အချစ်က. ကမ်းခြေကဝင်ကစွပ်ကောင်
ဟိမဝန္တာ မှ မြက်မွှေးလိမ်
လက်လုပ်တီးသံ ရယ်မောသံ
သြဘာလမ်းလား?
ငါ့ရဲ့နွေဦး ရနံကောက်သူမဲ့
ဥသြမှန်သမျှ မိဘမဲ့သလို
ရင်ကွဲသီး
ရင်ကွဲ ဒဏ်ရာသီတွေ သစ်နေဆဲ
စကားလုံးသစ်ပင် ရေသောက်မြစ
်ဖြတ်တောက်ခံရ
အဝါရောင်ဆွံ့အ
အခု ငါက
အဖြူနဲ့အမည်း(မဲ)ပဲသိတော့တဲ့
ကာလာဗလိုင်ကောင်လို
ကောင်းကင်မီးခိုးရာင်
အသက်ရှူကြပ်လိုက်တာ
ပစ္စုပ္ပန်မီးလောင် အနာဂတ်ပျောက်
အသကုန်အော်တဲ့မြစ်
အချစ်နဲ့ဘဝဓာတ်ပြု
အမောမပြေတဲ့PH\10
အာခေါင်ခြစ်ပေါက်ကွဲ(ခွဲ)ခဲ့တာ
ငဆက်ပိုင်ပါကွာ
ခက်နေတာကပတ်ဝန်းကျင်
အကြည့်တဖွဲဖွဲများ
ငဆက်ပိုင်က အကန်းကောင်တဲ့
ရင်နှီးနွေးထွေးစွာအုပ်မိုးပေး
ခရုကောင် ကမာကောင်လို့
ကမ်းခြေမှာပျော်ခဲ့မိတာ ငါ့အမှားပါ။
လင်းဆက်ပိုင်
Posted via Blogaway
Comments
Post a Comment