စစ်ကြီးပြီးတဲ့အခါ

Zaw Zaw Htun
စစ်ကြီးပြီးတဲ့အခါ ကဗျာကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဘာသာပြန်ဖြစ်ခဲ့ပါတယ်။ အဲဒီနေ့က မှတ်မှတ်ရရ တစ်နေကုန် မိုးများရွာသွန်းနေခဲ့တယ်။ ထုံးစံအတိုင်းပဲ မိုးရွာရင် အလုပ်ပါးတတ်ပါတယ်။ အဲဒီတုန်းက ကျွန်တော်က အရည်အသွေးစစ်ဆေးရေး အင်စပက်တာတာဝန်နဲ့ ဂျူရောင်းအေရိုမက်တစ် ကော်ပိုရေးရှင်းကို အငှားချထားခြင်း ခံရပါတယ်။ စာရွက်စာတမ်းအချို့ စစ်ဆေးပြီးတဲ့ အချိန်မှာ ကျွန်တော်ဟာ ကဗျာတစ်ပုဒ်ကို ဘာသာပြန်ဖို့ ကြိုးစားပါတော့တယ်။ ခေါင်းစဉ်ကို ကြည့်ရုံနဲ့ ကဗျာကောင်းမယ်ဆိုတာ မသိစိတ်ထဲက အနံ့ရပါတယ်။ ဒီလိုနဲ့ ဘာသာပြန်ဖြစ်ခဲ့တယ်။ စာကြောင်းများ အချောသတ်ပြီးချိန်မှာတော့ ကျွန်တော့်မှာ မူရင်းကဗျာစာသားနဲ့ ရေးသူနာမည်ကို အမှတ်မထားမိပါဘူး။ ဒါကြောင့် ဒီကဗျာလေးကို ဒီအတိုင်းပဲ ပစ်ထားလိုက်ပါတယ်။ ကျွန်တော်ဟာ အားလုံးကို မေ့မေ့ပျောက်ပျောက် ဖြစ်ခဲ့တယ်။ ဒီလိုနဲ့ လအတော်ကြာသွားချိန်မှာ မမျှော်လင့်ပဲ ကဗျာဘာသာပြန်ထားတာကို ပြန်တွေ့ခဲ့တယ်။ အဲဒီအခါမှာ မူရင်းကို ပြန်ရှာရပါတယ်။
Zaw Zaw Htun
စစ်ကြီးပြီးတဲ့အခါ (၂)

နတ်ကောင်းနတ်မြတ်တို့ ကျေးဇူးတော်နဲ့ ကဗျာမူရင်းကို ပြန်တွေ့ပါတယ်။ ရေးသူကတော့ မာဝင်း (W.S Merwin) ပါ။ သူ့ကဗျာတစ်ပုဒ်ကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကပဲ ကျွန်တော် ပြန်ထားဖူးပါသေးတယ်။ မနေ့က (Yesterday) ဆိုတဲ့ ကဗျာလေးပါ။ စကားပြောသင်္ကေတ (quote) တွေ ဖြုတ်ထားတဲ့အတွက် ဖတ်သူကို အလုပ်များစေတဲ့ ကဗျာပါပဲ။ အခုကဗျာမှာတော့ မာဝင်းဟာ ဘာသာစကား သင်္ကေတတွေကို တစ်ခုမှ အလျှော့အတင်း မလုပ်ခဲ့ပါဘူး။ ဒါပေမယ့် ကဗျာထဲက စာကြောင်းတိုင်းဟာ ကဗျာကို ပံ့ပိုးသွားကြတာချည်းပါပဲ။ စစ်ကြီးပြီးတဲ့အခါ ကဗျာမှ ဖတ်သူဟာ ကဗျာစာကြောင်းတိုင်း ကဗျာရဲ့ အလှည့်များဖြစ်လေမလားလို့ တွေးဆနေရပါတယ်။ ဒါက မာဝင်း အောင်တဲ့ “မှော်” ပါ။

စ်ကြီးပြီးတဲ့အခါ(၃)
စစ်ကြီးပြီးတဲ့အခါကဗျာကို မာဝင်းဟာ သူ့ကဗျာစာအုပ်ဖြစ်တဲ့ “သန်းတစ်ကောင်” ကဗျာစာအုပ်ထဲမှာ ပထမဦးဆုံးအကြိမ် ဖော်ပြခဲ့ပါတယ်။ စာအုပ်ထွက်တဲ့အချိန်က ၁၉၆၇ ခုနှစ်ပါ။ အဲဒီအချိန်မှာ ဗီယက်နမ်စစ်ပွဲ ဒီရေ မြင့်တက်လျှက် ရှိပါတယ်။ စစ်ပွဲကို ဆန့်ကျင်ကြတဲ့ လူတစ်သိန်းလောက် လမ်းမပေါ်ထွက်လာကြတယ်။ အဲဒီလူတွေဟာ စစ်ပွဲကို ဆန့်ကျင်ကြတယ်။ တားဆီးကြတယ်။ ဒါပေမယ့် စစ်ပွဲဟာ ဖြစ်ပွားခဲ့တယ်။ နောက် နှစ်အနည်းငယ်အကြာမှာ စစ်ပွဲဟာ ပြီးဆုံးသွားတယ်။ နောက်နှစ်အတော်ကြာရင် စစ်ပွဲဟာ အသစ်တဖန် ရှင်သန်ထမြောက်မယ်။ အခုကဗျာဟာ အမေရိကန်သမိုင်းဝင် အဖြစ်အပျက်တစ်ခုဖြစ်တဲ့ ဗီယက်နမ်စစ်ပွဲကို တည်ပြီး ရေးတယ်လို့ ဆိုထားပေမယ့် ဒါဟာ ကမ္ဘာပေါ်မှာရှိတဲ့ စစ်ပွဲအားလုံးနဲ့ သက်ဆိုင်ပါတယ်။ သမိုင်းကာလတလျှောက်နဲ့ အနာဂတ်မှာရှိတဲ့ စစ်ပွဲတိုင်းအတွက်လို့ ဆိုပါတယ်။ စစ်ကြီးပြီးသွားတဲ့ အခါမှာ ကျွန်တော်တို့ ဂုဏ်ယူကြရမယ်ဆိုတာ အမှန်ပါပဲ။ (We will be proud ofcourse) အရာရာဟာ စစ်ပွဲဖြစ်နေတာထက်စာရင် ပိုကောင်းလာမယ်။ အရင်အခြေအနေထက် ပိုပြီး အသက်ဝင်လာကြမယ်။ ဒါဟာ အဖိုးတန်မျှော်လင့်ချက်များလား။ မဟုတ်ပါဘူး။ ဘယ်သူမှ အမြဲတမ်း စစ်မတိုက်ချင်ကြပါဘူး။ လူတွေဟာ စစ်ထဲကို အတင်းအကြပ်ပို့ဆောင်ခြင်း ခံရပါတယ်။ ဘာအတွက်များလဲ။ နိုင်ငံအတွက်၊ ကမ္ဘာကြီးအတွက်၊ ကျွန်ုပ်တို့အတွက်၊ ကျွန်ုပ်တို့ရဲ့ မွေးထားပြီး ဒါမှမဟုတ် မမွေးရသေးတဲ့ ကလေးငယ်များအတွက် စသည်ဖြင့်ပေါ့လေ။ ကျွန်တော်တို့ လူသားတွေ အကြောင်းမျိုးစုံနဲ့ စစ်ကြီးအတွင်း ဝင်ရောက်လာခဲ့ကြပါတယ်။ ဒါမှမဟုတ် စစ်ကြီးထဲ သွတ်သွင်းခြင်း ခံခဲ့ရပါတယ်။ ရေပြင်လေပြင်တွေဟာ စစ်ကြီးပြီးတော့ ပိုပြီး သာယာလာပါတယ်။ ရေထဲက ဆယ်လမွန်ငါးတွေသာ မဟုတ်ဘဲ နိဗ္ပ္ဗန်ဘုံရဲ့ ဆိတ်ငြိမ်ခြင်းသည်ပင် ပိုပြီးတင့်တယ်လာတယ်။ နိဗ္ပ္ဗန်ဟာ ကူးပြောင်းနေထိုင်ဖို့ ပြည့်စုံတဲ့ လမ်းကို ဖန်တီးပေးနိုင်ခဲ့တယ်။ အရာအားလုံးတောင် ပို၍တင့်တယ်လှပနိုင်ခဲ့ရင် နိဗ္ပ္ဗန်ဟာလည်း တစ်ခုအပါအဝင် ဖြစ်လာမှာပါ။ သေခြင်းကတော့ ရှင်နေတဲ့ကောင်တွေ ပို၍ ပြည့်စုံတယ် ထင်လိမ့်မပေါ့။ ဘယ်လောက်ဆန်းသလဲ။ ကဗျာဟာ ဒီသဘောတရားကို ကိုင်ဆောင်လာတယ်။

Zaw Zaw Htun
12 hrs ·
More options

စစ်ကြီးပြီးတဲ့အခါ (၄)
ဒါဟာ ကဗျာဆရာ့ဒဿနရယ်လို့ ထင်စရာရှိပါတယ်။ “သေခြင်းဟာ ရှင်ခြင်းရဲ့ အဖိုးထိုက်တန်မှုကို စဉ်းစားမိလိမ့်မယ်” (The dead will think the living are worth it) ဆိုတာလေး ပါလာတယ်။ ကဗျာဆရာက မမြင်ရတဲ့ သေခြင်းရဲ့ ထင်မြင်ချက်ကို ရေးတယ်။ ဘယ်လို ဖြစ်နိုင်မှာလဲ။ ကဗျာဆရာဟာ ဖတ်သူကို သဲလွန်စပေးတာက စစ်ဆိုတာ သိပ်အန္တရာယ်များတဲ့ ကစားပွဲတစ်ခုဖြစ်တယ် ဆိုတာပဲ။ လူတွေဟာ ဒုက္ခမျိုးစုံတွေ့ခဲ့တာ မှန်ပေမယ့် အသက်ရှင်နေသေးတာကိုက သေသွားခြင်းထက် ပိုကောင်းနေပြန်တယ်။ ကဗျာဆရာဟာ ဒီအသိကို ပေးချင်တာကိုး။ ဒီကဗျာလေးဟာ ရိုးရှင်းတဲ့ စကားလုံးဝါကျတွေကို တစ်ပုဒ်လုံးအပြည့်သုံးထားပြီး တိုက်ရိုက်စကား (direct language) ကို အသုံးပြုရေးဖွဲ့ထားခြင်း ဖြစ်တယ်။ ဒါဟာ အခြားသော သမိုင်းဝင် ကဗျာတွေလိုပဲ “ဒဲ့” ပြောတဲ့ကဗျာဖွဲ့စည်းပုံပါ။ စာကြောင်းတိုင်းမှာ အိုင်ဒီယာအပြည့်ရှိနေပါတယ်။ ရိုးရှင်းတဲ့ စကားလုံးတွေက အဓိပ္ပါယ်အပြည့် ရှိနေပါတယ်။ ရိုးရှင်းတဲ့ စကားလုံးတွေက အဓိပ္ပါယ်များစွာကို ပေးနိုင်တယ် မဟုတ်လား။
ဒီကဗျာဟာ ရိုးရှင်းရုံတင်မကဘဲ အရွဲ့၊ အငေါ့၊ ဇောက်ထိုးစကားနည်းပရိယာယ်ကိုလည်း သုံးစွဲထားပါတယ်။ ကဗျာရဲ့အလှဟာ သူဘယ်လို ဇောက်ထိုးပြောနိုင်သလဲပေါ်မှာ မူတည်သွားတယ်။ ဒီတော့ လင်္ကာရစာလုံးပန်းချီရေးဖွဲ့မှုနောက်ကွယ်မှာ ရှိတဲ့ အခြားသော အရာများကို ကျွန်တော်တို့ ကဗျာဆရာကြီး မာဝင်းဆီက ရပါတယ်။ အဲဒါတွေကတော့
၁။ မှိန်ဖျော့တဲ့ လက်တွေ့ (ဝါ) အရှိတရား (A glimmer of the actuality)
၂။ အငြင်းပွားဖွယ်ရာ အယူအဆ (The paradox)
၃။ ဒွေးရောယှက်တင်ဖြစ်မှု (The complexity)
၎။ အသေအချာ မပြောနိုင်မှု (The uncertainty)

ဒါတွေဟာ မာဝင်းရဲ့ လင်္ကာရစကားလုံးနောက်ကွယ် (behind that rhetoric) မှာ ပေါ်လာပါတယ်။ ယုတ်စွအဆုံး စစ် ဆိုတဲ့ စကားလုံးနောက်ကွယ်မှာကို လူသားတို့ရဲ့ သမိုင်းနဲ့ချီပြီး ရခဲ့တဲ့ ခံစားမှုတွေ ရှိနေပါတယ်။

စစ်ကြီးပြီးတဲ့အခါ (၅)

ဒီကဗျာရဲ့ အားသာချက်က အိုင်ဒီယာလား၊ စကားလုံးလား ဆိုတာ စဉ်းစားဖို့လိုလာပါတယ်။ အဖြစ်အပျက်လေး တစ်ခုရှိခဲ့ဖူးပါတယ်။ ကဗျာဆရာ မာလာမေ နဲ့ သူ့မိတ်ဆွေ ဒီဂတ်(စ်)တို့ ပြောဆိုခဲ့ပုံလေးပါ။ ပန်းချီဆရာ ဒီဂတ်(စ်) က ရံဖန်ရံခါ ကဗျာလေးဘာလေး ရေးလေ့ရှိပါတယ်။ သူက အတွေးအား ကောင်းသူဖြစ်တယ်။ ဒါပေမယ့် ကဗျာအရာမှာတော့ သိပ်မစွံဘူး။ သူက မာလာမေရယ် ကျုပ်မှာ အိုင်ဒီယာတွေ အပြည့်ရှိပါရဲ့။ ကဗျာမှာတော့ ခက်ခဲနေတုန်းပဲ လို့ ဆိုတယ်။ ဒီတော့ မာလာမေ က “ဒီဂတ်(စ်)၊ သူငယ်ချင်းရေ ကဗျာဆိုတာ အိုင်ဒီယာက လာတာမဟုတ်ဘူး။ စကားလုံးအရင်းအမြစ်တွေ ဆီကလာတယ်” (Poetry, my dear Degas, is not made of ideas, but out of words) လို့ ဆိုတယ်။ ပြောချင်တာက ကဗျာဆိုတာ အိုင်ဒီယာပေါ်မှာ မူတည်တာ မဟုတ်ဘူး။ စကားလုံးတွေ ဖွဲ့စည်းတယ်ဆိုတဲ့ သဘောပါ။ အခု ဒီကဗျာမှာ ကဗျာဆရာ အဓိက အသုံးချသွားတာ အိုင်ဒီယာလား၊ စကားလုံးလား။


Comments