မူကာရာမိ

Main Menu
ဆစ် ခ် feeling အာ့တာမျိုးတွေ ဂျပန်ကြီးကို ကြွေရတာ
5 hrs ·
More options
ကျွန်တော်နဲ့ တတိယမြောက်အိပ်ခဲ့တဲ့ အမျိုးသမီးက ကျွန်တော့်ပစ္စည်းကိုကြည့်ပြီး လူ့ဘ၀ရဲ့အကြောင်းရင်းလို့ ခေါ်လေ့ရှိခဲ့တယ်။

အရင်တုန်းက ကျွန်တော် လူတွေရဲ့ ရှင်သန်နေမှုအကြောင်းရင်းနဲ့ ပတ်သတ်ပြီး ၀တ္ထုတစ်ပုဒ်ရေးဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် ဖြစ်မလာခဲ့ဘူး။ အဲဒီ အတောအတွင်း ကျွန်တော်ပာာ လူတွေရှင်သန်နေရခြင်းအကြောင်းရင်းကို စဉ်းစားရင်းက ကျွန်တော့်ရဲ့ အမူအကျင့်တွေလည်း ပြောင်းလဲလာခဲ့ရတော့တယ်။ အဲဒါက ဘာလဲဆိုတော့ အရာရာကို ကိန်းဂဏန်းတွေနဲ့ လေ့လာနေတတ်တဲ့ အကျင့်တစ်ခုပဲ။ ၈လလုံးလုံး ကျွန်တော့်အဖို့ အဲဒီအကျင့်ဆိုးရဲ့ ဖိစီးနှိပ်စက်ခြင်းကို ခံနေရတော့တယ်။ ဓာတ်ရထားတက်စီးတဲ့အခါမှာလည်း ရထားတွဲထဲမှာရှိတဲ့ ခရီးသည်တွေကို လိုက်ပြီးရေတွက်နေမိတယ်။ အဆောက်အဦးတစ်ခုကို တက်တဲ့အခါမျိုးမှာတော့ လှေကားထစ်တွေကို ရေတွက်နေမိပြန်တယ်။ အားတဲ့အချိန်တွေမှာတောင် လက်ကောက်ဝတ်ကိုကိုင်ပြီး သွေးခုန်နှုန်းကို ရေတွက်နေတတ်တယ်။ အဲဒီတုန်းက မှတ်တမ်းတွေအရဆိုရင် ၁၉၆၉ခုနှစ်၊ သြဂုတ်လ ၁၅ရက်ကနေ နောက်နှစ် မတ်လ ၃ရက်အတွင်းမှာ ကျောင်းခေါ်ကြိမ်၃၅၈ကြိမ် တက်တယ်။ ၅၄ကြိမ်တိတိ မိန်းမတွေနဲ့ ဆက်ဆံဖြစ်တယ်။ စီးကရက် အလိပ်ပေါင်း ၆၉၂၁လိပ် သောက်ဖြစ်တယ်။

အဲဒီတုန်းက ကျွန်တော့်အနေနဲ့ ကိန်းဂဏန်းတွေကို လေ့လာရင်း သူတစ်ပါးကို တစ်ခုခုတော့ပေးနိုင်လိမ့်မယ်လို့ ထင်ခဲ့တယ်။ အဲဒီလို သူတစ်ပါးကို တစ်ခုခုပေးနိုင်ဖို့အတွက် အသက်ရှင်နေရတာပဲလို့လည်း ယုံကြည်ထားမိတယ်။ ဒါပေမယ့် ကျွန်တော်သောက်ခဲ့တဲ့ စီးကရက်အရေအတွက်၊ ကျွန်တော်တက်ခဲ့တဲ့ လှေကားထစ်အရေအတွက်နဲ့ ကျွန်တော့ပစ္စည်းရဲ့ အရွယ်အစားပမာဏကို ဘယ်သူကမှ စိတ်ဝင်တစားမရှိတာကို နောက်မှ သိလာရတယ်။ ကုန်ကုန်ပြောရရင် ကျွန်တော့်ရဲ့ လူ့ဘ၀အကြောင်းရင်းဆိုတဲ့ ပစ္စည်းကိုတောင် မမြင်နိုင်အောင် ဖြစ်ခဲ့ရတော့တယ်။ ကျွန်တော်ပာာ တကယ့်ကို အထီးကျန် ဆန်ခဲ့ရတယ်။

ဒီလိုနဲ့ပဲ ကျွန်တော့်ရဲ့ တတိယမြောက်ချစ်သူ ဆုံးသွားပြီလို့ ကြားလာရတဲ့အချိန်မှာ ကျွန်တော်ပာာ ၆၉၂၂လိပ်မြောက် စီးကရက်ကို ဖွာရှိုက်နေမိတော့တယ်။

မူရာကာမိ

(လေပြည်ကလေး၏ တေးဆိုသံ/ ရဲမြလွင်)


Comments