ငါ့နှလုံးသားကို
ဓားနဲ့ထောက်တာကဗျာ
ဒီကဗျာစိတ္တဇလို
ညအမှောင်ကိုကြောက်နေခဲ့
စိတ်သွားတိုင်းကိုယ်မပါ
အိုကဗျာရေ
ကဗျာပါးခဏခဏဝလို့
သက်သေရှာစရာမလို
အလွယ်တကူသိတယ်
ကာရံအသေတွေနဲ့(ပါကိုမပါတာ)
ဒါက ကဗျာလား?
အရေအပြားအသွေးအသား
နှလုံးသားထဲကထွက်ကျလာတာ
ကဗျာကောင်ရဲ့ကကွက်တွေနဲ့
စကားလုံးတွေ နု ပြို လဲ ကျ
အသံထက်မြန်တဲ့စိတ်ကူးနဲ့
ကဗျာတွေခုန်ထွက်
စကားလုံးတွေဆေးမဆိုးထားဘူး
အေး.....
ဘေးလည်းမထိုးထားနိုင်ဘူး
ယုံပါ
ကာရံမပါ
နရီမကိုက်
စည်းဝါးမရိုက်
နှလုံးသားထဲကသန့်သန့်ျလး
ခုန်ထွက်ကြည့်တာ
ငါဟာကဗျာပါ။
Posted via Blogaway
Comments
Post a Comment