သေတ္တာထဲက အသက်ရဗူသံ

သေတ္တာထဲကအသက်ရှူသံ
____________________________

အထက်ကနေဖိလာတဲ့ ငရဲတွေ
ညီမျှခြင်းကို လက္ခံဖို့ ကိုယ့်ကိုကိုယ်အရင်တော်လှန်ရမယ်။လူပီသတဲ့ဒေသတွေ ဘယ်မှာလဲ။ ဝါဒတစ်ခုခု ရိုတ်သွင်းခံအသံတွေ
အရှေ့ အနောက် တောင် မြောက် အထက် အောက်။ သြကာသ။ သြကာသ။ တရားမှုချင်းစီချင်းထိုးနေသလို။
ညှပ်ကြပ်ပိတ်နေတဲ့တိကျမှုနဲ့လူသားတွေ။ကြီးရင့်လာလေ အာပတ်များများဖြေရလေနေ့တွေ။
စိတ်မသက်သာခြင်းကို ဘာကြွေးရမလဲ။ကာလအရွေ့တွေတိုင်း အဟာရဟာ ရွေ့နေ။နေရာအနှံ့ မီးချောင်းကြွမ်းနေတဲ့ ဓာတ်တိုင်တွေ။
မီလောင်နေတဲ့ ခိုကိုးရာမဲ့လမ်းကြောင်းတွေတဝီဝီ။
ရုပ်၊စိတ်၊အဟာရ အရာအားလုံး ထိခိုက်သံတွေ။
အိပ်မက်တွေမှာဓားတန်းလန်းနဲ့ ချစ်ခြင်းမေတ္တာတစ်ကောင် လောကထဲရေကူးနည်းသင်နေပုံ။
တိရစ္ဆာန်ထက်သာတဲ့တွေးခေါ်ခြင်းဆိုတာ။အယုတ်တမာလုပ်ရပ်တွေနဲ့ဖန်တီးရှင်သန်းခြင်းအဖြစ်များ။(လူတွေသီးသန့်လုပ်တဲ့ကိစ္စလား)
တဦးချင်းစီအလိုက် ခေါင်းတလုံးသာချင်နေတဲ့ ထိုးနှက်မှုတွေ မျိုးပွားနှုန်ဟာမြန်ဆန်လာ။
အထက်စီးဆန်တဲ့လူစားနဲ့ အဖိနှိမ်ခံလူတန်းစားတွေ ကမ္ဘာတည်သရွေ့ အက်ကွဲနေဆဲပေါင်းစပ်မှု။
ငါတည်မြဲရေးအတွက် အာဏာတွေလက်လွတ်စပါယ်နဲ့ ပြဌာန်းချက်ဥပဒေအမှာတွေ။ကံကိုရိုးမယ်ဖွဲလူမျိုးတွေလို အကြောက်တရားဝင်နေခြင်းတွေ ရပ်။
မီးလောင်တိုင်းချနင်းခံရခြင်းတွေရဲ့ဘေးကလွတ်ဖို့ ရပ်ဖို့ ။အသက်တိုင်း ဘဝတိုင်း ကိုယ်စီလွတ်လပ်ခွင့်ရဖို့
ကိုယ့်တရားကိုယ်စီရင်ခွင်ရဖို့။မွေးရာပါလူ့အခွင့်အလမ်းများတည်ဆောက်ခံ မဖြစ်စေဖို့။
အာဏာရှင်လှိုင်းများရဲ့ နိုင်ငံရေး၊ စီးပွားရေး လူမှုရေး သွတ်သွင်းမခံရဖို့။
ပထမဆုံး ကိုယ့်​ကိုကိုယ် အကြောက်တရားတွေတော်လှန်ကြည့်ဖို့။ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှု တရားမျှတမှုတခုစီထဲ
မနက်ဖြန်တော့မုတ်ဆိတ်ရိတ်ပါဦး။

လင်းဆက်ဝေ


Comments