ဓားတချောင်းစီ ဂုတ်ပေါ်ခွစီးနေတဲ့ဇွန်ဘီးတွေကို ထိုးခွင့် သင့်တို့လက်ထဲမှာရှိတယ်

ဓားတချောင်းစီ ဂုတ်ပေါ်ခွစီးနေတဲ့ဇွန်ဘီးတွေကို ထိုးခွင့် သင့်တို့လက်ထဲမှာရှိတယ်
________________________________________

ခြစားမှု့တွေစိမ့်ထွက် အာဏာရေတွေ ဖုံးလွမ်း
ယုံကြည်စရာတွေ နှစ်၆၀ပျောက်ဆုံးခဲ့ပြီး.....
ဆက်မျှော်စရာ စာနာခြင်းတွေမရှိတဲ့အဖွဲ့အစည်းတွေ
မဘသ ဟာ အမျိုးဖျက်မဲ့သူပုန်
၉၆၉ဟာ ထို့အတူ.......
ရဲရဲဝံ့ဝံ့ သံမဏိလို ပန်းတပွင့်.....
ရှိတယ်......တာဆီးမှုနဲ့ ကလိမ်ကျမှုတွေထဲက ရုန်းပွင့်လာတဲ့ပန်းတပွင့်
ဘယ်တော့မှနွံ့မနစ်မယ့်ပန်းတပွင့်
ကမ္ဘာလုံး မွှေးပျံ့တဲ့ရနံ့နဲ့ ရှိနေတယ်
ရှိနေတယ်မို့ ခွေးတွေဟာပိုဟောင်တယ်
လုပ်ကြံ့ခြင်းတွေအကြိမ်ကြိမ်နဲ့ ထိုးထိုးဟောင်တယ်
ဘာသာရေမှိုင်း အိုဒီယိုလော်ဂျီတွေနဲ့
စစ်သီချင်းတွေဟာ အိမ်ကြက်ခြင်း သွေးသားခြင်းတွေကို တက်တက်ကြွကြွလှုံဆော်ဖို့ စိတ်ပျက်စေတယ်
သေချာစီစဉ်ထားတဲ့ အလွဲ မဲစာရင်းနဲ့
ပေါ်တင်ယုတ်မာမှုကို တာဝန်မယူနိုင်ဘူးဆိုတဲ့ ခေါင်းဆောင်းကောင်တွေရှိတဲအရပ်
NLDဆိုတာ အနိမ့်ခံပါတီ ဖိနှိပ်ခံပါတီ
ပြည်သူတွေဝန်းရံကြတဲ့ပါတီ
ဒီမယ် .....အခွင့်ကြုံခိုက်မှာ
ခင်ဗျားတို့ရဲ့ မဲတပြားဟာ အာဏာရှင်ကို ပြန်ထိုးခွင့်ရတဲ့ဓား
တွေဝေမနေနဲ့ ကြည်ကြည်လင်းလင်းဖြစ်ဖို့ ထိုးချလိုက်တော့.....
ဟောင်းနွမ်းတဲ့ လူ့အဖွဲ့အစည်း ပြန်တည်ဆောက်ဖို့
အသဲကြားက မဲတပြားဟာ ပန်းပွင့်မယ့်ဓား။

လင်းဆက်ဝေ။


Comments