လန့်​နိုးချန်​မှာ​သေလို့

အနက်​နဲဆုံးအချစ်​​တွေကို
ကြိုးကျစ်​လစ်​ရင်​ဘဝမှာ
ဘဝမှာတစ်​ကြိမ်​တစ်​ခါ​သောက်​ခွင့်​ရဖို့
မျိုသိပ်​ခြင်း​တွေဆွံ့အ
ဂစ်​တာကြိုးတစ်​​ချောင်းပြတ်​​နေတယ်
အခန်​မသင့်​လက်​လှမ်းမမှီ
ဘဝမှာ​တေးသီနိုင်​ဖို့
အချစ်​ဝင်္ကပါမှာ
ဖရိုဖရဲ စိတ်​​တွေအသားကျ
သန်း​ခေါင်​ထက်​နက်​​သောညများအလား
ဘယ်​ဘက်​ခန်းထဲပန်းသီးအဖြူ​ရောင်​တစ်​လုံး
အချစ်​နဲ့ဘဝကိုတည်​​ဆောက်​ရန်
လောင်း​ကြေးတင်​​ကြွေအပစ်
ကြွေတစ်​လှည့်​ကြက်​တစ်​ခုန်
ဒီတစ်​ခုန်​မှာအတက်​ဆူးတာပဲ
ရင်​   ကွဲ    လို့.     နာ
မရဲတရဲ ရင်​ကွဲ ​တေး​လေးဆိုညည်း
အညတရ​ကောင်​စိတ်​အဟာရပြည်​ဖို့
သူခိုးဓားရိုးကမ်းကိုယ်​နှလုံး​သွေး
ကိုပြန်​အျသာက်
အဆိပ်​တစ်​စက်​​ရော​နေတာမသိလိုက်​ဘူး
တကယ်​​တော့
ကြွေကျသွားတဲ့ အသနှလုံးထက်
မ​ဝေခင်​​ရိတ်​သွမ်းခံလိုက်​ရတဲ့
ဖြစ်​စဉ်​ ဖြစ်​အင်​တစ်​ခုက
ပို​ကြေကွဲလွမ်း​မောစရာ
လန့်​နိုးချိနမှာ​သေဆုံးတာ။

           လင်းဆက်​ပိုင်

့


Posted via Blogaway

Comments