ငါတို့တောအုပ်ကိုနေပြောက်ခပ်ပါးပါး
ရောက်ရှိလာကာစအာရုံအလင်းလား
လောကတစ်ခွင်ကို
သူစိမ်းတစ်ယောက်လို
ဖော်ရွေ ပျူပျူငှာငှာ
နှုတ်ဆက်ကြည့်ပါ
ပဲ့တင်သံတိုးတိုးလေး
သြော် ငါ့အသံလား
လယ် ချောင်း တွေ
ွ အသံမှမထွက်တော့တာ
လယ်ထွန်စက်ကြီးလဲအိပ်ပျော်
ဟေ့ကောက်ကြီး
ထတော့လေကွာ
မုသားဝါဒီနဲ့အသက်ရှင်ခဲ
ဘာမှမလုပ်တက်ပေမယ့်
အဆင်ပြေစေဖို့
အဘမှန်သမျှဦးခိုက်
နတ်ကိုဦးခိုက်သလိုပူဇော်
အရောင်းအဝယ်နည်းနည်းတက်တယ်
သစ်ရောင်းဂက်စ်ရောင်းလက်နက်ရောင်း
ငါတို့ခေတ်မှာကမ္ဘာကိုအလင်းရောင်တွေရောင်း
ငါတိုကအမှောင်မှာနေတဲ့အမှောင်လူသား
ငါ့သမာဓိကိုဖွဲ့နွှဲ့မာနတ်လိုလူသား
သံယံဇာတဇယ်တောက်ကစားတာ
ငါဝိညာဉ်ဖြူစင်မြင်မြတ်
အလင်မှုန်မှုန်တွေကြားကိုဒီဂျေတေးသွားနဲ့
ဟော်တယ်မှန်သမျှငါ့အိပ်ယာ
မိစ္ဆာဒိဌိလှိုင်းဖြူဖြူပေါ်
ရာစုတစ်ခုစာအနုမြူဗုံးဖောက်ခွဲ
အဘချစ်တာခရိုနီတွေပဲလားဗျာ။
လင်းဆက်ပိုင်
Posted via Blogaway
Comments
Post a Comment