HDအကြည်ဇာတ်လမ်းရဲ့ ဖြတ်လျှောက်သရုပ်ဆောင်၂ဦး
................................................
ဘီယာဆိုင်က ထ လာပြီး လိုင်းကားပေါ်တက်တော့ အသားညိုညိုကောင်မလေးက ။
အကို ကျမကိုမှတ်မိလား ဘယ်သွားမလို့လဲတဲ့။
ကျနော်ကြည့်တယ် သေချာ ပုံစံကရိုးရိုးသားသား။
လူမှားပြီးခေါ်တာဖြစ်မှာ။
ကျနော်အလိုက်သင့် ဒီလိုပဲ အပျင်းပြေ စိတ်ပြေလက်ပျောက်ထွက်လာခဲ့တာပါပေါ့။
ကားက ဝူးခနဲ့စောင့်ထထွက်တယ်။
သူမကျနော်ကို ဖတ်ထားတယ် ခဏပဲ မျက်နှာက ပန်းနုပြေးလေးဖြာတယ်။ကားဆရာဘရိတ်စောင့်အုပ်တယ်။
မရည်ရွယ်ပဲ မှတ်တိုင်ပြိုင်တူဆင်းခဲ့မိ။
သူ ရည်ရွယ်ချက်ရှိရှိဆင်းခဲ့တာဖြစ်နိုင်တယ်လို့ မတွေးမိခဲ့ဘူး။
အကိုတဲ့ အေးမြတို့ ကိုဇော်တို့နေကောင်းကြလားတဲ့။
ညီမလေး လူမှားနေတာဖြစ်မယ် ဆိုတော့။
အကိုနဲ့မှားရမှာပျော်ပါတယ်တဲ့။
ဒီလိုနဲ့......စကားပြောရင်း ရွယ်ရွယ်ရာမရှိ ပြိုင်တူ ပလက်ဖောင်းအတိုင်းလျှောက်နေမိကြတယ်။
ရာသီဥတု ပူတယ်နော်။
အေးရိပ်တွေရှိပါတယ် နားကြမလား။
ပြိုင်တူမေးခဲ့မိကြပေါ့။
ဖြောင်းဖြောင်းဖြောင်း....ကယ်ရီတစ်စီးလောက်...။
အခန်းကကျဉ်းတယ်။အဲကွန်းမရှိ။မတ်တပ်ရပ်ဖန်တစ်ခု။
စကားမပြောဖြစ် အတွေးကိုစီးနဲ့ငြိမ်သက်။
ဒီမှာလည်းပူတယ်နော်အကိုတဲ့။
အင်းလို့ ခပ်ဖြည်းဖြည်း တိုးတိုးလေးအင်းမိတယ်။
ကျနော်အင်္ကျီချွတ်လိုက်တယ်။
ဒိလိုနေကြည့်ပါလား သဘာဝအတိုင်း လွတ်လပ်ပေါ့ပါးပြီး နေလို့ကောင်းတယ်။
ကျမရှက်တယ်။
ဒီအချိန်မှာ ရှက်တယ်ဆိုတာ သူမကိုယ်တိုင်ချွတ်ဖို့ရှက်တာပဲဖြစ်မယ်။
သူမရဲ့ သဘာဝအရှက်ကို ကျနော်ပဲချော့မြူလိုက်ပါတယ်။
ရှက်တာဟာ လွတ်လပ်ပေါ့ပါးသွားတယ်အကိုတဲ့။
ဟုတ်တာပေါ့။
၁နာရီလောက်ကြာတော့။
ကျနော့ဖုန်းကိုယူပြီး သူ့ဖုန်းကိုခေါ်တယ်။
ကျမဖုန်းရိန်းတုန်းသီချင်း နားထောင်ချင်လို့တဲ့။
ရွှေထူးရဲ့တံခါးဖွင့်ထားပါတယ်သီချင်းပေါ့။
ဒီနံပါတ်ဖျက်ပစ်ရမလားအကိုတဲ့။
ဒါမျိုးမြောင်း ဘယ်နှခုလောက်တူးဖူးသလဲ ဆိုတော့ အကိုပြောတာကျမနားမလည်းဘူးတဲ့။
အစိမ်းသက်သက် သူမရဲ့ဝန်ဆောင်မှုဟာ ဘာသဘောလဲ။
ဖုန်းနံပါတ် တစ်ခုဟာ မတည်မြဲပါဘူး လူ့ဘဝလိုပေါ့လို့ ပြောခဲ့မိတယ်။
ဟုတ်တယ်အကိုရယ်တဲ့။
ကျမ ညနေ၅နာရီ အိမ်ပြန်တော့မှာအကိုတဲ့။
နောက်ကမ္ဘာဆိုတာရှိရင်လည်း အခုနံပါတ်တွေ ဘယ်ဆက်သွယ်လို့ရတော့မလဲတဲ့။
သူမပြောတာ သူရဲ့အိမ်နေရာနဲ့ သူ့အမည်ပဲ။
အကိုရယ်တဲ့ အေးနွေလို့မှတ်ထားပေါ့တဲ့။
အပူလောကမှာ ခဏတာ အေးခဲ့ကြာတာလေးတဲ့။
ခရီးဆုံးချိန်မှာ စိတ်နဲ့ခန္ဓာ အတွေးအသိတွေ စက္ကန့်အနည်းငယ် ဗလာနယ်ထဲရောက်သွားတာပဲမို့လားတဲ့။
အကိုအဲ့လိုခံစားရလားတဲ့။
အဲ့တော့ကျမအမည် နွေအေးလို့ပါမှတ်ထားပေါ့တဲ့။
နောက်နေ့ fbကိုပွတ်တော့ အမှောင်ကမ္ဘာမှကုန်းဆင်းကြသူများပေ့ ကွန်မန့်မှာ နွေအေးဟာချောင်းရိုတ်ခံရပြီး နာမည်ကြီးသွားတယ်။
မြန်မာအမျိုးသားတိုင်းရဲ့ ဖုန်းထဲ့က vult apkထဲအဝှက်(ဖွက်)ခံရတယ်။
နွေအေးဟာ vult apkထဲလေးဆယ့်ငါးမိနစ်စာနေရာယူသွားတယ်။
နွေအေးကို ဘုရားလူကြီး လူကြီးလူကောင်းတွေနဲ့ ပေါက်လွတ်ပဲစာပါမကျန် ၄၅မိနစ်စာနေရာပေးရတယ်။
(အ) .................ကုသိုလ်ရပါတယ်။
လင်းဆက်ဝေ
၂၀၁၇
Comments
Wynn vs. Hard Rock Casino – Hotels - MapYRO
ReplyDelete› 하남 출장마사지 2021/07 › wynn-vs-hard 김제 출장샵 광양 출장마사지 › 2021/07 › wynn-vs-hard Nov 29, 2021 전주 출장안마 — Nov 29, 2021 WYNN AND CASINO - Wynn Las Vegas & Encore Wynn Tower Suite Parlor 청주 출장안마 - Credit Cards | MapYRO®.