ကြေကွဲမှုတစ်ခုချင်းစီဆက်လက်ရှင်သန်ဖို

ကြေကွဲမှုတစ်ခုချင်းစီဆက်လက်ရှင်သန်ဖို့
________________________________
သီးပွင့်နိုင်သော နေ့စွဲတွေရဲ့အခြားတဖက်မှာ
မသိ နားမလည်တာတွေအများကြီးနဲ့
အဘိုးအိုဆီမှာ သိုးဖြူလေးတကောင်ရှိလေရဲ့
ဒါတွေဟာ သံဝေဂတွေပါ ပြီးတော့လည်း ပြီးသွားမှာပါ
သွေးအမျိုးအစား မတူညီပဲ ချစ်ခြင်းတရာတွေတူညီနိုင်ကြပါတယ်
အဘိုးအိုရဲ့ အိုနေတဲ့သွေးထဲမှာ သိုးဖြူလေး စီးနင်းနေသလိုပေါ့
ဒါဟာ ဘယ်သူမှ မသိသေးတဲ့ ကံတရာကိုလို့ လက်ညိုးထိုးပြလိုက်ပုံမျိုး
ဝေးကွားခြင်းနဲ့ ဆန့်ကျင့်ဘက်ဟာလည်း နီးကပ်ခြင်းဖြစ်နိုင်သေးပါရဲ့
ငြင်းဆန်ဖို့နဲ့ ဆွေးနွေးနေရချိန်တွေထဲ
အနွမ်းပါးဆုံးရှင်သန်မှုထဲမှာ အရောင်လက်သွားတဲ့ ညနေတချို့တော့ ခဏတာရရှိခဲ့ပြီးရင်
ပြီးပြည့်​စုံသွားမှာပါတဲ့
ဘယ်တော့မဆို ရုန်းကန်ရင်နစ်နေတဲ့နေ့တွေ....
သတိရခြင်းဟာ ငယ်ထိပ်ကိုစောင့်တက်သွားရင် ဘာဆေးနဲ့ကုမလဲ
ကြိုတင်ကာကွယ်ဖို့
အေးစက်ခြင်းတွေ စတင်ဖြစ်ပေါ်ရာအရပ်ဟာ ယုံကြည်မှု့နဲ့နှလုံးသားရဲ့ကြားက နေရာအသစ်တခု
ပြောစရာရှိတာတွေအကုန် မျိုချလိုက်ပြီးရင် ဆို့တက်လာမယ့်ဝမ်းနည်းခြင်းတွေ
ပါတ်သတ်ခဲ့သမျှ ခံစားမှုတွေရဲ့ ရယ်စရာတွေ ဖြစ်ကုန်ရင်
တရားဓမ္မဆိုတာ အလွတ်ကျတ်မှတ်ထားရုံလောက်နဲ့ တရားပေါက်ခဲ့ရင်
ဘုရားအဆူဆူ ပွင့်ကုန်တော့မယ်ပေါ့ကွယ်
အဘိုးအိုဟာ တရားမရရှာသေးပေမယ့်
ကိုယ်ချင်စာခြင်းကိုနှလုံးသွင်းတက်သူပါ
ဖြတ်သန်းပုံမတူညီကြတဲ့အခါ ထမင်းတနပ်တန်ဖိုးဟာ မတူညီသလို
မိုက်မဲမှုဟာလက်သည်းရှည်ထွက်နေတုန်းပဲ
တနေ့မှာ တယောက်နှုတ်ခမ်းတယောက်နွေးအောင် ထိတွေကြဖို့တဲ့
နှစ်တွေသာ ပြက္ခဒိန်​အသစ်တွေထပ်ခါဆက်ခါ......
အဘိုးအိုမှာ ဘယ်တော့မှ မပိုင်ဆိုင်ခဲ့ပေမယ့်တဲ့။
အမြဲပိုင်ဆိုင်ခဲ့တဲ့သိုးဖြူလေးရှိနေလေရဲ့
သိုးဖြူလေးဟာလည်း ပုံပြင်ထဲမှာ အခုထိ ရိုးသားကြောင်း လူတိုင်းသိကြလေရဲ့။

လင်းဆက်ဝေ


Comments