ကွန်ဆက်ချူရယ်ပိုအက်ထရီ(conceptual poetry)
__________________________
ငြိဏ်းဝေ
.
၂၁ ရာစု ကွန်ဆက် ( concept ) တွေနဲ့ ခေတ်ပြိုင်ကဗျာ
....................
မြန်မာကဗျာသမိုင်းကြောင်း၊အမေရိကန်ကဗျာသမိုင်းကြောင်း၊ဥရောပကဗျာသမိုင်းကြောင်း စသည်ဖြင့် ဒေသကွဲပြား အမည်နာမပညတ် ကွဲပြားသော်လည်း ကဗျာဖန်တီးပြုလုပ်သည့်အခါ ကဗျာဆရာ၏ ဥာဏ်ရည် ( concept ) သည် မည်မျှအတိုင်းအတာအထိအရေးပါသနည်းဆိုတာကို ဆင်ခြင်သုံးသပ်ကြည့်မိသောအခါ
အပိုင်း ( ၁ )
ကွန်ဆက် ( concept ) သည် ဘာသာစကားကိုမောင်းနှင်သည်ကိုတွေ့ရသည်။ဘာသာစကားအပေါ်မြင်သော ကဗျာဆရာ၏ကွန်ဆက် ( concept ) သည် ကဗျာတစ်ပုဒ်ဖြစ်ပေါ်လာမှု၊တွေ့ရှိမှုကို လွှမ်းမိုးသည်။ဥပမာအားဖြင့် ဝါကျတစ်ကြောင်းသည် အသံ၊အဓိပ္ပါယ်၊ဂီတဆိုင်ရာအရည်အသွေး၊အမြင်ဆိုင်ရာအားသာချက်ကို.မည်သို့ဖန်တီးသနည်း။ ( language poetry, talk poem, post language poetry ) ၊ ဒွေးချိုး ၊ လေးချိုး ၊ လေးလုံးစပ် ၊ ခေတ်စမ်းကဗျာ ၊ တော်လှန်ကဗျာ ၊ မော်ဒန်ကဗျာ ၊ ပိုစ့်မော်ဒန်ကဗျာ ၊ စကားပြေကဗျာ ၊ အသံကဗျာ အမြင်အာရုံကဗျာ စသည့် ကဗျာအမျိုးမျိုးတွင် `ဘာသာစကား´(( concept ) ကဗျာဆရာ တစ်ဉ်ီးချင်းစီက အဓိပ္ပါယ်ပြု ယူဆထားသော ) ကိုတွေ့ရပေမည်။ဘာသာစကားဟူသောအခြေခံ ရုပ်ဝတ္ထုအချင်းချင်း ပွတ်တိုက်မှု ၊ လွင့်စင်မှု ၊ အဓိပ္ပါယ်ခက်မှု ၊ ဟာလာဟင်းလင်းဖြစ်မှု စသည်တို့ကို ကဗျာတွင်တွေ့နို င်ပေသည်။ဥပမာအားဖြင့် loss of syntax ( ဝါကျတည်ဆောက်ပုံပျောက်ဆုံးမှု ) ကို ပို့စ်မော်ဒန် language poetry တွင် တွေ့နိုင်သည်။ အာဗွန်ဂတ်ရှေ့ပြေးကဗျာများတွင် တွေ့နိုင်သည် ။ ဘာသာစကားဖြင့်ပြုလုပ်ထားသောကဗျာတွင် ဘာသာစကားသည်မည်သို့ အဓိပ္ပါယ်ဖွင့်ဆိုနေသနည်း။မည်သို့ပုံသဏ္ဍာန်ပေးမည်နည်း။ထိုအရာအားလုံး၏နောက်တွင် ဘာသာစကားအပေါ်ထားရှိသော ကွန်ဆက် ( concept ) ကိုတွေ့နိုင်ပေသည်။
.
အပိုင်း ( ၂ )
ကွန်ဆက် ( concept ) သည် ဘဝကိုမောင်းနှင်သည်ကို တွေ့ရသည်။ဘဝအပေါ်တွင်ထားရှိသော ကွန်ဆက် ( concept ) ကို အခြေခံ၍ ကဗျာဆရာသည် မိမိပတ်ဝန်းကျင် ၊ မိမိ၏ အဇ္ဈတ္တကို ကိုင်တွယ်သုံးသပ်ရင်း ကဗျာဟူသောအနုပညာပစ္စည်း (သို့ ) အနုပညာမဟုတ်သော အနုပညာပစ္စည်း ( anti-art-poetry ) ကို ဖန်တီးပြုလုပ်ပေသည်။ထိုဘဝအပေါ်ထားသော ကွန်ဆက် (concept) အရ ကဗျာတွင်
တစ်စစီဖြစ်နေခြင်း ( fragmentation ) ၊
ကိုယ်စားပြုခြင်း (representation ) ၊
ကိုယ်စားမပြုခြင်း ( non-representation ) ၊
ဇာတ်လမ်း ( story ) ၊
ဇာတ်ကြောင်းပြောဟန် ( narrative ) ၊
အကြောင်းအရာ ( content) တို့ကို
အချိုးကျ ( proportionate ) ၊
အချိုးမကျ အချိုးမဲ့ ( without proportion ) စွာဖန်တီးပြုလုပ်ပေသည်။
ဥပမာအားဖြင့် ရှေးဦးပို့စ်မော်ဒန်ကဗျာဆရာတို့က တစ်စစီဖြစ်နေခြင်း ( fragmentation ) ကို အဓိကထားလုပ်ဆောင်သော်လည်း နှောင်းပို့စ်မော်ဒန်ဆရာတို့က ကျန်ရှိသော
ကိုယ်စားပြုခြင်း (Representation)
ကိုယ်စားမပြုခြင်း (Non-representation)
ဇာတ်လမ်း (Story)
ဇာတ်ကြောင်းပြောဟန် (Narrative) စသော ကွန်ဆက် ( concept ) များကို ရောနှောအသုံးချ ၊ အချိုးကျ ၊ အချိုးမဲ့စွာ သုံးလာသည်ကိုတွေ့ရပေသည်။
.
အပိုင်း ( ၃ )
ကွန်ဆက် ( concept ) သည် ကဗျာဆရာ၏စာရေးဟန် ( writing style ) ကိုမောင်းနှင်သည်။ကဗျာဆရာ၏ ဘာသာစကား ၊ ဘဝအပေါ်ထားရှိသော ကွန်ဆက် ( concept ) သည် ကဗျာဆရာ၏ စာရေးဟန်ကို မောင်းနှင်ပေသည်။ကဗျာတစ်ပုဒ်ကို လေ့လာသောအခါ ကဗျာဆရာ၏ ဘာသာစကားရွေးချယ်အသုံးပြုမှု ၊ ဘဝအပေါ်ကဗျာဆရာ၏ နေထိုင်မှုတို့သည် သူ၏စာရေးဟန်ကို လွှမ်းမိုးနေပေသည်။ကဗျာဆရာသည် hypocrite ဖြစ်ပါက သူ၏စာရေးဟန်တွင် hypocrite writing style ဖြစ်နေသည်ကိုတွေ့ရပေမည်။
( Hypocrite ကို အဓိပ္ပါယ်ပြန်ဆိုပါက အပြောနှင့်အလုပ်မည်ီသူ ၊ ပါးစပ်က ဘုရားဘုရား လက်က ကားယားကားယား လုပ်နေသူဟူ၍ အနီးစပ်ဆုံးပြန်ဆိုနိုင်သည်။ )
အနုပညာဆိုင်ရာကျင့်ဝတ် ( Aritistic ethics ) နှင့် လူမှုကျင့်ဝတ် ( Social ethics ) တို့သည် ကဗျာဆရာ၏ (aesthetic value) ကို များစွာမောင်းနှင်ပေးသောအရာနှစ်ခု ဖြစ်လေသည်။
ဥပမာအားဖြင့်..အလန်ဂင်းစ်ဘတ် ၊ ဂျွန်အက်ရှ်ဘယ်ရီ ၊ ချားလ်ဘန်စတိုင်း ၊ ဒေးဗစ်အန်တင် ၊ ချားလ်အော်ဆန် ၊ ရီတာဒို့ဗ် ၊ ကားလ်ဖီးလစ် ၊ မိုက်ကယ်လောင်းလေ စသော ကဗျာဆရာများ၏ ဘာသာစကားအပေါ်ထားရှိသော ကွန်ဆက်(concept) တို့သည်သူတို့၏ကဗျာများကို များစွာလွှမ်းမိုးပေသည်။သူတို့၏ စာရေးဟန်များကို များစွာအထောက်အကူပြုပေသည်။
John Cage သည် ဗုဒ္ဓဘာသာ၏ meditation သဘောအရ ၊ အတွေ့အကြုံအရ SILENCE MUSIC ကို ဖန်တီးပြုလုပ်ခဲ့လေသည်။သူ၏ကဗျာများတွင်လည်း ယင်းသဘောတရား ကွန်ဆက် ( concept )များက မောင်းနှင်အားဖြစ်သည်ကို တွေ့ရပေသည်။
.
အပိုင်း (၄)
ကွန်ဆက် (concept)သည် ဖြစ်မှု (isness)နှင့် ဖြစ်မှုနည်းလမ်း(way of isness)ကိုမောင်းနှင်သလို ကဗျာဖြစ်မှုနှင့် ကဗျာဖြစ်မှု၏နည်းလမ်းများ ( technique ) ၊ ကဗျာလှုပ်နှိုးမှုများ (simulation)နှင့်များစွာ သက်ဆိုင်ပေသည်။ဥပမာအားဖြင့် ကဗျာဖြစ်မှုတွင် ဘာသာစကား၏ အမြင်သဏ္ဍာန်ဖော်ပြမှု(concept poetry) ၊
အသံဦးစားပေးမှု(sound poetry)
ဘဝဖြစ်တည်မှု(existence)
ပုံသဏ္ဍာန်တည်ဆောက်မှု
ဖွဲ့စည်းတည်ဆောက်မှု
အပွင့်သဘောတရား(open form)
အဓိပ္ပါယ်ဖြစ်တည်မှုဖြစ်စဉ်(process of making sence)
ကဗျာ၏ဂီတ
Collage နည်းစနစ်
Pop art,post-pop art,
ဘဝနှင့်ကဗျာ၏ တစ်ထပ်တည်းကျခြင်း(oneness) သဘောတရား
ဘဝနှင့်ကဗျာတစ်ထပ်တည်းကျ၍ ကဗျာ၏ ဖြစ်မှု(isness)သည် ကဗျာဆရာ၏ဘဝဖြစ်တည်ခြင်း (existence) စသည်တို့သည် ကွန်ဆက်က မောင်းနှင်သော ကဗျာဖြစ်မှု၊ကဗျာဖြစ်မှု၏နည်းလမ်းများ ဖြစ်ကြပေသည်။ကဗျာတစ်ပုဒ်ကိုလေ့လာသောအခါ ဖန်တီးပြုလုပ်ထားသော ကွန်ဆက်(concept)အခန်းကဏ္ဍသည် ကျယ်ပြန့်လှပေသည်။
.
အပိုင်း (၅)
ကွန်ဆက် ( concept )သည်အနုပညာဘာလဲဆိုကို မောင်းနှင်ပေသည်။ခေတ်ပြိုင်ကဗျာကွန်ဆက် ( contemporary poetry concept )သည် အနုပညာကိုမောင်းနှင်သလို ကဗျာကိုလည်း.မောင်းနှင်ပေသည်။anti-art,anti-literature စသော ပိုစ့်မော်ဒန်ရိုးရာအစဉ်အလာဖြစ်နေသော ကွန်ဆက် ( contemporary poetry concept )သည် ၂၁ ရာစုအနုပညာ ၊ ၂၁ ရာစု ကဗျာဗေဒကိုမောင်းနှင်နေရာ ၂၁ ရာစုအနုပညာကဗျာများကို ကြည့်ပါက သမိုင်း ၊ ယဉ်ကျေးမှု ၊ လူ့အဖွဲ့အစည်း ၊ လူ့ဝန်းကျင် တို့ကိုအခြေပြုလျက် ဖန်တီးပြုလုပ်ထားသော collage,fragmentation,chaos,indertiminacy(မရေရာခြင်း၊ချီတုံချတုံဖြစ်ခြင်း)စသည့် အခြင်းအရာများကို တွေ့မြင်ရပေမည်။ issue ကို လက်ရှိ ဖြစ်ပျက်ပြောစရာ အခြင်းအရာများဟု နားလည်နိုင်သည်။
[ after post-modernism သည် beyondness နှင့် hybridity (ပေါင်းစပ်ဖြစ်တည်)သွားသော အနုပညာ ]
.
အပိုင်း ( ၆ ) ကွန်ဆက်(concept)သည် နည်းစနစ်ဆိုင်ရာလွတ်မြောက်မှု ( Technical Liberation) ကိုမောင်းနှင်သည်။နည်းစနစ်များနှင့်ပြည့်နှက်နေသော ကဗျာများသည် အဓိပ္ပါယ်ကို ခွက်တစ်ခုထဲထည့်ထားသလိုဖြစ်နေ၍ Charless Olson က open from technical liberation လုပ်ခဲ့သည်။
ပန်းချီတွင် ready made များသုံးသည်။collage များအားကဗျာတွင်သုံးသည်။
.......................
အပိုင်း(၇).
ကွန်ဆက်(concept)သည် Psychological Liberation ကိုမောင်းနှင်သည်။အလန်ဂင်းစဘတ်သည် ဗုဒ္ဓဘာသာ concept mantra များရွတ်ဆိုသည်။meditation poem,perfomance poetry များ လုပ်ခဲ့သည်။နှောင်းပို့စ်မော်ဒန်ဆရာတို့ကလည်း အတ္တဖယ်ထားသောကဗျာများ(selfless poem)ဖြစ်သော docupoem များ၊ကြော်ငြာ၊သတင်းစာ၊ဂျာနယ်များ၏ အရေးအသားများကို ကဗျာထဲတွင်ထည့်သွင်းခြင်းတို့ ပြုလုပ်လာကြသည်။ဤတွင် အချိုး၊အချိုးမရှိခြင်းဟူသောကွန်ဆက် (concept) ကို စဉ်းစားလာကြပေသည်။
.
အပိုင်း ( ၈ )
.....................#ငြိဏ်းဝေ
(၈).အရာရာတိုင်းတွင် ကွန်ဆက်(concept)ရှိသည်။စားပွဲ၊ကုလားထိုင်၊စာအုပ်၊ဘာသာစကား၊ကဗျာ၊ဝတ္ထု၊စကားပြေ၊သီချင်း၊ဂီတ စသည့်အရာအားလုံးတွင် ကွန်ဆက်(concept)ရှိသည်။ထိုကွန်ဆက်(concept)သည် ကဗျာဆရာနှင့်ဆိုင်သည်။ကဗျာဆရာ၏ အသိဥာဏ်၊ကဗျာဆရာ၏ ဘဝ၊လူ့အဖွဲ့အစည်းအပေါ်ကဗျာဆရာ၏ တုံ့ပြန်မှု စသည်တို့က ပေါက်ဖွားလာသည်။
ထို့ကြောင့် ၂၁ ရာစုကဗျာဆရာ၏ ကွန်ဆက်(concept)သည် ၂၁ ရာစုကဗျာဖြစ်သည်။ကဗျာကိုမယုံ။ကဗျာထဲတွင်ရှိသော၊ကဗျာ၏နောက်ကွယ်တွင်ရှိသော ကဗျာဆရာ၏ ကွန်ဆက်(concept)ကိုသာ ယုံသည်။ရှိမှုဗေဒကဗျာနှင့်သိမှုဗေဒကဗျာကို ပြောကြည့်ခြင်း ဖြစ်ပါသည်။မြန်မာခေတ်ပြိုင်ကဗျာ နောက်/အထဲမှာ ဘာကွန်ဆက် ရှိသလဲ။
[ ဒါဆို ကွန်ဆက်လွတ်မြောက်မှု (concept liberation) ကို ဘယ်လိုကြည့်မြင်ဖန်တီးမလဲ။ကွန်ဆက်တွေနဲ့ရှိမှုဗေဒဆက်သွယ်မှု၊အဓိပ္ပါယ်ဖော်မှုဖြစ်စဉ်ထဲမှာ လူ့ဘဝ၊လူ့ပတ်ဝန်းကျင်၊သမိုင်း၊ဘာသာစကားရဲ့ကဏ္ဍ ဘယ်လိုပါဝင်နေသလဲ။ပို့စ်မော်ဒန်ခေတ်ပြိုင်ကဗျာဗေဒတွေရဲ့ ကျောရိုးကွန်ဆက်တွေဟာ အနုရသ၊အနုဗဟုရသ၊ဗဟုလူမှုဗေဒတွေကို ဘယ်လိုရိုက်ခတ်သလဲ၊မောင်းနှင်သလဲ စသည်တို့ကို မေးခွန်းထုတ်နိုင်လာပေသည်။]
။...............။.
#ငြိဏ်းဝေ
#နကမ္ပတိ (၂၁) ရာစုကဗျာဗေဒအသစ်များစာအုပ်မှ....ကွန်ဆက်ချူရယ်ပိုအက်ထရီ(conceptual poetry)

။...............။..
#ငြိဏ်းဝေ
#နကမ္ပတိ (၂၁) ရာစုကဗျာဗေဒအသစ်များစာအုပ်မှ....
Comments
Post a Comment