ပြေပြေပြစ်ပြစ်ပါပဲ
မျက်ဝန်းမှာငွေ့ရည်ဖွဲ့
သဲသဲမဲမဲ ရွာချ။
သူ့စကားလုံးများကောက်ညှင်းထုပ်လို
အျစးမကပ်တော့တာ
လက်ပေါက်မကပ်သောအမုန်းများ
အလင်္ကာချော်နေသောအက္ခရာသစ်
ငါ့နှလုံးအိမ်မှာထုဆစ်။
အစစ်အမှန်ခံစာချက်စစ်စစ်များ
မြင်နိုင်စွမ်းက အမှောင်ထဲမှာ
ချန်ရစ် ကျန်ရစ် ခဲ့ရ။
အလှတရားဟာကြည့်သူမျက်ဝန်မှာ
ရှိတယ်ဆိုရင်
မျက်ကန်းနေသောအကြည့်များနဲ့
အချစ်သူ့မျက်ဝန်းမှတိမ်ဖုံး
ခေတ္တလမ်းပိတ်ထားပါသည်ဆိုတော့။
မျက်ဝန်းဖွဲ့ကဗျာတွေသေဆုံး
စကားလုံးများအလွဲလွဲအမှားမှား
ပြင်ပြင်ထန်ထန်စကားလုံးများ
ရူးသွပ်နေသောပိုလွယိုလို
သွပ်ချာပါဒ ထပ်စွဲနေသော
စကားလုံးအထစ်အထစ်တွေနဲ့
ချောချောမောမောနှုတ်ဆက်လိုက်တယ်
လောကဓံခရီးချီတက်ရင်းပေါ့။
လင်းဆက်ပိုင်
Posted via Blogaway
Comments
Post a Comment