ကလေးရေ
ငါကမိုင်၁၅၀၀အကွာမှာ
လဲကျနေသောသားကောင်ပါကွာ
ဘယ်ရင်ခွင်တစ်ခြမ်းလုံးကျိန်စာမိ
တိုတိတ်နာကျင်စွာအသက်ဆက်နေသူပါ။
ကလေးရေ
ပုစဉ်းရင်ကွဲလိုညညဆိုအော်နေမိ
အာခေါင်ခြောက်ကပ်ကြယ်ကတော့ကြွေမလာဘူး
အချစ်
အမုန်လွမ်းဆွတ်တမ်းတ
အာရုံခံစားမှုသီအိုရီများ
အိုဇုံးလွှာကိုသနာတယ်ဟာ။
ကလေးရေ
နှလုံးသားသက်သက်နဲ့
ငါလူမဟုတ်တဲ့
ဆိုက်ဘော့လို နင့်ကွန်ထရိုးနဲ့
ဘယ်အချိန်တကယ်သေရမလဲကွာ။
ကလေးရေ
နင့်စကားလုံးတိုင်း
နှလုံးသားမှာအနာအဆာများ
ပလာတာရိုက်နည်းကျွမ်းတယ်နော်
ငါကအီကြာကွေမှကြိုက်တာလေ။
ကလေးရေ
အိပ်မက်ညိုညိုတွေနဲ့
စာတိုတိုSMSတစ်စောင်
ချစ်တယ်မောင်ဆိုတဲ့စကားလုံး
ဒေါ်လာကောင်တွေခိုးသွား
အမျိုးအစာခွဲခြား
ဆင်တံဆိပ်ကကမ္ဘာသုံးမဟုတ်လို့လား။
ကလေးရေ
အသိုက်ပျက်တဲ့ငှက်တစ်ကောင်
အသဲကွဲခြင်းမှာပဲ့တင်ထပ်စွာ
သေပွဲဝင်အပူမှန်သမျှလေ
အခုဘုရားစကားတရားစကားနဲ့
အေးချမ်းဘေးမသန်းထိနးထိန်သိမ်းနေတက်ပြီလေ။
လင်းဆက်ပိုင်
Posted via Blogaway
Comments
Post a Comment