နိစ္စဓူဝ အကုသိုလ်တွေ ဖန်တီးခြင်း
_______________________________
တနေ့ပြီးတနေ့ မောရ နွမ်းရပြီမို့လား။
အထီးကျန်ခြင်းကိုလည်း တိတ်ဆိတ်အောင် ကွယ်ဝှက်ထားကြရတယ်မို့လား။
အဆင်ပြေအောင် သီးခံနေရတယ်မို့လား။
ခေါင်းထဲမှာ ဆွေးလျ၊တမ်တခြင်းဟာ အလကားပဲမို့လား။
ဘာမှ ယုံကြည်လို့မရတော့ဘူးမို့လား။
ဘယ်နေ့မှာ ဘာဖြစ်ရပါမယ်လို့် ဘယ်လိုမှ အာမခံလို့မဖြစ်နိုင်ဘူးမို့လား။
ချစ်တယ်ပြောပြီးစောက်သည်းပေါက်ကြရုံပဲ မို့လား။
စောက်ရစ်ရှည်နေတဲ့မီးတောက်ကြီးပဲမို့လား။
ဘဝလဲမရှိချင်တော့ဘူး အိပ်မက်လည်းမရှိချင်တော့ဘူး မို့လား။
အတုတွေ ကြီးထွားရင့်သန်လာပြီးမို့လား။
လိမ်တမ်း ညာတမ်း ချစ်တမ်း ကြိုက်တမ်း ကစားနေကြတာမို့လား။
ပြီးသွားတော့မှာပါ အရာရာ အဆုံးသတ်တော့မှာပါ။
တနေ့ပြီး တနေ့ ဝေးကွာခြင်းဟာ ပေါ်လွင်ထင်ခြားလာပြီမို့လား။
စိတ်တွေသေသွားပါပြီး။နာမ်တွေသေသွားပါပြီ။ညည်းညူမိသေးလား။
ပုပ်ပွနေတဲ့ ပုံပြင် ခဏခဏဖွင့်လို့ ထစ်နေပြီမို့လား။
လိပ်ပြာလုံဖို့မလိုတော့ဘူးမို့လား။
လူအတုတွေကြားမှာ စကားလုံးတိုင်းအစစ်လို့ ထင်ယောင်ပေးကြရမယ်မို့လား။
ကိုယ်တို့ဟာ ဘုရားသခင်အလိုတော်အတိုင်း ခဏ ဆုံခဲ့ကြတာလို့ ......အပြစ်ပုံချ အာပါတ်ဖြည်ကြပါစို့လား။
လင်းဆက်ဝေ
Comments
Post a Comment