ကြွေ

ကြွေ
______

ညီမလေးကိုချစ်တယ်ဆိုတာမျိုးနဲ့။
စိတ်တွေဖောက်ပြန်နေပါတယ်။
မျှော်လင့်ခြင်းတွေထဲ ဘာတွေသေချာလဲ။
ညီမလေးပေါ့ဆလိုက်တာနဲ့ကိုယ်လောင်မှာပဲ။
အမှိုက်တွေက ပြသာဒ်​ကိုမီးလောင်စေတယ်။
နောင်တတွေထဲမှာပျော်စရာမရှိဘူး။
သင်္ခန်းစာတွေတော့ရှိနေမယ်။
ဒါ့ကြောင့်..........။
စိတ်ရူးပေါက်တဲ့အဓိပ္ပါယ်နဲ့ပဲဖြစ်ဖြစ်။ သစ္စာတွေပွင့်ပြပေးပါ။မေတ္တာတွေပွင့်ပြပေးပါ။

ညီမလေးရဲ့လက်သူကြွယ်ပေါ်နက်နက်ရှိုင်းရှိုင်းစီးဝင်ပါရစေသား။
ညီမလေးရဲ့နှုတ်ဖျားမှာ အမှန်တရားတွေပွင့်ပါစေသား။
နာနာကျင်​ကျင်​ ဘယ်သူကကြေမွချင်မှာလဲ။
ညီမလေးဆိုတာရင်ဘတ်ကအမာရွတ်ပါပဲ။
ညီမလေးဟာကိုယ့်ရဲ့ရီမုကွန်ထရိုပဲ။
အဝေး အနီး ညီမလေးပဲထိန်ချုပ်ပါ။

ညီမလေးဆိုတဲ့ ဖုန်းနံပါတ်ကိုနှိပ်တယ်။
ဆက်ကာ ဆက်ခါ အဆက်မပြတ်။
နမိတ်ဆိုးတွေ အသက်ရှင်နေသေးတော့ ဖုန်းကခေါ်မကြားအော်မကြားပဲ။
ဂွတ်ည မပြောရသေးတော့.....မျက်စိကြောင်တယ်။
သိမ်ငယ်စိတ်နဲ့မှောင်တယ် ညဟာအိပ်မပျော်တော့ဘူး။
ချစ်တယ်ဆိုတာ အိပ်မပျော်တဲ့ညရဲ့သီချင်းပဲ။
ခံနိုင်ရည်းအားနည်းတဲ့အခါ ဘာနဲ့ညှိညှိ မလင်းနိုင်တော့ဘူး။
ငါ့ရဲ့စိတ်တွေ ညီမလေးအနားပုံလဲကျနေတာ။
ကြယ်တွေမကြွေပဲ ညတွေကြွေတယ်။
တစ်ညလုံးနက်နက်နဲနဲတွေကြေတယ်။
ညီမလေးကတော့နှစ်နှစ်ခြိုက်ခြိုက်ပဲ ။

လင်းဆက်ဝေ
11.19.2015


Comments