မှုန်ရီခြင်း
----------
မိုင်များ
ဖြောင့်တန်းပါရဲ့လား
ရှေးရှေးကပြီးခဲ့သောမိုင်များ
ရှေ့ဆက်မယ့်မိုင်များ
မိုင်တိုင်တွေတရိပ်ရိပ်...
ရှောင်တခင် အန္တရာယ်များသာ။
မလွတ်မြောက်တော့ပြီ
လင်းဆက်ဝေ
မှုန်ရီခြင်း၂
ငြိမ်းချမ်းသောနာရီများလာတော့မည်
ဘယ်သူပြောခဲ့ပါသလဲ
တပွင့်စီး လွင့်မျောနေတဲ့ စိုးရိမ်မှုတွေ
အသက်သေအောင်လှပကြရတယ်
အပြုံးတွေဟာ နာကြည်းမှုကို ကိုယ်စားပြုရ။
လင်းဆက်ဝေ
မှုန်ရီခြင်း၃
............
ခရီးဟာဆက်မသွားတော့ဘူး
ဘာတွေကိုမှ မယုံရတော့တဲ့ မှိုင်းတွေ ထူ/ထူးတယ်
ပန်းတိုင်က မိုးပေါ်ကကျလားမှာလား
ပြိုင်တူတွန်းရင် ပန်းတိုင်ကပြုတ်ကျလာမှာလား
ရင်ထဲအပြည့်အသိပ် ပုံပြင်များသာ
အလင်းရောင်ဟာ ဒေါသတကြီးထွက်ခွားသွားပေါ့။
လင်းဆက်ဝေ
မှုန်ရီခြင်း ၎
နိုင်ငံတွေရှိတယ်
လူမျိုးတွေရှိတယ်
ဘာသာရေးတွေရှိတယ်
ထို့ကြောင့်.......
စစ်ပွဲတွေရှိလာကြရတယ်။
ကမ္ဘဂြိုလ်တစ်ခုအတွင်းထဲမယ်။
လင်းဆက်ဝေ
မှုရီခြင်း ၅
ဖြတ်သန်းခဲ့ကြတယ်
ဒဏ်ရာတွေဟာ ယနေ့အထိ
သွေးပွတ်ပွတ်အန်နေတုန်းပဲ
ထိန့်လန့်ခြင်းဝင်္ကပါထဲ
နွေးဦးပွဲတော်ဟာ လေထဲမှာတလွင့်လွင့်
ထွက်ပေါက်တိုင်းဟာ အသေ။
လင်းဆက်ဝေ
မှုန်ရီခြင်း ၆
အိပ်မက်တွေချန်ထားခဲ့
အိပ်မက်တွေ မက်မနေနဲ့
မီးတောက်လှိုင်လုံးတွေ လိမ့်လာနေပြီ
အနက်ရောင်ပင်လယ်ထဲက ငါတို့နေတဲ့မြေ
အိပ်စက်ချိန်မရောက်ခင် မျက်စိတွေပိတ်ခံရ။
လင်းဆက်ဝေ
မှုန်ရီခြင်း ၇
အားကုန်ဟစ်အော်တယ်။
တကိုယ်ကောင်းစား ကောင်တွေ။
အဖွဲ့အစည်းတည်မြဲရေး ကောင်တွေ။
အရောင်ဆိုးထားတဲ့ တရားတွေ။
ရုတ်တရက် အမှောင်ကန အေခုထိမှောင်။
မသေမရှင် မေ့ထားလိုက်လိုက်တဲ့ စကားလုံးတွေ။
လင်းဆက်ဝေ
မှုန်ရီခြင်း ၈
ဥပဒေရဲ့ ဦးဏှောက်ကို ကျည်ဆံဖောက်ဝင်သွား။
ဝမ်းနည်းခြင်းတွေ လှိုင်းလုံးတွေလိုတက်လာ။
၁ရက်
၂ရက်
...
....
.....
......
၇ရက်ကြာတော့ ပိုနေမြဲ ကျားနေမြဲ။
ပိုနေမြဲကျားနေမြဲတွေဟာ မကြာခဏ။
အမှတ်မရှိ ၇ရက်လောက်ဝမ်းနည်းကြပေါ့။
လင်းဆက်ဝေ
မှုန်ရီခြင်း ၉
ငာမှန်သမျှတွေသံသယတွေတစိမ့်စိမ့်ယိုစီးလျှက်
အဖြူရောင်ဟာ တကယ့်အဖြူရောင်မဟုတ်
(ငာ)=(အဖြူရောင်အဖြစ် ထင်ယောင်မှုတွေ)
ငါ
ငါ့အဖွဲ့
ငါ့မြို့
ငါ့ရပ်ကွက်
ငါ့မိသားစု:
ငါ ဟာ အဖြူရောင်ဟန်ဆောင်ခြင်းပဲ။
အဖြူရောင်ဟာတစ်ခုခုကို ကိုယ်စာပြုလို့။
လင်းဆက်ဝေ
Comments
Post a Comment