ရေးနိုင်တဲ့အချိန်တုန်းကတော့ညပိုင်းမှာရေးဖြစ်တယ်။ဗာဟီရအလုပ်ပြီးချိန်၊ပန်းကန်းခွက်ယောက်ဆေးကြောပြီးချိန်ဆိုပါတော့။ကဗျာရေးတာအခြားပုံမှန်လည်ပတ်နေတဲ့ကိစ္စလိုမျိုးနေ့တဓူဝကိစ္စပေါ့လေ။ဒါပေမယ့်လည်းခင်ဗျားကဗျာကိုတထိုင်တည်းနှစ်နာရီကျော်လောက်ဆက်တိုက်ရေးနိုင်လိမ့်မယ်လို့ကျွန်တော်မထင်ပါဘူး။
ဖိလစ်လာကင်အင်တာဗျူး...မှ။
Zaw Zaw Htun
Yesterday at 10:44 ·
More options
Logo centrism ဆိုတာက စာလုံးတွေရဲ့ အဓိပ္ပါယ်အပေါ် အလွန်အကျွံ အာရုံစိုက်တဲ့ သူတွေပါ။ စာဖတ်တယ်ဆိုရင် သူတို့က တခြားဟာတွေကို စိတ်မဝင်စားဘူး။ ဒီတော့ စာဖတ်တဲ့အခါမှာ စာအပြင်တခြား ဘာရှိသလဲလို့ မေးစရာ ရှိပါတယ်။ သူက အဓိပ္ပါယ်နှစ်မျိုးပေးပါတယ်။ နှစ်မျိုးစလုံး သိပ်မကွာပါဘူး။
A structuralist method of analysis, especially of literary works that focuses upon words and language to the exclusion of non-linguistic matters such as an author’s individuality or historical context. ဒါဟာ structuralist တွေရဲ့ ခွဲခြမ်းစိတ်ဖြာတဲ့ နည်းတစ်ခုပါပဲ။ အထူးသဖြင့် စာပေနဲ့ဆိုင်တဲ့ ကိစ္စတွေမှာပေါ့။ ဘယ်လိုကိစ္စမျိုးလဲဆိုရင်ဖြင့် ဘာသာဗေဒနဲ့ စကားလုံးတွေပေါ်မှာ ဘာသာဗေဒနဲ့ မသက်ဆိုင်သော အရာများကို ဖယ်ရှားပြီး ခွဲခြမ်းစိတ်ဖြာတယ်။ ဘယ်လို ဘာသာဗေဒနဲ့မသက်ဆိုင်တဲ့ အရာတွေလဲဆိုရင် စာရေးသူရဲ့ တသီးပုဂ္ဂလကိစ္စ တွေ ဒါမှမဟုတ် ဖွင့်ဆိုစာသား context ရဲ့ သမိုင်းဝင်ကိစ္စ (ဝါ) ခမ်းနားတဲ့ လွှမ်းမိုးမှုတွေကို ဘာသာဗေဒနဲ့ မဆိုင်တဲ့ သီးခြားကိစ္စလို့ သတ်မှတ်တယ်။ ဖတ်တဲ့စာကလွဲလို့ ဒီစာရဲ့ အစဉ်အလာသမိုင်း ကောင်း၏မကောင်း၏ ၊ စာရေးသူ ကောင်း၏ မကောင်း၏ကို မစဉ်းစားဘူး။ စာရွက်ပေါ်ကစာနဲ့ သူပေးတဲ့ အဓိပ္ပါယ်ကိုပဲ စဉ်းစားတယ်။ နောက်ထပ် အဓိပ္ပါယ်တစ်ခုက . . . Excessive attention paid to the meanings of words or distinction in their usage.
စာလုံးရဲ့ အဓိပ္ပါယ်ကိုပဲ သီးခြား အာရုံစိုက်သူတွေပေါ့။ ဒါလေးကို သိသင့်တယ်။ logo centrism လို့ သူတို့ သီးခြားနာမည်ပေးထားတယ်။ ကောင်းပြီ၊ ဒါဆို စာဖတ်ခြင်း (ဝါ) အနက်ဖွင့်ခြင်းဆိုတဲ့ ရေးသူဖတ်သူ အားစမ်းပွဲ (ဝါ) တိုက်ပွဲမှာ ပုံမှန်အားဖြင့် ရေးသူက သာနေတယ်။ သူပြောတာတွေကို ဖတ်သူက စာဖတ်နေတဲ့အခါ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ နောက်ကလိုက် ခေါင်းညိမ့်နေရာက အခုစာလုံးတစ်လုံး ထွက်လာပြီး ပြောသူ (ဝါ) ရေးသူကို သောက်ဂရုမစိုက်ဘူး (မင်းဘာကောင်ကြီးဖြစ်ဖြစ်) ဆိုတာ ပေါ်လာပြီ။ စာရေးသူက နိုဗယ်ဆုပဲရရ၊ ဘက်ဆဲလားပဲဖြစ်ဖြစ် စာဖတ်နေတဲ့အခါ ရေးသူကို ဘေးဖယ်ထားတယ်။
ကာရန်မဲ့ကဗျာဆိုတာ ကဗျာပုံစံတစ်မျိုးပဲ ဖြစ်တယ်လို့ အဘိဓါန်မှာ ဖေါ်ပြတယ်။ ဒီအချက်ဟာ ကဗျာကို စိတ်ဝင်စားတဲ့ သူတွေအတွက် အဓိက လက်ကိုင်ထားရမယ့် အချက်ဖြစ်တယ်။ (Free Verse is a form of poetry that refrains from consistent meter patterns, rhyme or any other musical pattern)လို့ဖော်ပြတယ်။ ဘယ်လိုကဗျာမျိုးလဲလို့ မေးစရာရှိတဲ့မေးခွန်းကို မီတာပုံစံများ (meter patterns)၊ အသံညီ စကားလုံးများ (ရိုင်းမ်)(rhyme) နဲ့ အခြားသော ဂီတဆန်တဲ့လင်္ကာပုံစံများ (any other musical pettern)များ မပါဝင်သော ဒါမှမဟုတ် ပါဝင်ရန် အားထုတ်မထားသော ကဗျာအရေးအသားမျိုးကို ဆိုလိုသည်လို့ ရှင်းပါတယ်။ ဒါဖြင့် လုံးလုံးလွတ်လပ်တဲ့ အရေးအသားမျိုးလား ဒါမှမဟုတ် ရေးချင်တာကို ချရေးလို့ ရပါသလားလို့ မေးစရာရှိပါတယ်။ ဒီနေရာမှာ လွတ်လပ်ကာရန် (Free Verse) ဆိုတာကို ကာရန်ပုံစံမှ လွတ်လပ်တယ်လို့သာ ပြောခြင်းဖြစ်ပြီး ကန့်သတ်ချက်တစ်ခုတော့ ရှိပြန်ပါတယ်။ အဘိဓါန်ရေးသူကတော့ "Must still display some elements of form” လို့ ရေးပြန်တယ်။ အချို့သော ပုံသဏ္ဍန်ကိုဖေါ်ပြတဲ့ အရေးအသားမျိုးနဲ့ ကဗျာကိုပုံဖော်ဖို့တော့ လိုအပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ဆိုလိုတာက ကာရန်ကိုတော့ဖြင့် လွတ်လပ်ခွင့်ပေးမယ်။ ဒါကြောင့် ကဗျာပုံစံကိုကစားရတာ ဘောင်ပိုကျယ်လာမယ်။ ဒါလေးကိုတော့ လုပ်ကြပါလို့ ဆိုနေသယောင် ရှိပါတယ်။ အခြားသူတွေ ဒီထက်ပိုပြီးပြောတာတွေ ရှိနိုင်ပါတယ်။ ဒေါနယ်ဟော လ် (Donald Hall)ဆိုတဲ့ ပုဂ္ဂိုလ်ကြီးကတော့ ပြင်သစ်ကဗျာရေးသားပုံ ရွန်ဒယူး(Rondeau)လို ကဗျာတွေကိုစုစည်းသလို ဒါမှမဟုတ် လွတ်လပ်ခွင့်ပေးလိုက်သလို အရေးအသားမျိုးကို လွတ်လပ်ကာရန်(FV)လို့ မှတ်ချက်ပေးတယ်။ ကျုပ်တို့ဆရာကြီး တီအက်စ်အဲလီးယော့(T.S Eliot) ကတော့ "No verse is free for the man who wants to do a good job” လို့ ပေါ်တင်ပဲ ကန့်ကွက်ပါတယ်။ အလုပ်တစ်ခု ကောင်းကောင်းလုပ်လိုတဲ့ လူတစ်ယောက် အတွက်တော့ ဘယ် verse မှ မလွတ်လပ်ဘူးဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ အဲလီးယော့(ထ်)ဟာ စကားပြေကဗျာအရေး(Prose Poem)ကိုရော၊ လွတ်လပ်ကာရန်(Free Verse)ကိုရော မထောက်ခံခဲ့ဘူး။ ဒါဟာ စိတ်ဝင်စားစရာကောင်းတဲ့ အချက်ပါပဲ။ (သူဟာ verse ကို အောင်နိုင်သူ ဖြစ်တယ်လို့ သူ့ကိုယ်သူ ထင်ပုံရပါတယ်။) ဒီနေရာမှာတော့ အဲလီးယော့တစ်ယောက်ထဲ ကန့်ကွက်တာ မဟုတ်ပါဘူး။ တချို့ကလည်း သူတို့နည်း သူတို့ဟန်နဲ့ ရသလောက် ကန့်ကွက် ပါသေးတယ်။ ဥပမာ…ရောဘတ်ဘရစ်ခ်ျ (Robert Bridges) ဆိုပါတော့။ ၁၉၂၂ ခုနှစ်က သူ့ရဲ့အက်ဆေး “Humdrum and Harum-Scarum” မှာ လွတ်လပ်ကာရန်ကို ဆန့်ကျင်တဲ့ အရေးမျိုး ရေးခဲ့ဖူးတယ်။ နောက်ထပ်ဆရာကြီးတစ်ဦးဖြစ်တဲ့ ရောဘတ်ဖရော့(စ်) (Robert Frost)က ဥပမာတစ်ခုနဲ့ ကန့်ကွက်ခဲ့တယ်။ သူ့ရဲ့ဥပမာဟာ ယနေ့ထိ ထင်ရှားနေဆဲပဲ။ "…Like playing tennis without a net” တဲ့။ ပိုက်မရှိပဲ တင်းနစ်ကစားတာနဲ့ အတူတူပါပဲတဲ့။
Zaw Zaw Htun
20 hrs ·
More options
ကာရန်မဲ့ဖြစ်ရန်ကူညီပေးခဲ့သူများ (Precursors)
၁၉ရာစု ပြင်သစ်ကဗျာဆရာများဖြစ်တဲ့ ဂက်စတေ့ခမ်(Gustave Kahn)ရဲ့နာမည်ကို တရားခံစာရင်းရဲ့ ထိပ်ဆုံးမှာ တွေ့ရတယ်။ ၁၈၉ဝက ထုတ်ဝေခဲ့တဲ့ ပြင်သစ်ဆရာကြီး ဂျူလီလာဖေါ့ဂ်(Jules Laforgue) ရဲ့ "Derniers Vers” ဟာ အရေးပါတဲ့ FV ရဲ့အစလို့ ဆိုပြန်တယ်။ အင်္ဂလိပ်စာပေမှာတော့ ဘုရင်ဂျိမ်းဓမ္မကျမ်း(King James Bible)ထိ ပညာရှင်တွေက trace back ပြန်လိုက်ခဲ့တယ်။ ဘုရင်ဂျိမ်းရဲ့အရေးလည်း တရားခံစာရင်းထဲ ပါတော့တာပဲ။ ဂျိမ်းဘုရင်ရဲ့ သမ္မာကျမ်းထဲက အရေးအသားကို လေ့လာကြည့်ပါ။
- အရှင့်အား ကျေးဇူးတင်ခြင်းကို ပြုပါလေ၊ သူ၏ ကောင်းမြတ်ခြင်းအတွက်၊ သူ၏ ထာဝစဉ် တည့်တံ့သော သနားဂရုဏာတော်အတွက်။
- နတ်ဘုရားတို့၏ အရှင်ဘုရားသခင်အား ကျေးဇူးတင်ခြင်းအားပြုလော့၊ သူ၏ ထာဝစဉ်တည်တံ့သော သနားဂရုဏာတော်အတွက်။
- သခင်များ၏ အရှင်အား ကျေးဇူးတင်ခြင်းအား ပြုလော့၊ သူ၏ ထာဝစဉ် တည်တံ့သော သနားဂရုဏာတော်အတွက်။
ဆာလံကျမ်း-၁၃၆
ဆာလံကျမ်းအရေးကိုကြည့်ရင် ရစ်သမ်စနစ်ရော၊ အသံထွက်ရေတွက်မှု (candences & syllables) ပါ သတ်သတ်မှတ်မှတ် မရှိတာကို တွေ့ရမယ်။ အဆုံးသတ်စာကြောင်းစနစ် (End-stopped) ဟာ ဝါကျအဆုံးမှာရှိပြီး "တစ်ကြောင်းတစ်ဝါကျ" ပုံစံဖြစ်ပေါ်နေတယ်။ ပြီးတော့ ဝါကျအစ စကားစုတွေကို စာကြောင်းတိုင်း ထပ်ခါထပ်ခါသုံးစွဲထား တာကို ဆာလံကျမ်းမှာ တွေ့ရတယ်။ ဥပမာအားဖြင့် အို ကျေးဇူးတင်ကြလော့ (O give thanks.....)၊ သူ့အတွက် (To him ......) စတဲ့ ဝါကျအစ စကားလုံးများနဲ့ ထာဝစဉ်တည်တံ့သော (endureth love) စတဲ့ ဝါကျပြတ်များကို စာကြောင်းအဆုံးတွေမှာ ထပ်ကျော့ သုံးစွဲထားတယ်။ ဒါဟာ ကဗျာရေးဖွဲ့မှုစနစ် အနာဖိုရ (Anaphora) ဟန်ပါပဲ။ ဒါကြောင့် ဂျိမ်းဘုရင်ရဲ့ ဆာလံကျမ်းဟာ ခေတ်ပေါ်ကာရန်မဲ့အတွက် အထောက်အကူ အများကြီး ဖြစ်စေခဲ့တယ်။
Zaw Zaw Htun
20 hrs · Edited ·
More options
ဒါပေမယ့် စာပေစစ်စစ်ထဲမှာ ငြင်းခုံစရာ အကောင်းဆုံးနဲ့ ပထမဆုံး တွေ့ရတဲ့ လွတ်လပ်ကာရန်အရေးကတော့ ၁၃၈ဝခုနှစ်များမှာ Psalms ကိုဘာသာပြန်တဲ့ ဂျွန်ဝါးကရစ်(ဖ)(John Wycliffe)ရဲ့ အရေးပါ။ ကျမ်းစာတွေထဲမှာ တစ်ခါမှ မတွေ့ရဖူးတဲ့ လွတ်လပ်ရေးဟန်ကို တွေ့ရတယ်။ အဲဒီမှာပဲ လွတ်လပ်ကာရန်ရဲ့ ဖခင်ဖြစ်တဲ့ ဝေါ့(ထ)ဝှစ်(ထ်)မင်း (Walt Whitman)ဟာ ဂျွန်ဝါးကရစ်(ဖ)ရဲ့ ကျမ်းစာအရေးကို အတုယူရာကစလို့ ကဗျာမှာ ဒီလိုအရေးမျိုး ပေါ်လာတယ်လို့လဲ ပြောဆိုမှုတွေ ရှိခဲ့တယ်။ ဝါးကရစ်(ဖ)ရဲ့ အရေးအသားသာ မပေါ်ပေါက်ခဲ့ရင် ဝှစ်(ထ်)မင်းရဲ့ အရေးအသား ပေါ်ပေါက်ဖို့ အခွင့်အရေး နည်းသွားမှာဖြစ်တယ်။ ဒီတော့ ဂျွန်ဝါးကရစ်(ဖ)ဟာ အမှုတွဲထဲ အလိုလိုပါလာတော့တာပဲ။ နောက်ထပ် အံ့သြစရာ ကောင်းတဲ့ အချက်တစ်ချက် ရှိသေးတယ်။ ၁၇၅၉ နဲ့ ၁၇၆၃ အတွင်းမှာရေးခဲ့တဲ့ ခရစ္စတိုဖာစမတ်(Christopher Smart)ရဲ့ ကဗျာရှည် ဂျူးဘလိတ်အက်ဂ်နို(Jubilate Agno) ဟာ ရေးသားပြီး နှစ်ပေါင်းနှစ်ရာလောက်အကြာ (၁၉၃၉) မှ ထုတ်ဝေခဲ့တယ်။ အဲဒီကဗျာမှာ ကာရန်မပါဘူးတဲ့။
ကျွန်ုပ်၏ကြောင် ဂျိုဖရီအား ကျွန်ုပ်စဉ်းစားပါမည့် အလို့ငှာအားဖြင့် လည်းကောင်း။
သူသည် သက်ဝင်သော ဘုရားသခင်၏ ကျေးကျွန်အလုပ်အကျွေးပြုသူတစ်ဦးဖြစ်၍၊ မျှော်လင့်စွာနှင့်
နေ့စဉ်မပျက်မကွက်စွာ သူအားအလုပ်အကျွေးပြုသည် အတွက်လည်းကောင်း။
သူ့နည်းသူ့ဟန်ဖြင့် သူဝတ်ပြုရာ အရှေ့အရပ် ၌ရှိသော ဘုရားသခင်၏ ကောင်းမြတ်သော ကျက်သရေတော်၏
ပထမဦးဆုံး ဖူးမြော်ခွင့် ၌ ဖြစ်တည်ခြင်းအားဖြင့် လည်းကောင်း။
ကောင်းမြတ်သော ကျက်သရေတော်၏ လျင်မြန်မှုမျိုးနှင့် သူ့ခန္ဓ္ဓာ၌ ဝန်းခနေသော ခုနစ်ခုသော အဝန်းများအား ပြုလုပ်ခြင်း ခံရပါမည့် အားလည်းကောင်း။
ထို့နောက်တွင် ဘုရားသခင်က သူ့အား ဝတ်ပြုသူကို ကောင်းချီးပေးရာမှ လာသော အမွှေးနံ့သာအား ဖမ်းဆုပ်ရန် သူ၏ ခုန်ယူမှုအားလည်းကောင်း။
ကောက်နှုတ်ချက် - ခရစ်စ္စတိုဖာစမတ်၏ ဂျူးဘလိတ်အက်နိုမှ
ခရစ်စ္စတိုဖာဟာ သူ့ကဗျာစာသားတွေကို ဆာလံကျမ်း၊ ဆော်လမွန်သီချင်း၊ သူတော်စင်လုကာရဲ့ ဗာဂျင်းမေရီ အခန်း(၁) မှ မှီးယူခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ပြောချင်တာက “For” နဲ့ စ,တဲ့စာကြောင်းတွေရဲ့ တည်ဆောက်မှုကိုပါ။
ဒါဆိုရင် ကဗျာထဲမှာ ခရစ္စတိုဖာက အစောဆုံးပဲလို့ဆိုရမယ်။ ဝိတိုရိယခောတ် (Victorian Era) မှာတော့ အတော်များများ လက်တည့်စမ်းကုန်ပြီ။
Zaw Zaw Htun
18 hrs · Edited ·
More options
ခရစ်စတီးနားရိုဆက်တီ(Christina Rossetti)တို့၊ ကွန်ဗန်ထရေးပက်မိုး (Coventry Patmore)တို့၊ ဘရောင်း(T.E.Brown)တို့ဟာ လွတ်လပ်ကာရန်အဖွဲ့တွေ ရေးခဲ့တာပေါ့။ ဆက်ပြောရရင်တော့ အတော်လေး ရှည်လျားလိမ့်မယ်။ မက်သျှူးအာနိုးရဲ့ ဖီလိုမီလာ(Philomela)ကိုကြည့်ရင် ကာရန်အနည်းငယ်ပဲပါပြီး လွတ်လပ်အဖွဲ့ကို တွေ့ရမယ်။ ဒီလိုပဲ ဟင်လေး(W.E.Henlay) ရဲ့ ဆေးရုံပေါ်အတွဲ (In Hospital Sequence)ထဲက စွန့်ပစ်သော (Discharged)ကိုပဲဖြစ်ဖြစ်၊ ရောဘတ်လူးဝစ်စတီဗင်ဆင်ရဲ့ ကဗျာနှစ်ပုဒ်ဖြစ်တဲ့ ''အလင်းသိမ်းထုပ်သူ” (TheLightKeeper) နဲ့ ”မိန်းမရိုင်း” (TheCruelMistress) ကိုပဲဖြစ်ဖြစ် လမ်းကြုံရင် ဖတ်နိုင်ပါတယ်။ အားလုံး လွတ်လပ်ကာရန် တွေချည်းပဲ။ အခုလိုခေတ်စားလာတော့လည်း သူရေးတယ် ငါရေးတယ် ဖြစ်ကုန်ကြသလားမသိပါ။ ပြင်သစ်ကြီးတွေတောင် ဒီတရားခံစာရင်းထဲမှာ ခန့်လို့။ ဆရာကြီး အာသာရင်းဘိုး(Arthur Rimband)ရဲ့ စကားပြေကဗျာ အစုဟာ စကားပြေပုံစံမဟုတ်ပဲ စားသောက်ဆိုင်က မီနူးစာရင်းပုံစံ အကြောင်းတွေ လို့ဆိုပြန်တယ်။ ၁၈၈ဝ လောက်က ပေါ်ခဲ့တဲ့ ဟော်လန်ကြီး ဖက်ဒရစ်ဗန်အီဒင်(Frederik VanEeden)ရဲ့ ကဗျာတစ်ပုဒ်ဖြစ်တဲ့ ''ကြာပန်း'' (ဒတ်ခ်ျလို "Waterlelie" လို့ရေးပြီး အင်္ဂလိပ်အပြန်မှာတော့''Water Lily”) မှာ ဒီလိုလွတ်လပ်ကာရန်ကို တွေ့ရတယ်။
ဂိုထေရဲ့အပြောင်းအလဲ
လွတ်လပ်ကာရန်ရဲ့ သမိုင်းဟာ အတော်လေး ရှည်လျားနေပေမယ့် စိတ်ဝင်စားစရာတစ်ခု ရှိနေပါတယ်။ အဲဒါကတော့ ဆရာကြီးဂိုထေ(Goe the)ပါ။ ဂိုထေဟာ ပြောင်းလွယ် ပြင်လွယ် ရှိသူပါ။ သူ့ရဲ့အစောပိုင်းကဗျာတွေထဲမှာ လွတ်လပ်ကာရန်ကို စမ်းတယ်။ ဥပမာ၊ ပရောမီးသီးယပ်(Prometheus)လိုမျိုးမှာပါ။ ဒါပေမယ့် ဂိုထေဟာ ပင်ဒါ( Pindar) ရဲ့ ကဗျာ(Holderlin)ကို ဘာသာပြန်တော့ ကာရန်မှားပြီး သုံးမိပါတယ်။ တကယ်မှားသွားတာက မီတာ(meter)ပါ။ အဲဒီပြဿနာ ဖြစ်ပြီးတဲ့နောက်မှာ ဂိုထေဟာ ကာရန်စနစ်ကို မသုံးတော့ပါဘူး။ ဂိုထေဟာ နောက်ထပ် မမှားတော့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူမကျွမ်းကျင်တဲ့ အလုပ်ကို မလုပ်တော့တဲ့ အတွက်ပါ။
ဂျာမန်က ဟင်းနရစ်ဟိန်းတို့ ဘာတို့ စာရင်းထဲမှာ အများကြီးပါတယ်။ ထူးခြားတာက စာပေဝေဖန်ရေးဆရာ တီအီးဟရွန်း(T.E.Hulme)က ၁၉ဝ၈ ခုနှစ်မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ပါတယ်။ အဲဒါကတော့ ခေတ်ပေါ်ကဗျာ လက်ချာတစ်ပုဒ်(A Lecture on Modern Poetry) ပါ။ ကဗျာဆရာများအသင်း(Poet’s club) မှာ ကြေညာပါတယ်။ တိတိကျကျ ပြောရရင် ၁၉ဝ၈ နှစ်ကုန်ပိုင်း မှာပါ။ ဟရွန်းဟာ အတော်သတ္တိရှိသူ ဖြစ်ပါတယ်။ လွတ်လပ်ကာရန်ကို ထောက်ခံတဲ့ စာတမ်းကို လွတ်လပ်ကာရန်ကို မုန်းတဲ့ အသင်းဥက္ကဋ္ဌရှေ့မှာ ဖတ်ပါတယ်။ ဒီစာတမ်းမှာ ဂုစတပ်ခမ်းရဲ့ အရေးအသားကို ပညာရှင်ဆန်တဲ့ ထောက်ခံမှုတွေပါတယ်။ သူဟာ စာကြောင်းတစ်ကြောင်းနဲ့ သူ့ကြေညာချက်ကို ကောက်ချက်ချတယ်။
''ကြက်ဥခွံဆိုတာ ကြက်ဥနုနယ်သေးတဲ့ အချိန် အတိုင်းအတာ တစ်ရပ်အထိ လိုအပ်ပါတယ်။
ကြက်ဥရင့်ထွားလာရင်တော့ ကြက်ဥအခွံဟာ…..လူကြီးမင်းများခင်ဗျား… ကြက်ဥအခွံဟာ ကွဲကို ကွဲပေးရမယ်…” တဲ့။
(မှတ်စု ..ပင်ဒါသည်ဘီစီငါးရာစုမှ ကဗျာဆရာဖြစ်သည်)
Comments
Post a Comment