တိုးလျအနွမ်းလေးပြောချင်ရုံ

တိုးလျအနွမ်းလေးတွေပြောချင်ရုံ
_______________________________

လွမ်းတယ်လို့ပြောချင်ရုံလေးနဲ့ မျှော်မိတယ်....
ငါ ထိုင်စောင့်နေရတာစိတ်မရှည်ဘူး
ငြင်သာသိမ်မွေ့စွာ နှလုံးသွင်းဖို့
တရားဓမ္မနဲ့ စိတ်အသေကို ဖုံးမထားချင်သူ
ပေါ့ပေါ့ပါးပါး ချစ်တက်ခဲ့ (မြတ်နိုး)ရင်သိပ်ကောင်းမှာ။

တကယ်တော့ ချစ်တယ်ဆိုတာ...
သူမရှေ့ကျကွဲသွားတဲ့ နှလုံးသားအကြေအမွလေးကိုပြလိုက်တာပါ
ဒါဟာ အဓိပ္ပါယ်​ရှိရှိ ကိုယ့်ကိုကိုယ် ကြင်နာခြင်းပဲ
ဒါဟာ အဓိပ္ပါယ်​ရှိရှိ ကိုယ့်ကိုကိုယ်ပျော်ရွှင်ကြည့်ခြင်းပဲ
ဒါဟာ လောကဓံရဲ့ ပုံမှန်ပြကွက်တွေ...။

ညီမျှခြင်းတွေလို ချိန်ထိုး/ချိန်ညှိမယ့် အတ္တကို ဖဲကြိုးဖြတ်ဖွင့်လှစ်လိုက်တယ်...
ဇောက်ထိုးထွက်ကျလာမယ့် ငိုးသံပြာပြာမှာရပ်ပြီး
လွမ်းတယ်လို့ ပြောပြဖို့....ငါမအိပ်ပဲစောင့်နေတယ်....ဒီည မိုးအမြန်လင်းပါစေ။


Comments