Oတ္ထုတို.....လက်တံရှည်တဲ့သရဲခြောက်တဲ့ည

လက်တံရှည်းတဲ့သရဲခြောက်တဲ့ည
________________________________

လရောင်မရှိလို့မည်းနက်နေတဲ့ အချိန်ပဲ။အသံ သဲ့သဲ့ နားထဲမှာကြားလိုက်သလိုလို မသေချာဘူး။ဘယ်လိုအသံမျိုးလဲဆို viberမှာ မက်ဆေ့ဝင်လာရင် မည်တဲ့ အသံမျိုးပဲ။ဒါမယ့် သေချာတော့တပ်အပ်မပြောနိုင်ဘူး။ထင်နေတာလား။ တကယ်လား။ ညအိပ်ယာဝင်ခါနီး ဖုန်းကို အင်တာနက် မပိတ်မိလို့လား။ဇဝေဇဝါပဲ။အိပ်ယာ နံဘေးကို စမ်းကြည့်မိတယ် စိတ်ကစေခိုင်းခြင်းမဟုတ်ပါပဲ။အလိုလို ကျင့်သားကျနေတဲ့ လှုပ်ခြားမှုမျိုး။
ဖုန်းမှာ အသံမက်ဆေ့ရောက်နေပါ့လား။၃ခုတောင်မှပဲ။၂မိနစ်အကြာတဲ့။နံရံပေါ်က နာရီက ၁၂ချက်တိတိ ရယ်တယ်။နာရီက ရယ်တယ်ဆိုလို့ ပြောရဦးမယ်။ဒီနာရီက ကျနော်တို့ ဘိုးဘေ လက်ထက်ကတည်းကနာရီ။
ရှေးဟောင်းနာရီတစ်လုံးပဲ။ထူးခြားတာက နာရီဟာ တနာရီဆို တခါရယ်တာပဲ။ငယ်ငယ်ကတည်းကြားနေကြမို့ သိပ်တော့မထူးဆန်းဘူးရယ်။ဒါနဲ့ မက်ဆေ့ကို ဖွင့်နားထောင်လိုက်တယ်။
ညဟာ မှောင်နေတာပိုပြီးအိုစားနေသလိုပဲ။အနက်ရောင်ဟာ နက်ပြီးမှောင်နေတော့တာ။မက်ဆေ့အသံက စက္ကန့်၄၀ကြာတယ်။နားထဲမရှင်း အသံတွေကလုံးနေတယ်။လှိုင်းတိုးသံလိုလို ကမ်းခြေမှာ ကြယ်ငါးတွေ က နေကြသလိုလို။နောက်မက်ဆ့က ၁၀စက္ကန့် ဖွင့်ကြည့်တော့ ။သီချင်းသံ တိုးတိုးလေး ။ဒါနဲ့ အသက်ရှူအောင့်ပြီး ထပ်နားထောင်ကြည့်မိတယ်။ကျနော်အရင်က ဆိုဖူးတဲ့ သီချင်းပဲ။မှတ်မှတ်ရရပဲ ဒီသီချင်း။အဲ့သီချင်းဆိုတုန်းက ကြိုက်လို့ရယ်တော့မဟုတ်ဘူး။အသဲကွဲနေချိန်မှာ ဆိုမိလိုက်တဲ့သီချင်းပဲ။
သီချင်းခေါင်းစဉ်တောင့်မေ့တေ့တေ့ပါပဲ။ စာသားတွေ မှတ်မိသလောက်တော့ ....။***အချစ်ဦးရေအခုတော့အသစ်အဦးနဲ့ပျော်ပြီးပေါ့။အရင်ဆုံးချစ်ဦးတို့ကိုမေ့လိုနေပြီလား။***
ကိုဂျက်ဆိုထားတာထင်တာပဲ။
တတိယ မက်ဆေ့က သိပ်မကြာဘူး စက္ကန့်စွန်းစွန်းလေးပဲ။ဘာမှလည်းမကြားရဘူး။ ရောက်လာတဲ့မက်ဆေ့က ဘယ်အရပ်ကလည်းမသိဘူး ဖုန်းမှာတည်နေရာမပြဘူး။အမည်လည်းမပါဘူး။ဧကန မျက်စိလည်ပြီးရောက်လာတာပဲနေမယ်။ညကလည်း မှောင်မည်းနေတာဆိုတော့ လမ်းမှာကြတာ မဆန်ကြယ်ဘူးရယ်။ခက်တာ ကျနော်ဟာပြန်အိပ်လို့မရတော့တာပဲ။ဗိုက်လည်း အနည်းငယ်ဆာလောင်နေတယ်။ရေလည်းငတ်နေသလိုလိုပဲ။မထချင်ထချင်နဲ့ပဲ။မီးဖိုခန်းထဲက ရေခဲသေတ္တာထဲက ရေတစ်ဗူးရယ် ပေါင်မုန့်ရရယ် အသားခြောက်ရယ် ယူပြီး စာသောက်လိုက်တယ်။ဝရန်တာမှာ ထွက်လိုက်တယ်။လရောင်ဟာ လက်သည်းခွံလောက်လေး ကျနော်ကျောပေးထားတဲ့အရပ်မှာ တိမ်တွေထဲက အားယူပြီးထွက်လာတာတွေရတယ်။တကယ်က တိမ်တွေဟာ လေစီးကြောင်းနဲ့မျောနေတာ။ကျနော်လိုပါပဲ။ပန်းတိုင်ဆိုတာ သူတို့မသိလို မျိုး။လွှင့်နေတာ လေကြောင်းတွေ အရူးထနေတာ ။တောင်ရောက် မြောက်ရောက်ပဲ။ကျနော် ပန်းတိုင်မရှိတော့တာ ကြာပါပြီ။ပြောရရင်ရယ်စရာပဲ။သရဲခြောက်တာ ခံဘူးကြလား။လူတိုင်းတော့သရဲအေုခါက်မခံဘူးပေမယ့်။သရဲရှိတယ်ဆိုတာတော့ လက်ခံကြတယ်မို့လား။ကျနော်ကြုံရတဲ့ သရဲဟာ ချစ်စရာအရပ်ကောင်းတယ်။ ရင်တွေဘာတွေ အရမ်းခုန်ပြီးတောင်မှပဲ။သရဲရဲ့ အလှမှာ အသက်ရှူရပ်သွားခဲ့တယ် ။
ကြောက်ရမယ်ဆိုတာလည်း မသိခဲ့ဘူး။သရဲဆိုတာ ကံနိမ့်ပါးချိန်တွေ့ရတာမို့လား။
တကယ်ဆို ချစ်လို့မပြောခဲ့ရင် ဒါမျိုးအဖြစ်တွေကြုံမှာမဟုတ်ဘူး။အခုတော့ အထီးကျန်းခြင်းနဲ့ ကြောက်လန့် စိုးထိတ်နေတဲ့နေ့ရက်တွေထဲမှာ ငြီးငွေ့စရာ ရှင်သန်နေရတာပဲ။ဒါပေမယ့် ချစ်တယ်ဆိုတာ ဘယ်အချိန်မှ ပြောမယ်လို့ သံပါတ်ပေးထားလို့မရတော့ အခက်သားပဲ။ဒီစကားလေး ကြောင့်ပဲ ကျနော်ဟာ ငယ်ဘဝက ရည်မှန်းချက်တွေ ပျောက်ဆုံးသွားခဲ့တာပဲ။အားအင်တွေ တနေ့ထက်တနေ့ ယုတ်လျော့ခဲ့တာပဲ။
တကယ်တော့ အချစ်ဆိုတာ တစ်ယောက်ကို တယောက်ထိန်းချုပ်ခြင်းမှ မဟုတ်တာပဲ။တချို့အရာတွေက အချစ်ထက်အရေးကြီးတယ်။အချစ်ဆိုတာလည်း ကိုင်တွယ်ရတာ အင်မတန်ခက်ခဲတာကိုး။ဒါမယ့်လည်း ကိုင်းတွယ်ချင်ကြတယ်။ဆုပ်ကိုင်ထားတဲ့လက်ကို မလျော့ချင်ကြဘူး မို့လား။
ချစ်တယ်ဆိုတာ တကယ့်မလွယ်တဲ့ ကိစ္စပဲ။ဘာလုပ်လုပ် အချစ်ကနှောက်ယှက်နေတော့တယ်။စိတ်ပြေလက်ပျောက် ပန်းခြံသွားတဲ့အခါ။ရုပ်ရှင်ကြည့်တဲ့အခါ။သရဲဟာ အနားကပ်ပြီး ခြောက်လန့်နေသလို ခံစားနေရတယ်။
ကျနော့်မှာ တုန်တုန်ရီရီးနဲ့ ။ ဘယ်နေရာသွားသွား မလွတ်လပ်တော့ဘူးရယ်။ဒါနဲ့ပဲ အခန်းထဲမှာ အနေအများလာရတာပဲ။
တံခါးတွေအကုန်ပိတ်ပြီး သရဲရောက်မလာနိုင်အောင်လုပ်ရတာအမော။ဒါပေမယ့် မရပါဘူး။သရဲဟာ အရာအားလုံးကို ပိတ်ဆို့ထားသမျှကို ဖြတ်ကျော်ပြီး ကျနော်စိတ်ကို စီးနင်းတော့တာပဲ။ကျနော်အိပ်တဲ့ အခါ ဝမ်းလျားမှောက်ပြီးအိပ်တာ အကျင့်ဖြစ်လို့တောင်နေပြီ။နံရံတွေပေါ်မှာ သူပြေးလွှားနေသလို ။မျက်နှာကြက်မှာ ခိုစီးနေသလိုလို။မြင်နေရတယ်။တခြားသူတွေကို ပြောပြတယ် မယုံကြဘူး။
သူတို့ မမြင်ရဘူး။ကျနော့်ကို အရူးလို့ သတ်မှတ်ကြတယ်။ခွဲခြားဆက်ဆံကြတယ်။ဒီလိုနဲ့ ကျနော့် အထီးကျန်ခြင်းဟာ ကြီးမားကျယ်ပြန့်လာတော့တာပဲ။
တခါတလေးကြတော့လည်း အရူးစကားမှန်တက်ကြတယ်ဆိုပြီး စကားစမြည်း လာပြောကြတယ်။သူတို့ပြောတာတွေဟာ လက်တွေ့မဆန်တဲ့ ကြောင်တောင်တောင်တွေပဲ။
သူတို့နဲ့ စကားပြောရတာ အဆင်မပြေတော့ဘူး။သူတို့စကားတွေဟာ လှိုင်းလုံးတွေလို ရှောင်ရခက်တယ်။ငလျင်တစ်ခုလို တုန်လှုပ်ရတယ်။တကယ့်ဘေးကြပ်နံကြပ်တွေပဲ။ကျနော်ဟာ လူတွေကို ကြောက်လန့်လာတယ်။အခုဆို ကျနော့မှာနေစရာနေရာမရှိတော့ဘူး။သရဲရန်ကို ရှောင်ရတာရယ်၊လူတွေကို ရှောင်ရတာရယ်။ပင်ပမ်းလွန်းလို့။ကျနော့ တွေးခေါ်မှုဟာ ခရုလို နှေးကွေးလာတယ်။ဒါမယ့် ပြင်းပြတဲ့ဆန္ဒတစ်တော့ တောင်းတမိတယ်။သရဲရယ် လူတွေရယ်ကို ကျနော် သတ်မှရတော့ဆိုတဲ့ ဆန္ဒဟာ ပြင်းထန်လာတယ်။မနက် မနက်ဆို လမ်းမပေါ်တိုးဝှေ့နေတဲ့လူတွေကို ကြည့်ပြီး ရယ်ချင်လာတယ်။သူမှာ ဘာမှ အဓိပ္ပါယ်မရှိပဲ။အလုပ်သွား၊ ပြန်လာ။ နောက်နေ့ အလုပ်ပြန်သွား ။
လည်ပတ်နေတဲ့ပုံစံဟာ ဘာမှ မထူးခြားဘူးမို့လား။တကယ်လို့သာ လူတွေအကုန်မရှိတော့ရင်။သရဲမရှိတော့ရင်။ကမ္ဘာကြီးဟာ အေးချမ်းနေတော့မှာ။ကျနော်ကလွဲပြီး ကျန်တာ လူအတုတွေပဲ။လူဆိုတာ သရဲပဲ။ အမြဲခြောက်လန့်နေကြတယ်။
တစ်ယောက်ချင်း၊တဖွဲ့ချင်း၊တနိုင်ငံခြင်း။ပါဝါကြီးသူ အနိုင်ယူစတမ်း ပဲ။ဒါဟာ ဂိမ်းတစ်ခုလိုပဲ။ကျနော် ဘာတွေ တွေးမိနေတာလဲ။ သေချာတော့မမှတ်မိတော့ဘူး။ဝရန်တာကထ အခန်းထဲ ပြန်ဝင်အိပ် မနက်လင်းရင် ပုံစံခွက်ထဲမှာ နေသားကျဖို့ အားရှိဖို့ အိပ်ရေးဝမှ ဖြစ်မယ်။ ညကတော့ သူဘာသာ မှောင်မည်းနေတုန်းပဲ။

လင်းဆက်ဝေ
15.9.2015


Comments