ဘားကုတ်​​တွေနဲ့ ဖွင့်​မကြည့်​ရုထုံး​တွေ ဖွတ်​ထားတယ်​ ဘယ်​သူမှမသိ​စေရ

ဘားကုဒ်တွေနဲ့ ဖွင့်မကြည့်ရ ကုထုံးတွေ ဖွက်ထားတယ် ဘယ်သူမှမသိစေရ။
______________________________________

တိတ်တိတ်နေ၂၄နာရီထဲ ၂၄နာရီ Suicidiပဲသွေးထဲစီးဝင်လာတယ်။
ငါ့ဝိဥာဉ်ကို availableလုပ် အာကာသထဲလွှတ်တင်မယ်။သိမှုတွေထပ်နေတယ် မီး ပြာ နတ္ထိမှာ ဘာခံစားချက်မှရှိမနေစေရဘူး။
ဦးဏှောက်အမြှေးပါးတွေ အကြောက်တရားနဲ့ယောင်ကိုင်း ။ဘုရားသခင်အခန်းကိုဖြုတ်ချထားလိုက်ရင် အလုပ်ဖြစ်မလား။
အမြဲတစေ ကွပ်လပ်ဟာ ကွန်ဆက်ချူရယ် ထပ်ဖန်တီးမယ့်ကွပ်လပ်မှာ
အက္ခရာတွေ (ဋ)>( ဍ)ဒရေကောက်နဲ့စရမယ်။
စိတ်နဲ့ပြုလုပ် ခဏခဏသေချင်ယောင်ဆောင်ထားတဲ့ ဥာဏ်အလင်းတထွာ စိတ်၈၉ပါး။
အလင်းနဲ့အရိပ်ရဲ့ကြားက အီနားရှား။
စည်းစည်းလုံးလုံးလမ်းပေါ်မှာမီးပွင့်မိနေတဲ့အချိန်တွေ။
Fuck ဆိုပြီး လျှော်ဖွတ်ဖြေလျော့ကြည့်တယ်။
သုံည ပွင့် သုံည အထိ စောက်ကျိုးနည်း တစွန်းတစတောင်မပြောင်ဘူး။
သက်ပြင်းသံတွေ ဆူညံနေတယ် ပုဒ်မချ ။
လူအဖြစ်ဟာမွန်းကြပ် သိမှုတွေ မျက်တောင်မခတ်ရဲ ။
အနာတရတွေဟာ.လူအဖြစ်ပီသစေတယ်။
တီဗီဖန်သားပြင်ထဲ သတင်းစာထဲ စီစီတီဗီထဲ ကိုယ်စားပြုမှုတွေ လေလုံးတွေက ငါ့ကို ဝင်ဝင်ဆောင့်တယ်။
ကမ္ဘာကြီးရဲ့ ဘိုင်အိုဂရပ်ဖီဟာ လူတွေနဲ့အတူတူ ပျက်စီးယိုယွင်းနေတယ်။
ကမ္ဘာကြီးဟာ မျက်ရည်ပူမိုးတွေမိလို့ ။
ငလျင်လမ်းကြောင်ပေါ် အဝင်အထွက် အတ္တတွေသာ အရေခွံခဏခဏလဲလှယ်ဝတ်ဆင်လို့။

လင်းဆက်ဝေ
7.4.2016


Comments