ရင်မခုန်တပ်ဘူး
မိန်မတွေထက်သစ္စာရှိတာကဗျာ
ကြယ်နီဆေးလိပ်တစ်ဖွာနဲ့
ငါ့အာရုံအတိုင် က. နေသောကဗျာ
တစ်ခါတစ်ခါ
မိန်းမဠိကာတွေနဲ့
ဝါဒဖြန့်အချစ်ကြောင်းများ
ပုထုဇဉ်ဆိုပြီးမိုက်လုံးကြီးရမလား???
ဟာာာာား
ခံစားမှု့တွေ
ခင်ဗျာနားမလည်သေလို့ပါတဲ့
အသဲကွဲခြင်းမှာစကားလုံးတွေ
ဗုံဘောလအော
ရှာပါးနေတဲ့စကားလုံးတွေနဲ့
ဘာသာစကားမလုံလောက်တော့
ချစ်ခြင်းကိုသေခြင်းတရားမလောက်မငှနဲ့
သမဆိုင်မှာတန်းစီရဦးမလားဗျာ
မြို့ပြရဲ့ဟန်ဆောင်ကောင်းတဲ့အပြုံးတွေ
မြို့လယ်ကောင်အမှိုက်ပုံများအလား
မသတီစရာလော်လီဖောက်ပြား
မြို့စွန်ဇနပုဒ်နေညက်ဖေးလမ်းကြားမှာ
ငါဟာအခြေခံအလုပ်သမား
အချစ်ကိုဖွဲ့ဆိုဖို့ထက်
ဝမ်းတစ်ထွာကဒီဂျေသံမထွက်အောင်
ငပိနဲ့ကန်ဇွန်းရိုးပိုလိုအပ်
Hleart Drainဖြစ်နေတဲ့ခေတ်
အချစ်စစ်စစ်ဆိုတာမြို့ပြမြောင်းထဲ
အနံတလှိုင်လှိုင်မွှေး
စပွန်ဆာပေးနိုင်မှဆော်ကြည့်တဲ့ခေတ်လား
ဘာရယ်မဟုတ်ပြောလိုက်မယ်
ငံကိုလာပြီးအချစ်ဆိုတဲ့အမှိုက်
လာလာမပသ်ပါနဲ့လား
စည်းပင်အကူအညီနဲ့ဥပဒေထုတ်
ဒဏ်ငွေ၁၅၀၀
ထောင်ဒဏ်အကျယ်ချုပ်နဲ့
ရုတ်ရုတ်မလုပ်နဲ့အရူးထောင်ကိုပို့ပစ်မယ်။
လင်းဆက်ပိုင်
Posted via Blogaway
Comments
Post a Comment