ယိုစိမ့်ကျလာသော ဘာသာစကားကသိုဏ်
__________________________________
ပထမလိုင်း စ ဖွင့်ဖို့ ယုန်လေးရေလို့ အသံထွက်တဲ့အထိကီးဘုတ်မှာEnterခေါက်တယ်...
တောက်ပတဲ့ အဟောင်းရောင်လေး နှစ်ချို့နေပြီဖြစ်တဲ့ ရင်ဘတ်က တလွှင့်လွှင့် ကော့ပျံနေတဲ့အလံ
ကိုယ်ရေးချင်တာထက် ရေးလို့ရမယ့်အပိုင်း အစ
ဘာသာစကားရဲ့ဘောင်ထဲမှာ ပြွတ်ကြပ်နေသော အရုံကျွမ်းအက္ခရာ၂ ခခွေး စသတ်ကို ချဲ့ထွင် ကျယ်ပြန့်ရန် .....ထုဆစ်မိသော အတွေးထဲ မြင်နေရသော ပုံမှားအရိပ်တစ်ခုစီရဲ့ ပုံမှန်အထင်တရားများ နာမ်ကို ကိုင်တွယ်ရသော ချမ်းသာဒုက္ခမှာစီးမျော...
အချစ်ကို အာမခံဌာနဖွင့်ရန် သင့်/မသင့်
စီးပွားရေးဆန်ရန် ကြိုးစားသင့်/မကြိုးစားသင့်
နှစ်ချို့သော သံယောဇဉ်ကြိုးစရဲ့ ခိုင်ခန့်နှုန်း ဆုံမှတ် ဗဟိုချက်မဲ့
သေချင်းတရားသို့ ပျော်ရွှင်စွာထုံကူးရန် ဝတ်ဆင်ခဲ့ အချစ် (သို့)အတ္တ
သူမ ပျော်စေရန်အတ္တနဲ့ ကိုယ်စေတသိတ်ရဲ့ငရဲကြားရဲ့ အမှန်/အမှား လူဖြစ်ရတဲ့ဒုက္ခရဲ့ အဖိုးတန်မှု့ တွင်းနက်နက်ငရဲအလင်းသို့ ဝင်တိုးမိသော ကိုယ်ဟာ ပိုးဖလံ
ကိုယ်ဖန်တီးထားသောဖြစ်တည်မှုပဓာန စိတ်အနာများရဲ့ သက်တန်။
လင်းဆက်ဝေ(ပျဉ်းမနား)
18.8.2015
Comments
Post a Comment