တံဆိမ်

အဆင်​မ​ပြေတဲ့တံဆိပ်​တစ်​ခု
ကျွန်​​တော်​​ရွေးခဲတယ်
လိုအင်​ဆန္ဒ​တွေ​ပြေးလွှား
စက်​သတ်​လို့မရတဲ့စိတ်​လဲ့
LOVE တံဆိပ်​​ပေါ့
တိုးတက်​လာတဲ့​ခေတ်​​နေ့စားအလုပ်​သမား
အသက်​ဝင်​​နေတဲ့တံဆိပ်​တစ်​ခု
ရောင်းလိုအားများပြီးဝယ်​လိုအား
ခပ်​ပါးပါး
ဒီတံဆိပ်​ ပုံနှိပ်​ မီဒီယာ သတင်းစာ
ဂျာနယ်​ မဂ္ဂဇင်း  မှာ​ကြော်​ငြာစရာမလို
ကမ္ဘာ ​ကျော်တံဆိပ်​တစ်​ခု
ကိုင်​တွယ်​ကြည့်​ရှူ့သတိပြုရမှာ
အသာနု အ​သွေးလှ
ရေ​လျှော်​ခံနိုင်​မလား
ပွဲလမ်းသဘင်​မှာဝတ်​ဆင်
ပွဲတက်​ဝတ်​စုံတစ်​ခုလား
လူဂုဏ်​​တွေအတွက်​​တော့
ဟုတ်​မှာပါကွာ
ဘဝကိုစိတ်​​ဖြေ ချိုမြိန်​​စေဖို့
အနမ်းအပွင့်​အခတ်​​တွေနဲ့
ကြာလာ​တော့လဲ
အ​ရောင်​မှိန်​လာတာပဲကွာ။

         လင်းဆက်​ပိုင်


Posted via Blogaway

Comments