အိပ်မက်ထဲ(ယောင်)အော်တဲ့အကြောင်းများ

အိပ်မက်ထဲ(ယောင်)အော်တဲ့အကြောင်းများ
________________________________________

လူ့ဘဝဆိုတာ တကယ့်ကို ပျော်စရာမရှိတော့ဘူး
နိုင်ငံရေးအတွေးအခေါ်ဆိုတာ ဘာကိုဆိုလိုတာတုန်း
ဘာသာစကားတွေပဲ ရှိနေတကြတာလား
ငြိမ်းချမ်းရေးဆိုတာ နံရံကပ်စာစောင်တွေလား
ဆိနိတ်အမတ်လို လွှတ်တော်ကကောင်တွေ လုပ်ခွင့်ရှိပြီလား
ငါ့ဆော်နဲ့ အဆင်မပြေသေးဘူး
အတူတူနေဖို့ပြောထားတာ၁နှစ်ကျော်နေပြီး
ဘာမှလည်းဖြစ်မလားသေးဘူးဆိုတော့ကား
ကတိကဝတ်တွေဟာသိမ်းထားရမယ့်စကားလုံးတွေလား
မြန်မာပြည်ရေကြီးတာကို ငါမကူညီနိုင်ခဲ့ဘူး
နောက်ပွင့်မယ့်ဘုရားရောဘာတွေကောင်းမှုကုသိုလ်လုပ်နေသတုန်း
ကပ်ဆိုးတွေဘယ်လောက်ဆက်တိုက် အတိအကျ လာမှာလား
ဟီကရာလိုက်တက်တွေးသလို နှစ်ကြိမ် ဆင်းချိုးလို့မရတာသေချာလား
ဆက်ထုံးတွေဟာ အကျိတ်အလား
အနှေးပဲပွင့် ပွင့် အမြန်ပဲပွင့် ပွင့် ရနံကသာအရေးကြီးခြင်းမို့လား
သေခြင်းတရား လိုဂိုအတွက်မှတ်ပုံတင်းပြီး လိုင်စင်မကျသေး၍နှောင့်နှေး
ကီးဘုတ်ပေါ်က ခေါက်ရိုးကြိုး ချစ်ခြင်းများ
သိမှုထဲကအလင်း ဝပ်အား မှိုန်မှိုန်ဖျော့ဖျော့ /လင်းလင်း မှောင်မှောင်ထောင့်ချိုးများ
လူ့သားဘဝခဏတာဆိုပေမယ့် သောကတွေက အများသား
ငြိမ်းချမ်းရေးရဲ့စကားလုံးထဲပျော်ဝင်နေသော...ကပ်ကြီးများ
အချစ်ရဲ့ပင်လယ်ထဲမှာ လက်ပန်းကျခြင်းများ
တည်ဆောက်ခြင်းရဲ့ တည်ဆောက်ပုံ၊ပုံသဏ္ဍာန်းများ
သေခြင်းရဲ့အေးချမ်းမှုဟာ အမှန်၊တရားလား/တွေဝေ
မအောင်မြင်သောနေ့ရက်ထဲက လောကဒဏ်များ မှာ
ဝမ်းစာမဲ့သတင်းနဲ့ဝမ်းနည်းစရာသတင်း ဘယ်အရာကိုမြည်းကြည့်ရမလဲမသိုခင်းများ
တရားမဲ့လွန်းသောဗုဒ္ဓကိုးကွယ်နိုင်ငံရဲ့လူကြီးလူကောင်းများ။

လင်းဆက်ဝေ(ပျဉ်းမနား)
16.8.2815


Comments