ဓားဖြစ်သွားတဲ့ပန်းပွင့်များ
_________________________
မုသားတွေရဲ့အောက်မှာ ဘဝဟာပြိုလဲကျဆုံးသွာပြီ။
ဝဋ်ကြွေးတစ်ခုရဲ့ အဆုံးသတ်မို့ ပျော်ရွှင်ရပါတယ်။
ချစ်ခြင်းမေတ္တာဟန်ဆောင်ထားတဲ့ ပန်းဟာ ဘဝကို တစစီဖဲ့ချွေတဲ့ အဆိပ်လူးရနံ့များနဲ့။
ဘယ်လိုအမုန်းတရားတွေလည်း လှပတဲ့ ရင်ခုန်ခြင်းနဲ့ သတ်သွားတဲ့ပွဲ။
ကိုယ်တည်ငြိမ်နေဆဲပါ တုန်လှုပ်မှုတွေကို အားအင်အဖြစ်ပြောင်းလဲခဲ့။
ကိုယ်မမုန်းဘူးဆိုခဲ့ပေမယ့်.....
ကြေကွဲစရာပုံရိပ်တွေ။ အနာဂတ်တွေ အစကနေပြန်လည် ပြုပြင်တည်ဆောက်ဖို့ ကြိုးစားပြီးရုန်းကန်နေရပါတယ်။
ဘဝရဲ့ ယုံကြည်လေးမြတ်သူ သူလေးရဲ့ လှပတဲ့ ဇာတ်အိမ်ထဲက အသဲကွဲ ဘဝပျက်သူ ကိုယ်က သဘာဝကျကျသရုပ်ဆောင်ရတာလည်း စိတ်ပျက်လောက်အောင်ပျော်စရာပါ။
ဝေးခဲ့ပြီ စိတ်လွတ်ကိုယ်လွတ်ဝေးကြပြီ။
အောက်တိုဘာလရဲ့အဖုံးကို ဘဝရဲ့အပျက်တရားနဲ့ဖွင့်လှစ်ရင်း ဝေးခဲ့ကြပါပြီ။
မိန်းမတယောက်ရဲ့ ချက်ခုံပေါ်က နယ်ရုပ်အခုတော့ ကျဆုံးခဲ့ပါပြီ။
ရွှေယုန်လေးရဲ့ ကောင်းကင်အတုအဖြစ် ကိုယ်ဟာလှပရင်နင့်စွာပြီးဆုံးခဲ့ပြီ။
ဘယ်လိုမှ အဖတ်ဆယ်လို့မရအောင် ရက်စက်ခြင်းမှာ ကြွေမွစွာ ကိုယ့်ကျဆုံးရင်း ကြည်နူးရတာ လက္ခံရင်းးးး။
ဒီဘဝနဲ့ပဲ သံသရာအဆက်ဆက်အချစ်ကြွေးတွေကြေပါစေသား။
တောင်ဆုပြုရင်း ညီမလေးရဲ့ ရှေ့လမ်းခရီးသာယာပါစေ မေတ္တာပို့ပါစေ။အာမင်။
လင်းဆက်ဝေ
4.10.2015
Comments
Post a Comment