အသက်ရှူခြင်းမှာအသက်မဲ့တဲ့နောက်
နိဂုံးပြီးရင်နိဒါန်းနဲ့ပြန်စမယ်
ဘယ်လိုပဲလဲကျလဲကျအိပ်မက်တွေုပါမကျခဲ့ဘူး
ငါကပစ်တိုင်းထောင်နေတဲ့
မပစ်ပဲလည်းထောင်နေတဲ့ကောင်လေ
ယုံကြည်ချက်ခြေလှမ်းတွေနဲ့မို့
ဒီခရီးဘယ်လောက်ကြမ်းမှာလဲ
စိတ်ဓာတ်တွေမကြေနွမ်း
အားနဲ့မာန်နဲ့ခြေလှမ်းတွေသွက်နေတုန်း
ဆူးခမ်းလမ်းမှာရူးနှမ်းနှမ်း
ကဗျာတွေနဲ့ကခုန်ရတာပျော်နေတာ
ပြဌာန်ချက်မရှိကမ္ဘာမှာ
ကဗျာဆိုတာစိတ်ပုံရိပ်ထဲကခေတ်ပုံရိပ်
အတိတ်ပုံရိပ်တွေနဲ့တစ်ခါတစ်ခါကခုန်
စကားလုံးတွေဘောင်ကွပ်မုန်ဘောင်သွင်း
စလေဦးပုညကိုလွမ်းနေတုန်းလား
ဦးကြင်ဦးကိုလွမ်းနေတုန်း
ဗြန်းခနဲ့ရင်ဘတ်တွေဆွဲအလှုပ်
၂၁ရာစုမှာကဗျာတွေဆွံ့အနေတုန်း
မီဒီယာလည်း
အနေ
နနေ
(အနိုင်ကျင့်ခံရတုန်း)
ဘဝတွေလည်မီးတောက်တွေနဲ့ကတုန်း
ဘာမှမဖြစ်သလိုမျိုးငရဲမီးတောက်ကောင်တွေက
စိမ်း စို လန်းဆန်းနေတုန်းလေ
လင်းဆက်ပိုင်
Posted via Blogaway
Comments
Post a Comment