အလီဘိုင် ပြစရာမလိုပါဘူးလေ
ရှိခြင်းဟာ မရိုခြင်းသာဖြစ်တယ်
မရှိခြင်းဟာလည်း ရှိနေခြင်းဖြစ်တယ်
ဟီရာကလိုက်တပ်စ်ရဲ့ ဖီဆော်လော်ဖီလိုပေါ့
(တစ်စုံတစ်ယောက်သောသူသည် တစ်ခုတည်းသောမြစ်ထဲသို့ နှစ်ကြိမ်ဆင်း၍မရတဲ့)
အမှောင်ဆောင်ကျဉ်းခဲ့လေတဲ့
အလွမ်း
အခန်း
တကယ်ဖြစ်ပျက်မှု့ကိုက
အိပ်မက်ဆန်လွန်းခဲ့တာ
အသိတရားကို ဖုံးလွှမ်းသွားတဲ့ အပြုံးပွင့်လေးရေ....
ဘယ်နေရာမှာ ငြိမ်သက်နေသလဲ
စူးစူးရှရှ ညငှက်တစ်ကောင်ရဲ့အော်သံကို
ဘယ်သူမှအရေးတယူမလုပ်ကြတော့သလိုပေါ့
ကိုယ့်စိတ်တွေပြေးလွှာခုန်ပေါက်နေရတာ
ပျော်ရွှင်စရာမကောင်းတော့ဘူးရယ်
၁၁၂၂၀၁၅
..............................
မလင်းပြာဖတ်ဖို့ အလွမ်းစာ ၁၈
Replies: 0
By: linsetpaing
မလင်းပြာဖတ်ဖို့ အလွမ်းစာ ၁၈
.......လင်းဆက်ပိုင်.......
မလင်းပြာရေ...
ဘယ်တော့မှ ကံမကောင်းခဲ့ခြင်းအတွက်
မကျေနပ်ဘူးလို့ ငါ ဘယ်တော့ အော်မှာမဟုတ်ဘူး
ဒီလို...
သေရာအမှတ်လေးပေါ့ ....
အလွမ်းကို ပြီးပြည့်စုံအောင် ငါမဖွဲ့တက်သေးဘူး
မလင်းပြာရေ....။
ကိုယ့်အလင်းမှိန်ဖျော့လေးနဲ့
လူပီသဖို့ကြိုးစားရင်း
မုသားဝါဒီနဲ့ ကိုယ့်ဘာသာ ယဉ်ကျေးလိုက်တော့တယ် (မလွမ်းပါဘူး လို့)
ပြင်းပြစွာသည်းထန်တဲ့ ရူးသွပ်မှု့
ဟင်အင်း
ခံစားမှု့ ပန်းခင်း
လွတ်လပ်စွာ လန်းဆန်းခွင့်မရတာပါ
မလင်းပြာရေ....
ကိုယ်တို့လေးမြတ်ခြင်းတွေ
ကိုယ်တို့ပျိုးခဲ့တဲ့ အရောင်တွေ
ကိုယ်တို့ရဲ့ခံယူချက်တွေ
ရီဝေစိုထိုင်းစေအောင် ကံကြမ္မာဖန်တယ်
ဒီလိုပါပဲ လင်းပြာရေ....
အကွာအဝေးတွေကြားမှာ
ဟင်းလင်းပြင်ထဲ လေလွှင့်ရ
ကိုယ့်စိတ်ကို တွယ်စီးရတာ ပိုမောတယ်..
ဒီလို ရွေ့လျားခဲ့ နေ့များ ညများ
မွန်းကြပ်မှု့တွေ စူးရှ...
ကန္တာရ တွေ ကိုယ်တို့ကြားမှာ
အေးရိပ် နွေးရိပ် တွေက
ခုတော့ ဆွေးရိပ်တွေဖြစ်ရ
..
..
..
ဒါဟာ
ကိုယ့်တို့
အပြန်အလှန် ထိတွေ့ခွင့်မရတဲ့
တိတ်ဆိတ်သော စကားလုံးတွေပါပဲ
မျှော်လင့်သော အိပ်မက်ကို
သူစိမ်းဆန်လိုက်ယုံနဲ့ ဝေဒနာတွေ
သက်သာခဲ့မယ်ဆိုရင်လေ...
ဥုံ ဖွ လို့ မန်းမှုတ်လိုက်ပါမယ်
မလင်းပြာရေ...
ငါ့ကိုယ်ငါပြန်မမှတ်မိအောင်ကို လွမ်းတယ်
10.2.2015
....................................
ဟိုးဝေးဝေးက ခရီးဆောင်အိတ်လေး
Replies: 0
By: linsetpaing
ဟိုးဝေးဝေးကခရီဆောင်အိတ်ထဲက
လေယာဉ်ဆိုက်သံကြားရ
ရေမိုးချိုးလို့ စောင့်နေရတော့မလို
ပင်လယ်ကို မော့သောက်မိတဲ့ကိုယ့်အဖြစ်
ငတ်မပြေတော့တာ မဆန်ဘူးရယ်။
ဆက်မရေးတော့နဲ့ လင်းဆက်ပိုင်
ကျုပ်ငိုနေတာတွေ ထပ်မရေးတော့နဲ့
ကျုပ်မသိတဲ့ ကောက်ကွေ့တဲ့သောင်ပြင် သီးချင်းတွေ...
ကြက်ခြေခတ်ထားတဲ့ အကြည့်စိမ်းစိမ်းတွေ
မြတ်နိုးမှု့ကိုဆေးဖော်ကြောဖတ်လုပ်ခိုင်းမနေနဲ့
မေတ္တာတရားဟာ နေဝင်သွားပါပြီ
ဘယ်ဘက်တခြမ်းလုံးပုပ်အဲ့ခဲ့ပြီးပဲ
မင်းနားမလည်ပါဘူး.....
ရင် ခုန် သံ ရယ်...
ရာသီဥတု အပျက်တွေကငါ့ကို
အနိုင်ယူလွန်းတယ် ။
..............................
တနင်္ဂနွေဟာအမည်း(မဲ)ရောင်တွေဝတ်ဆင်ထားတယ်
Replies: 0
By: linsetpaing
တနင်္ဂနွေဟာ အမည်း(မဲ)ရောင်တွေဝတ်ဆင်ထာတယ်
........လင်းဆက်ပိုင်
သူလက်တွေကိုတွဲ ....
မိုးမြေအနှံ့လျှောက်လည်ကြမယ်လို့
ကတိတွေထားခဲ့ဖူးတယ်
နဖူးစာ မှင်ရည်ကျဲခဲ့၍
ခွင့်ပြုမိန့် မရခဲ့ဘူးကွယ်။
ကိုယ်ကလည်းစူပါငတုံးကောင်လေးပေါ့
အိပ်မက်ကို အတိတ်ကောက်ရင်း
ဘဝကိုပုံးအောခဲ့တယ်
ကပ်လွဲမှု့အတွက်....
အိပ်မက်ကျမ်းကို အပြစ်မတင်ချင်တော့ပါ ။
အလင်းရောင်ဟာ
နှလုံးသားထောင့်ကျဉ်းကို
ဘယ်တော့မှ မရောက်နိုင်တာသိပါတယ်
လမင်းအိမ်ရေ...
လွမ်ရကြောင်းတွေ စာမဖွဲ့ချင်တော့ပါ။
တကယ်ပါ
တစ်ရက်လောက်သာမေ့နိုင်ခဲ့ရင်
ငါ့မျက်နှာမှာ အပြုံးတွေဝေနေမှာ
အခုတော့....
မျက်နှာကို လျှော်ဖွတ်လည်း
အရောင်မလက်တော့ဘူးကွယ်။
ဘယ်လို ဆွဲငင်အားလည်း
ဘယ်လိုပိုက်ကွန်မျိုးလည်း
ရုန်းလေးနစ်လေ
မေ့ဖို့ကြိုးစားတိုင်း
ပိုပိုပြီး ဆိုတာထက် ပိုပြီး(အတိုင်းမဲ့)
အမှတ်ထင်ထင်နေ့ရက်တွေပါပဲ
နွေ ။
နွေရေ...
ကိုယ့်မှာ တစ်ကိုယ်လုံးကြွေပေးလိုက်တယ်
တစ်ခတ်လောက်မှ ပြန်မဝေတော့
ခက်သားကွယ်
အရိုးပြိုင်းပြိုင်းနဲ့ ကိုယ်က သစ်ခြောက်ပင်ပါ။
သေချာပါတယ်
ဘယ်သူမှခုတ်လှဲစရာမလိုပါဘူး
ကိုယ့် သဘာဝနဲ့ကိုယ်
မကြာခင်မှာ လဲပြို ကျတော့မှာပါ
ရေသောက်မြစ်ပြက်တဲ့ အပင်ဆိုတာ
ဘယ်လို ဂါထာတွေနဲ့ မန်မှုတ်မှုတ်
ရှင်ပြန်ထမြောက်ခြင်းမရှိတော့ပြီပဲလေ
ဒါဟာ ကျတော့ရဲ့ တနင်္ဂနွေ နေ့လေးလေ။
.........................
တိမ်ညိုတိမ်မဲတွေနေရာအနှံ
Replies: 0
By: linsetpaing
တိမ်ညို တိမ်မည်း(မဲ)တွေ နေရာအနှံ့
.....လင်းဆက်ပိုင်
ဟုတ်တယ်
ဒါကို ငြင်းကွယ်နိုင်တယ်/ငြင်းဆန်နိုင်တယ်
သူတို့ဟာ တိမ်းမည်း(မဲ)တွေ
လေနှင်လာလွှင့်ရင်း အလင်းရောင်တွေကွယ်တယ်
ငါတို့ စိုက်ပျိုးသမျှအကုန်း ဖွံ့ထွားခွင့်မရအောင်...
မိုးအဖြစ်မရွာချ ဘူး
အေးမြခြင်းတွေမပေးဘူး
သူတို့ဟာအမြဲတမ်းပြုံးတယ်
ဒါဟာဖွင့်ဆိုလို့မဖြစ်နိုင်တဲ့
သိမှု့အလွန်က အပြုံးမျိုးပါပဲ
သူတို့ဟာ လောင်းကျွမ်းနေသူလို့ သူတို့ကိုယ် သူတို့ မသိကြဘူး
သူတို့ဟာ အရသာ ရှိရှိနေကြတယ်
သူ့တို့အရသာရှိတာတွေအကုန်လုံး
ငါတို့က မနှစ်မျိုပြန်ဘူး
သူတို့ဟာ ရွေးချယ်စရာတွေ ရှိရဲ့နဲ့
အားလုံးကို ဘေးမှာပုံထားရင်း
မသိမှု့တွေနဲ့ ရူးသွပ်နေသူတွေပါပဲ
မကြာခင်မှာသူတို့ဟာ ထွက်ခွာသွားရတော့မှာ
သူတို့နှစ်သက်သောအရာအားလုံးထားသွားရတော့မှာလည်း မသိကြဘူး...
သူတို့ဟာ အိပ်မပျော်တဲ့ညတွေနဲ့
ကျီးလန့်စားအဖြစ်တွေကို မသိကျိုးကျွံပြုရင်း...
မြေကြီးကလက်ခံပေးမယ်
သူတို့ဟာ ငရဲမှာ မလွတ်တော့တာလဲ
မသိတော့ဘူးရယ်
သူတို့ဟာ ခေါင်းကြီးသလောက်အသိဥာဏ်နည်း(နဲ)ကြတာ တစ်ကမ္ဘာလုံးသိကြတယ်
သူတို့ဟာ အားဏာရှင်ဆိုတဲ့
စကားလုံးကိုနှစ်သက်မြတ်နိုးစွားနဲ့
အဝီစိမှာ ......
သူတိုဟာ သူတို့ တိမ်ညိုတိမ်မဲ မျက်နှာတွေလို့ မသိတော့ဘူးရယ်။
9.2.2015
....................
နေရာတကာပဲ့ပဲကြွေနိုင်လွန်းတယ်
Replies: 0
By: linsetpaing
နေရာတကာပဲ့ပဲ့ကြွေနိုင်လွန်းတယ်
..........လင်းဆက်ပိုင်
ကောင်မစုတ်လေးရေ
အဝါရောင်ဆန်တဲ့ မနက်ဖြန်
်ကိုယ် ခရီးဆက်ရပါဦးမည်
ကိုယ်ဘယ်လောက်သွားသွားပေါ့
ကောင်မစုတ်လေး လမ်းပိတ်ထားရင်
ကိုယ့်ခရီးဟာ အချည်းအနှီး ဖြစ်နေဦးမည်။
စိတ်ရဲ့ဦးတည့်ရာအရပ်မှာ
အိပ်မက်လေးရှိနေလေသည်
အိပ်မက်ထဲလမ်းလျှောက်ရင်းဖြင့်
...
...
မိုးလင်းတဲ့နံနက်များထဲ
ရင်ဘတ်ကိုငုံ့အကြည့်
ညီမျှခြင်းတွေ ရှာမတွေ့တော့သည့်အဖြစ်။
ကိုယ့်ကိုကိုယ်သာ ဝမ်းနည်းကြောင်းကြော်ငြာရတဲ့အခါ...
အတွေးတိုင်း လောင်မီးကျရ....
လွမ်းဖို့ကောင်းလွန်းအောင် နေညိုချိန်တွေလည်း
အိပ်တန်းပျောက် ငှက်လို
လေပြင်းနဲ့ မိုးတွေ တဟားဟားရယ်မောနေကြသည်။
စိတ်ထဲက ခံစားချက်အတွက်
ကဗျာရေးစရာ စကားလုံးတို့ရှာမတွေ့တော့ပြီ
စိတ်နဲ့သာ ဖတ်ကြည့်လိုက်ရင်ဖြင့်သိလိမ့်မည်။
အရမ်းဝေးနေတော့ မင်းမြင်နိုင်မလားဟု စဉ်းငယ်မျှသောအတွေး....
ငါသိသလိုလိုနဲ့ မသိခြင်းများသာစိုးမိုးနေပါသည်....။
လေပြည်သီချင်းတွေ တစ်ကိုယ်တည်းဆွေး
အိပ်မက်ဆွေးမြည့်လေးတွေ တီးခတ်
လိပ်ပြာလေးတွေ ၀ဲပျံ ရင်း...
ကြေကွဲစရာ အလွမ်းသီးချင်းလေး
ကိုယ်တစ်ယောက်တည်း ဆိုနေ /ဆိုးနေပြီ။
စိတ်နဲ့ခန္ဓာ အိုးစားမကွဲသ၍ ....
ပါတ်သတ်မိတဲ့ရောဂါပိုးမွှာများ
အသက်ရှူ မှု့ကို အူးမြူးခွင့်မရှိခြင်းနဲ့
အရှုံးပေးပါသည်
အသဲနှလုံးနှင့် အသက်အား နှင်းအပ်ပါသည် ။
သို့သော်...
အရာရာအားလုံး လက်ခံလိုက်ဖို့
ငါ့မျက်နှာအား မိတ်ကပ်လိမ်းရဦးမည်
ကိုယ့်လွင်တီးခေါင်ပြင်မှာ အရမ်းခြိမ်းပြီး
မရွာတဲ့ တိမ်တွေကို မုန်းမိပြီ။
ဒီလိုနဲ့ပေါ့ ....
နာမ်ကိုတိုင်းတာဖို့
ဒီဂရီတွေ
မီတာတွေ
တရားဓမ္မတွေ
တပ်ဆင်ထားရင်း
ကိုယ့်တိတ်ဆိတ်မှု့တွေ ကျမကွဲရအောင်
လောက ကစားကွင်းထဲက
ထွက်ပြေးခဲ့ရပြီ...။
7.2.2015
................
ချစ်သူရေ
Replies: 0
By: linsetpaing
Saw Jonathan Aye
ချစ်သူရေ.....
စကားပြောမကောင်းတဲ့
ကြယ်ကလေးရဲ့ရင်ဘတ်ထဲကို
ရန်လိုတတ်တဲ့ပန်းသီးကလေး
နင့်နင့်ဝေဝေကြွေကျခဲ့တဲ့
နွေရာသီတစ်ခု
အမှန်တကယ်ပဲရှိခဲ့တာပါ ။
နင့်အတွက်
သမုဒ္ဒရာထက်ကျယ်တဲ့ရေပြင်တစ်ခု
ငါယူဆောင်လာဖို့ပြောခဲ့ဖူးတယ် ။
နင်က....
ငါ့ရင်ဘတ်ကိုလက်ခုပ်နဲ့ခပ်ယူဖို့သဘောတူခဲ့တယ် ။
ဒါပေမယ့်.....
နင်နဲ့ငါဝေးခဲ့ကြတယ် ။
၂၁ရာစုရဲ့အိပ်မက်အသစ်တွေထဲမှာ
ငါလယ်သမားကြီးလုပ်ဖို့ပြောခဲ့တုန်းက
ငါပျိုးထားတဲ့အိုင်းရစ်နှင်းဆီပွင့်ကလေးကိုပန်ဖို့
နင်သဘောတူခဲ့တယ် ။
ဒါပေမယ့်......
နင်နဲ့ငါဝေးခဲ့တယ် ။
နင်နိုးထရာမနက်ခင်းတွေမှာ
အလှပဆုံးပန်းတွေငါပွင့်ခိုင်းခဲ့တုန်းက
ညပေါင်းများစွာမှာ
ငါ့ပုခုံးကိုမှီနွဲ့ရင်းကြယ်တွေကိုရေတွက်ဖို့
နင်သဘောတူခဲ့တယ် ။
ဒါပေမယ့်.....
နင်နဲ့ငါဝေးခဲ့တယ် ။
နင်ဆိုပြတဲ့သီချင်းတွေကို
ကမ္ဘာဦးဂီတတစ်ခုပါလို့ငါသတ်မှတ်ရင်း
လင်းလင်းခြိမ့်ခြိမ့်နားထောင်ခဲ့တုန်းက
ငါ့ကဗျာအပုဒ်ပေါင်းများစွာရဲ့
အရှင်သခင်မဖြစ်ဖို့နင်သဘောတူခဲ့တယ် ။
ဒါပေမယ့်.....
နင်နဲ့ငါဝေးခဲ့တယ် ။
နင့်ကိုငါ့ဦးခေါင်းတစ်လုံးထက်
ပိုချစ်ပါတယ်လို့ငါပြောခဲ့တုန်းက
နင်ကငါ့နံရိုးကလေးဖြစ်ကြောင်း
ကမ္ဘာမြေတစ်ခုလုံးကိုပြုံးပြအသိပေးခဲ့တယ် ။
ဒါပေမယ့်.....
နင်နဲ့ငါဝေးခဲ့တယ် ။
ငါဂစ်တာတီးတဲ့အခါ
နင်သီချင်းကူဆိုဖို့ပြောခဲ့တုန်းက
နင်ကငါ့ရဲ့ကိုယ်တစ်ခြမ်းဖြစ်ကြောင်း
လူပေါင်းများစွာကိုငါသိစေခဲ့တယ် ။
ဒါပေမယ့်.....
နင်နဲ့ငါဝေးခဲ့တယ် ။
၁၂ရာသီပန်းတွေကို
ရာသီနက္ခတ်မချိန်ဆပဲ
နင့်အတွက်ငါပွင့်ခိုင်းခဲ့တုန်းက
ငါ့အိပ်မက်လှေတို့ရဲ့
လှော်တက်ကလေးဟာနင်ဖြစ်ခဲ့တယ်
ဒါပေမယ့်......
နင်နဲ့ငါဝေးခဲ့တယ် ။
ငါဆိုတတ်တဲ့တစ်ပုဒ်တည်းသောသီချင်းက
နင့်အတွက်ပါလို့ငါပြောခဲ့တုန်းက
ငါ့ကဗျာတွေကို
နင့်ကိုယ်သင်းရနံ့တွေထုံမွှမ်းပေးဖို့
နင်သဘောတူခဲ့တယ် ။
ဒါပေမယ့်......
နင်နဲ့ငါဝေးခဲ့တယ် ။
နင့်အလင်းတစ်ဝက်ရဲ့အလင်းတစ်ဝက်လောက်
ငါ့ကိုဆွတ်ဖျန်းပေးဖို့နင်သဘောတူခဲ့တုန်းက
ဆောင်းညအိုအိုတွေကိုဖျစ်ညှစ်ရင်း
နင့်ကိုသိပ်ချစ်ကြောင်း
နှင်းစက်ပေါင်းများစွာနဲ့
ငါစကားပြောခဲ့တယ် ။
ဒါပေမယ့်.....
နင်နဲ့ငါဝေးခဲ့တယ် ။
နွေရာသီရဲထောင့်ချိုးတွေထဲမှာ
နင်ကငါ့ရဲ့မိုးစက်မှုန်ရီကလေးဖြစ်ဖို့
သေချာသွားခဲ့တုန်းက
အဲဒီနွေရာသီထဲကို
ငါ့နှလုံးသားတွေပစ်သွင်းခဲ့တယ်
ဒါပေမယ့်.....
နင်နဲ့ငါဝေးခဲ့တယ် ။
မိုးရတုရဲ့နောက်ကျမုတ်သုန်ကို
ငါခါးကနေလိမ်ချိုးတုန်းက
ငါပိုင်တဲ့ညပေါင်းများစွာကို
နင်လှလှပပထွန်ယက်ခဲ့ဖူးတယ်
ဒါပေမယ့်......
နင်နဲ့ငါဝေးခဲ့တယ် ။
ဒီလိုနဲ့
အဲဒီလိုပေါင်းများစွာနဲ့
နင်နဲ့ငါ... .
ဝေးလွန်းမကဝေးခဲ့ကြပြီကောကွယ် ။ ။
saw jonathan aye
.....................
သစ္စာပန်းရဲ့အက်ကွဲတဲ့ရနံ
Replies: 0
By: linsetpaing
သစ္စာပန်းရဲအက်ကွဲတဲ့ရနံ့
.........လင်းဆက်ပိုင်......
ထိန်းထားလို့မရတဲ့စိတ်ကို
လွှတ်ပေးလိုက်တယ်
လွှင့်ချင်သလိုလွှင့်လိုက်စမ်းပါ
ထင်တဲ့အတိုင်းပဲ သိပ်မကြာလိုက်ဘူး
ခြေပြစ်လက်ပြစ်ထိုင်ငိုတော့တာပဲ
လမင်းဆိုတာ ဖမ်းဆုပ်လို့မှမရတာ...
ခိုးခိုးခစ်ခစ်အသံတွေ
သူမရဲ့ဆံနွယ်ဖားလျားလေထဲဝဲနေပုံ
သူမရဲ့အပြုံးများ
ကိုယ့်စိတ်ပေါ်မေးတင်နေသောနတ်သမီးပုံပြင်
(ရင်ဘတ်)လှောင်အိမ်ထဲ ထည့်သိမ်းချင်တာလို့ထင်သူ
တစ်မီတာပြီး တစ်မီတာ နောက်ကျရဦးမယ်
ဘဝဆိုတာ တိုတိုလေး သက်ပြင်းတွေရှည်လွန်းတယ်
မက်လရဲ့ သြဥတေးတွေ ချိုသာတယ်
ဒါဟာ နွေအစ .....
ဖော်မလင်းစိမ်ထားတဲ့ ဇာတ်ဝင်ခန်း
ကိုယ်စိတ်ကို ခွဲစိတ်ကုသရတာခက်ဘူးလား
လေပြည်အဝေ့မှာ တသောသောကြွေနေတဲ့ ရွက်ဝါတွေလို
တစ်ကိုယ်လုံး ချွေချ လိုက်လဲ
စိတ်ကအသစ်မဖြစ်တော့ပြီပဲ
ကျနော်ရယ် ကျနော်စိတ်ရယ် အပြန်အလှန် ထမ်းပိုးထားတဲ့ ဒုက္ခများ
တလက်မလောက် လျော့ကြည့်ချင်တယ်
စေတီဖြူ ဖြူ ဆည်းလည်းသံတို့နဲ့
သစ်ရိပ်ဝါးရိပ် မှာ ငါးမျှားမိတာပဲ အဖတ်တင်တယ်
ဒီအသံ ဒီပုံရိပ် ဘယ်လိုမှ နှင်လို့မရတော့ဘူး....
ဒါဟာ သတိလစ်တုန်း လွင့်သွားတဲ့စိတ်
ကိုယ့်အိပ်မက်တွေ ဇရာထောင်းလို့ငယ်နာမည်မေ့သွားပုံလေး
အကြွင်းအကျန်တွေမှောင်နေပုံများ
အသဲနှလုံးကမင်းဆီမှာဆိုတာလည်း
အိပ်ပျက်ညတွေ အသဲကွဲခြင်းနဲ့ လမင်းအလင်းမှာ ဆွေးမြေ့ ။
..........
Comments
Post a Comment