စိတ်နံရံရဲ့ပန်ချီ

စိတ်နံရံရဲ့ပန်းချီများ
___________________

ကိုယ့်စိတ်ကိုပုံမှန်ဝါးမျိုနေကြ နံနက်ခင်းများသာဖြစ်သည်။ ဝေးရမှာကြောက်သည်လို့ စတင်ဝင်ရောက်ခြင်းသည်ကြောက်စရာများရဲ့ အဦးအစဖြစ်နိုင်သည်။
ကြောက်စရာဟုသတ်မှတ်ထားသောကြောင့်ကြောက်သည်။
အတူတူ ဘယ်နေ့ နေရမလဲဟု....။
ကြောက်သည်။
အရွယ်လွန်ချိန်မှပွင့်မိတဲ့ပန်းဖြစ်ခြင်းသည်ကြောက်ဖို့ဖြစ်လာသည်။
ကြေမွပြီး ကြွေရမှာကြောက်သည်။
ထိုးနှက်မှုအကြိမ်ကြိမ်ခံခဲ့ရတိုင်း ကံကိုသာအပြစ်တင်ရတာကိုကြောက်သည်။
မရှောင်နိုင်၍ထိခတ်မိကြပြီး ကြေမွလွင့်စင်မှာလား....အတွေးမှာကြောက်သည်။ဟိုးအဝေးက ဖုန်းသံလေးထဲမှာ တီးတိုးဖွင့်ဟ ကြောက်တယ်ပြောဖူးသည်။
ဘာမှမတက်နိုင်တာကိုလည်းကြောက်သည်။
ကြောက်စရာတွေတန်းစီပြီးငါ့သွေးသားထဲလည်ပတ်နေတာတွေကြောက်နေရသည်။
တစိမ်စိမ့်တိုးဝင်နေရာယူနေသောပုံရိပ်တိုင်းကိုကြောက်မိသည်။
ပန်းချီကားထဲ အနီးရောင်ပန်းရဲ့ရနံ့များမွှေးပျံ့လာတာကြောက်သည်။လည်မျိုမှာ တစ်/ထစ်နေသော စကားတွေ အန်ထုတ်ရမှာကြောက်သည်။
အရင်လိုမဟုတ်တဲ့ဆက်ဆံရေးတွေကိုကြောက်လာသည်။
စကားလုံတွေရဲ့အင်အားမှာနုန်းခွေနေရတာကြောက်သည်။
သီးခြားစကားများ ခံစားမှုများရဲ့ကြားမှာ အကြောက်တရားဝင်ရောက်နေခြင်းကိုကြောက်သည်။
မကုန်ဆုံးနိုင်သော အသက်ရှင်မှုကိုကြောက်သည်။
မျက်နှာမူရာအရပ်တိုင်း အပူနဲ့အထိုးခံရသလို ငရဲငွေ့တွေကြောက်သည်။
ကိုယ်ပိုင်သီးခြား ဖြစ်တည်နေသော နိစ္စဓူဝတွေတိုင်းကြောက်စရာသာလွှမ်းအုံ့ဆိုင်းနေသည်။
တယောက်တည်းစကားတွေပြောကာငေးငိုင်တက်လာခြင်းကိုကြောက်သည်။
ချိတ်ဆက်စရာများရဲ့အပြင်ဘက်အရိပ်များမသဲကွဲတာကြောက်သည်။
ကိုယ့်စိတ္တဇထဲ သွေးတိုးနှုန်းများ မျက်နှာပေါ်တက်ခုန်နေတာကြောက်သည်။စကားတွေဝဲရင်း စီးကရက်ဖွာရင်း......အာရုံငါးပါးပျောက်ဆုံးနေတာကြောက်သည်။
ရုတ်တရက်မုန်းတိုင်းသတင်းဖြင့်
ရုတ်တရက်ငလျင်သတင်းဖြင်
ရုက်တရက် မိုးခေါင်ခြင်းထဲက မိုးကြိုးပစ်သံဖြင့်
ရုတ်တရက်များစွာသော ရုတ်တရက်များအား......
ဘယ်လိုအရာမှမကြောက်ဘူးဟု အသားတဆက်ဆက်တုန်ကာအားတင်နေမိပါသည်။

လင်းဆက်ဝေ(ပျဉ်းမနား)


Comments